တိုင်းဒေသကြီး ဝန်ကြီးချုပ် ပုသိမ်ပညာရေးဒီဂရီကောလိပ်၌ပြုလုပ်သည့် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း PPTT(၁၀/၂၀၂၃)နှင့် လေးနှစ်သင်(ပထမနှစ်)သင်တန်း သား/သင်တန်းသူများအား သစ်လွင်ကြိုဆိုပွဲသို့တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ပညာရေးဒီဂရီကောလိပ်၊ ပညာရတနာခန်းမ၌ လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း PPTT(၁၀/၂၀၂၃)နှင့် လေးနှစ်သင် (ပထမနှစ်) ကျောင်းသား၊ ကျောင်းသူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းကပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပညာရေးကောလိပ်မှ ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားအား သင်တန်းသား၊ သင်တန်းသူများက“ကြိုဆိုလက်ကမ်း ကံ့ကော်တန်း” သီချင်းဖြင့်ဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီး အတွင်းရှိ ပညာရေးဒီဂရီကောလိပ် (၃)ခုတွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲများကို ပြုလုပ်လျက် ရှိပါကြောင်း၊ တိုင်းဒေသကြီး၏ ပညာရေးကဏ္ဍမြင့်မားအောင်ဆောင်ရွက်ပေးမည့် ဆရာ၊ ဆရာများအား ပညာရေးဒီဂရီကောလိပ်ကျောင်းတော်ကြီးမှ ပညာသင် ကြားဆည်းပူးမှုများ ပြုလုပ်၍ လုပ်ငန်းခွင်သို့ဝင်ရောက်ကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် လူငယ်များ၏ အခန်းကဏ္ဍကို ပိုမိုမြှင့်တင်ပေးလျက်ရှိရာ ဗလငါးတန်နှင့်ပြည့်စုံသည့် နိုင်ငံ့သေားကောင်းများ ဖြစ်အောင် ဆရာ၊ ဆရာများမှ ပြုစုပျိုးထောင်ပေးရမှာဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများသည် တပည့်များ၏ လက်ဦးဆရာများဖြစ်သဖြင့် စံနမူနာပြ ဖြစ်ရန်လိုအပ်ကြောင်း၊  မိမိတို့သင်တန်း များပြီးဆုံး၍ တာဝန်ကျရာဒေသများသို့ သွားရောက်တာဝန်ထမ်းဆောင်သည့်အခါတွင်လည်း ဒေသ၌ရှိသည့် ပညာရေးကိုလိုလားသည့် ကျောင်းသားမိဘများ၊ ရပ်မိ၊ ရပ်ဖများ၊ ကျောင်းသား၊ ကျောင်းသူများက ကြိုဆိုနေကြမှာဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများသည် ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ရည်ကိုယ်သွေးနှင့် စွမ်းရည်သတ္တိပြည့်ဝအောင် သင်ကြားပေးရမှာဖြစ် ပါကြောင်း၊ ဆရာ၊ ဆရာမများသည် ခေတ်နှင့်အညီပြောင်းလဲလာသော ပညာရေးစနစ်ကို အစဉ် လေ့လာသင်ယူပြီး အမြဲကြိုးစားနေရမည့် ထာဝရကျောင်းသားကြီးများဖြစ်ပါကြောင်း၊ စနစ်သစ် Grade-12 တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်မြင့်မားရေးအတွက် ဘာသာရပ်ဆိုင်ရာ သိကောင်းစရာ ဆွေးနွေးဟောပြောပွဲများအား တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခ ဌာနမှူးနှင့် အခြေခံပညာ အထက်တန်းကျောင်းများမှ ဆရာ၊ ဆရာမများပူးပေါင်း၍ ပုသိမ် တက္ကသိုလ်၊ ဟင်္သာတ တက္ကသိုလ်နှင့် မအူပင်တက္ကသိုလ်တို့တွင် ဇုန်ကြီး(၃)ဇုန်ခွဲ၍ ပြုလုပ်ခဲ့ ပါကြောင်း၊  တိုင်းဒေသကြီးတွင် အခြေခံပညာကျောင်း၊ ကိုယ်ပိုင်ကျောင်း၊ ဘုန်းတော်ကြီးသင် ကျောင်းများအပါအဝင် ကျောင်းပေါင်း (၇၂၀၀)ကျော် ဖွင့်လှစ်ထားရှိပြီး ကျောင်းတက်ရောက်မှု (၁၁)သိန်းနှစ်သောင်းကျော်နှင့် ဆရာဆရာမအင်အားပေါင်း (၅)သောင်းကျော်ရှိပါကြောင်း၊ တိုင်းဒေသကြီးသည် ကျောင်းတက်ရောက်မှု၊ ကျောင်းဖွင့်လှစ်မှု၊ အတန်းစဉ်ကူးပြောင်းမှုနှင့် အောင်ချက်မြင့်မားသော တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် ရေခံမြေခံ ကောင်းမွန်ပြီး ပညာရေးကဏ္ဍတိုးတက်မြင့်မားကာ လူ့စွမ်းအားအရင်းအမြစ်များစွာ မွေးထုတ်ရာ တိုင်းဒေသကြီးလည်းဖြစ်ပါကြောင်း၊ နိုင်ငံတော်မှ စာမတတ်သူများပပျောက်ရေး "ဝထကလသ" စီမံချက်ချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအတွင်းရှိ ဆရာ၊ ဆရာမများမှ ဝိုင်းဝန်းဆောင်ရွက်ပေးကြရမှာကြောင်း၊  ပညာရေးကဏ္ဍအတွက် အားထားရသည့် ဆရာ၊ ဆရာမများဖြစ်လာမည့် သင်တန်းသား၊ သင်တန်းသူများအတွက် များစွာဂုဏ်ယူ ပါကြောင်းနှင့် နိုင်ငံတော်အတွက် အားထားရသည့် လူတော်လူကောင်းများ မွေးထုတ်ပေး နိုင်သည့် ဆရာ၊ ဆရာမများဖြစ်ကြပါစေကြောင်း" ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများအတွက် ထောက်ပံ့ငွေများကိုပေးအပ်ရာ ပုသိမ်ပညာရေးဒီဂရီ ကောလိပ်မှ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့သည်။

ဆက်လက်၍ ပုသိမ်ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးက သင်တန်းများဖွင့်လှစ် ရခြင်းအကြောင်းများအား ရှင်းလင်းတင်ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များသည် ကျောင်းသား၊ ကျောင်းသူများ၏ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ပုသိမ်ပညာရေးဒီဂရီကောလိပ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ လုပ်ငန်းခွင်အကြို မူလတန်း ဆရာအတတ်ပညာသင်တန်း PPTT (၁၀/၂၀၂၃) သင်တန်းသား၊ သင်တန်းသူပေါင်း (၂၇၃)ဦးနှင့်၊ (၄)နှစ်သင်(ပထမနှစ်) သင်တန်းသား၊ သင်တန်းသူပေါင်း (၁၂၆)ဦး စုစုပေါင်း (၃၉၉)ဦးအား သစ်လွင်ကြိုဆိုခဲ့ကြောင်း သိရှိရပါသည်။

30-Nov-2023