၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာကျောင်းသားအားကစားပွဲတော်ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာကျောင်းသား အားကစားပွဲတော်ပြိုင်ပွဲအား ယခုလ(၂၀)ရက်နေ့မှစတင်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပလျှက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့ပေါ် အခြေခံပညာကျောင်းများရှိ အားကစားခန်းမများတွင် ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်နေမှုများကို လှည့်လည် ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားပြိုင်ပွဲရုံ(၂)၌ အမျိုးသား၊ အမျိုးသမီးကြက်တောင်ပြိုင်ပွဲ ဗိုလ်လုပွဲအား ခရိုင်အုပ်စု (၁)နှင့် ခရိုင်အုပ်စု(၃)တို့၏ ယှဉ်ပြိုင်ကစားနေမှုအားလည်းကောင်း၊ အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်း၊ ပမ္မဝတီခန်းမ၌ အမျိုးသမီးတစ်ဦးချင်း စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲအား ခရိုင်အုပ်စု(၆)နှင့် ခရိုင်အုပ်စု(၃)တို့၏ ယှဉ်ပြိုင်ကစားနေမှုနှင့် အမျိုးသား တစ်ဦးချင်းစားပွဲတင်တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ခရိုင်အုပ်စု(၆) နှင့် ခရိုင်အုပ်စု(၄)တို့၏ ယှဉ်ပြိုင်ကစားနေမှုအားလည်းကောင်း ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ ၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာ ကျောင်းသားအားကစားပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ခရိုင်အုပ်စု(၁)နှင့် ခရိုင်အုပ်စု(၃)တို့ အကြိတ် အနယ်ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါဗိုလ်လုပွဲတွင် အမျိုးသမီး ဘော်လီဘောအသင်း ခရိုင်အုပ်စု(၃)က ခရိုင်အုပ်စု(၁)ကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ခရိုင်အုပ်စု(၁)က ခရိုင်အုပ်စု(၃)ကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ကြသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကိုပြုလုပ်ရာ အမျိုးသမီးဘတ်စကတ်ဘောပြိုင်ပွဲတွင် ပထမဆုရရှိသည့် ခရိုင်အုပ်စု(၄)နှင့် ဒုတိယဆုရရှိသည့် ခရိုင်အုပ်စု(၅)အား အားကစားနှင့်ကာယပညာဦးစီးဌာန၊ တိုင်းဦးမှူးကလည်းကောင်း၊ အမျိုးသားဘတ်စကတ်ဘော ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ခရိုင်အုပ်စု(၅)နှင့် ဒုတိယဆုရရှိသည့် ခရိုင်အုပ်စု(၁)အား တိုင်းဒေသကြီးပညာရေးမှူးကလည်းကောင်း၊ အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆု ရရှိသည့် ခရိုင်အုပ်စု(၅)နှင့် ဒုတိယဆုရရှိသည့် ခရိုင်အုပ်စု(၆)အား တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူးကလည်းကောင်း၊ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် ခရိုင် အုပ်စု(၁)နှင့် ဒုတိယဆုရရှိသည့် ခရိုင်အုပ်စု(၃)အား တိုင်းရင်းသားရေးရာဝန်ကြီး၏ ဇနီးကလည်းကောင်း၊ အမျိုးသမီးတစ်ဦးချင်းစားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် ပထမဆုနှင့် ဒုတိယဆုရရှိသူများအား တိုင်းရင်းသားရေးရာ ဝန်ကြီးကလည်းကောင်း၊ အမျိုးသားတစ်ဦးချင်း စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် ပထမဆုနှင့် ဒုတိယဆုရရှိသူများအား လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးကလည်းကောင်း၊ အမျိုးသမီးအသင်းလိုက် စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် ပထမဆု ရရှိသည့် ခရိုင်အုပ်စု(၆)နှင့် ဒုတိယဆုရရှိသည့် ခရိုင်အုပ်စု(၃)အား လူမှုရေးရာဝန်ကြီး ကလည်းကောင်း၊ အမျိုးသားအသင်းလိုက် စားပွဲတင် တင်းနစ်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ခရိုင်အုပ်စု(၃)နှင့် ဒုတိယဆုရရှိသည့် ခရိုင်အုပ်စု(၆)အား သယံဇာတရေးရာဝန်ကြီး၏ ဇနီးကလည်းကောင်း၊ အမျိုးသမီးတစ်ဦးချင်း ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ပထမနှင့် ဒုတိယဆုရရှိသူများကို သယံဇာတရေးရာဝန်ကြီးကလည်းကောင်း၊ အမျိုးသားတစ်ဦးချင်း ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ပထမနှင့် ဒုတိယဆုရရှိသူများကို တိုင်းဒေသကြီး ဥပဒေချုပ်က လည်းကောင်း၊ အမျိုးသမီးအသင်းလိုက် ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ခရိုင်အုပ်စု(၁)နှင့် ဒုတိယဆုရရှိသည့် ခရိုင်အုပ်စု (၃)အား စီးပွားရေးရာဝန်ကြီးကလည်းကောင်း၊ အမျိုးသားအသင်းလိုက် ကြက်တောင်ရိုက် ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ခရိုင်အုပ်စု(၃)နှင့် ဒုတိယဆုရရှိသည့် ခရိုင်အုပ်စု(၁)အား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၏ဇနီးက လည်းကောင်း၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ခရိုင်အုပ်စု(၁)နှင့် အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ခရိုင်အုပ်စု(၃)အား လူမှုရေးရာဝန်ကြီး ကလည်းကောင်း၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရရှိသည့် ခရိုင်အုပ်စု(၃)အား တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း၊ အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရရှိသည့် ခရိုင်အုပ်စု(၁)အား တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း တစ်ဦးချင်း ဆုတံဆိပ်နှင့် ဂုဏ်ပြုလက်မှတ်များကို အသီးသီးချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲဝင်ကစားသမားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပါသည်။

23-Nov-2023