တိုင်းဒေသကြီး ဝန်ကြီးချုပ် တေရသမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

တေရသမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။

ဦးစွာ စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပရေးနာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ယခင်နှစ်ကကျင်းပခဲ့သည့်  စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ၏ အားသာချက်များကိုနမူနာယူ၍ အားနည်းချက်များကိုလည်း ပြုပြင်ဆောင်ရွက်သွားရန်လိုပါကြောင်း၊ ပဒေသာပင်လှည့်ရာလမ်းကြောင်းတစ်လျောက်အန္တရာယ်ကင်းစွာလှည့်လည်နိုင်​​ရေး ပြင်ဆင်ထားရန်လိုကြောင်း၊ ပ​ဒေသာပင်များပြင်ဆင်​ဆောင်ရွက်ရာတွင်လည်း စနစ်တကျပြင်ဆင်​​​ဆောင်ရွက်ကြရန်လို​ကြောင်း၊ ပဒေသာပင်များပို့ဆောင်ထားရှိမည့် သာသနာ့ဗိမာန်တော်ကြီး၏ အတွင်း၊ အပြင်သန့်ရှင်းရေး၊ မွမ်းမံပြင်ဆင်ရေးများကိုလည်း ဆောင်ရွက်သွားရန်လိုပါကြောင်း၊ အခမ်းအနားကျင်းပမှုမှတ်တမ်းများကိုလည်း စနစ်တကျ ထားရှိရန်လို​ကြောင်း၊ ကျန်းမာ​ရေး​စောင့်​ရှောက်မှုများ​ပေးနိုင်ရန်အတွက်လည်း ယာယီ​ဆေးခန်း ဖွင့်လှစ်​ဆောင်ရွက်ရန်လို​ကြောင်း၊ ကျွေး​မွေးလှူဒါန်းမည့် စား​သောက်ဖွယ်ရာများ  ချက်ပြုတ်ရာနှင့် ဧည့်ခံ​ကျွေး​မွေးရာတွင် သန့်ရှင်းလတ်ဆတ်မှုရှိ​စေ​ရေးနှင့် ကျန်းမာ​ရေးနှင့်ညီညွတ်​သော အစားအသောက်များ ဖြစ်စေရေးကိုလည်း ဂရုပြုဆောင်ရွက်သွားကြရန်နှင့် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကော်မတီများကလည်း အဖက်ဖက်မှ ဝိုင်းဝန်းဆောင်ရွက်သွားကြရန်လိုကြောင်း” အမှာစကားများပြောကြားသည်။

ဆက်လက်၍ စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူး၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးက ကော်မတီများဖွဲ့စည်းထားရှိမှုများအားရှင်းလင်းတင်ပြခဲ့ပြီးနောက် သက်ဆိုင်ရာကော်မတီများအလိုက် တာဝန်ရှိသူများက ဆောင်ရွက်သွားမည့်လုပ်ငန်းများနှင့် အစည်းအဝေးသို့တက်ရောက်လာသူများ၏ အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပရေးနာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကိုဖြည့်စွက်ဆွေးနွေးခဲ့ပြီး ကော်မတီများ၏တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

09-Nov-2023