တိုင်းဒေသကြီး ဝန်ကြီးချုပ် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)မှ ကြံခင်းမြို့နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများနှင့် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးနေမှုများအားကြည့်ရှူ

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)မှ တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနက နယ်လှည့် အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သောအဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအားကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို သွားရောက်ကြည့်ရှု အားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ် (ရွှေပုဇွန်)သို့ သွားရောက်၍ မျက်စိခွဲစိပ်လူနာများအား ကြည့်ရှု၍ အားပေးစကားပြောကြားခဲ့သည်။ ထို့နောက် ဆိပ်သာတိုက်နယ်ဆေးရုံသို့ သွားရောက်၍ တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)မှ ဆေးကုသမှု ပါရဂူ၊ ခွဲစိတ်ပါရဂူ၊ သားဖွားမီးယပ် ပါရဂူ၊ ကလေးကုသမှု ပါရဂူ၊ ဓါတ်မှန် ပါရဂူ၊ ရောဂါဗေဒ ပါရဂူ၊ မေ့ဆေး ပါရဂူ၊ အရိုးရောဂါခွဲစိတ် ပါရဂူ၊ နား၊ နှာခေါင်း၊ လည်ချောင်းခွဲစိတ် ပါရဂူ၊ မျက်စိရောဂါခွဲစိတ် ပါရဂူ၊ သွားရောဂါ ပါရဂူ၊ ပြည်သူ့ကျန်းမာရေး ပါရဂူတို့မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ကာ တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)အတွက်ဆေးဝါးများနှင့်ထောက်ပံ့ငွေများအားလည်းကောင်း လာရောက်ကုသသည့်လူနာများအား စားေသာက်ဖွယ်ရာများ အား လည်းေကာင်း ေထာက်ပံ့ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကြံခင်းမြို့နယ်၊ ဆုံလဲကုန်းကျေးရွာအုပ်စုရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်၍ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကြံခင်းမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စာရင်းရေးသွင်းရာတွင် အချက်အလက်များမှားယွင်းမှုမရှိစေရေး၊ ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြား များအားပြည်သူများထံအမြန်ဆုံးရရှိစေရေး ဆောင်ရွက်ရန် မှာကြားခဲ့ပြီး ပြည်သူများထံသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးနှင့် လူမှုရေးရာဝန်ကြီးတို့က ပြုလုပ်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်ရှိ နတ်ပီတိကျေးရွာ အုပ်စု၊ စိုက်ပျိုးရေးဦးစီးဌာနမှဆည်မြောင်း တာဘောင်၌ စိုက်ပျိုးထားသည့် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) မျိုးစေ့ထုတ် စိုက်ခင်းအား ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မြန်အောင်မြို့အမှတ်(၁)ရပ်ကွက်ရှိ Top-5နို့စားနွားမွေးမြူရေးခြံသို့ သွားရောက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ စီးပွားဖြစ်တိရစ္ဆာန်မွေးမြူမှု စာရင်းကောက်ယူနေမှု၊ နို့စားနွားမွေးမြူထားရှိမှုနှင့် နွားနို့ထုတ်လုပ်မှုများကို ကြည့်ရှုအားပေးကာ အောင်မြင်အောင်ဆောင်ရွက်ရန်မှာကြားခဲ့ပြီး တိရစ္ဆာန်ဆေးဝါးများ ထောက်ပံ့ပေးအပ်ခဲ့သည်။

18-Nov-2023