တိုင်းဒေသကြီးဝန်ကြီးချုပ်(၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ်ပြုလုပ်သည့် လျှပ်စစ်မီးဖွင့်ပွဲ၊ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲများတက်ရောက်အားပေး

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယနေ့မွန်းလွဲပိုင်းတွင် အစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ (၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ်ပြုလုပ်သည့် လျှပ်စစ်မီးဖွင့်ပွဲ၊ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲများတက်ရောက်အားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် (၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ်ပြုလုပ်သည့် ရေကြည်မြို့နယ်၊ ကျွဲတလင်းကျေးရွာအုပ်စု၊ ရုံးတုံးအနောက်စုကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားသို့တက်ရောက်၍ တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကျေးရွာမီးလင်းရေး လျှပ်စစ်မီးအား မီးခလုတ်နှိပ်၍ ဆက်လက်ဖွင့်လှစ်ပေးကာ ဆိုင်းဘုတ်အား တာဝန်ရှိသူများနှင့်အတူ အမွှေးနံ့သာရည်များပက်ဖျန်းပေးခဲ့ပြီး ဧည့်သည်တော်များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူး၍ ကျေးရွာအတွင်း မီတာတပ်ဆင် ထားမှုများနှင့် လျှပ်စစ်မီးသုံးစွဲမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါကျေးရွာတွင် နေအိမ်၃၇လုံးအားလျှပ်စစ်မီးစတင်သုံးစွဲလျက်ရှိကြောင်းသိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ငါးသိုင်းချောင်းမြို့၊ မြို့သစ်ရပ်ကွက်၊ အနော်ရထာလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်အား တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ခေတ္တညွှန်ကြားရေးမှူးက လမ်းဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်အား ပေးအပ်ခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါ ကွန်ကရစ်လမ်းသည် ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်၊ ငါးသိုင်းချောင်းမြို့စည်ပင်သာယာရေးအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လမ်းဖြစ်ပြီး လမ်းအရှည် ၄၄၅ပေ၊ အကျယ်၁၀ပေနှင့် ထု ၈လက်မရှိကြောင်း သိရသည်။

အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကျုံပျော်မြို့၊ အောင်ဆန်းရပ်ကွက်၊ ဦးဖိုးခလမ်းအား တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ယင်းနောက် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ခေတ္တညွှန်ကြားရေးမှူးက လမ်းဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်အား ပေးအပ်ခဲ့ပြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါ ကွန်ကရစ်လမ်းသည် ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်၊ ကျုံပျော်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လမ်းဖြစ်ပြီး လမ်းအရှည် ၅၃၀ပေ၊ အကျယ်၁၄ပေနှင့် ထု ၈လက်မရှိကြောင်း သိရသည်။

07-Dec-2023