အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်မှတ်ပုံတင်ခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ ပုသိမ်မြို့တွင်ကျင်းပ
အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်မှတ်ပုံတင်ခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြန်မာနိုင်ငံဆရာဝန်အသင်းခန်းမ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းရှင်များတက်ရောက်ခဲ့ကြသည်။
ဦးစွာတိုင်းဒေသကြီး ဝန်ကြီးချုပ်က“ တိုင်းဒေသကြီးမှ ထွက်ရှိသည့်ကုန်ကြမ်းများအား အခြေခံ၍ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးသည် စိုက်ပျိုးမွေးမြူရေးကို အဓိကထား ဆောင်ရွက်သည့်တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ ဧရာဝတီပေါ်ဆန်းစပါးနှင့် ပတ်သက်၍ မူပိုင်ခွင့်များရရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဓာတုကင်းလွတ်ပေါ်ဆန်းများလည်း စိုက်ပျိုးဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ပီလောပီနံစိုက်ခင်းများ စိုက်ပျိုး၍ ကုန်ကြမ်းများထုတ်လုပ်ခြင်း၊ စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ပသွင်းကုန်များအစားထိုးနိုင်ရေးနှင့် ပြည်ပသို့ပို့ကုန်များတိုးမြှင့်နိုင်ရေး ကြိုးစားဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ပဲမျိုးစုံ ဧက(၁၆)သိန်းကျော်စိုက်ပျိုးလျက်ရှိပြီး ၂၀၂၅ခုနှစ်တွင် တိုင်းဒေသကြီးအတွင်း ဆီဖူလုံရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ မိုးစပါး၊ နွေစပါး ဧက(၅၂)သိန်းကျော်စိုက်ပျိုးပြီး စပါးတင်းသိန်းပေါင်းလေးထောင်ကျော် ထွက်ရှိသည့်တိုင်းဒေသကြီးလည်း ဖြစ်ပါကြောင်း၊ ပုသိမ်ထီးလုပ်ငန်းများလည်းရှိပြီး ပြည်တွင်းပြည်ပဈေးကွက်များအထိ တင်ပို့ဆောင်ရွက်နိုင်ရေး ဆောက်ရွက်လျက်ရှိပါကြောင်း၊ ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် စိုက်ပျိုးရေးထွက်ကုန်များအား ပြည်ပကိုတင်ပို့ရောင်းချရာတွင် အရည်အသွေး၊ အရေအတွက်ပိုင်းများတွင် လိုအပ်နေသေးပြီး ပြည်ပဝယ်လက်နိုင်ငံများမှ လိုအပ်သည့် အရည်အသွေးမျိုးထုတ်လုပ်တင်ပို့နိုင်ဖို့လိုပါကြေင်း၊ သို့မှသာဈေးကောင်းရရှိပြီး ပြည်ပဝင်ငွေတိုးကာ ပြည်တွင်းစိုက်ပျိုးထုတ်လုပ်သူများ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးထွက်ကုန်များထဲမှ ပုံမှန်တင်ပို့နေသည့် အမယ်များအပြင် ပြည်ပတင်ပို့နိုင်မယ့် အလားအလာရှိသည့် အမယ်သစ်များကိုလည်း MSME လုပ်ငန်းများမှ တဆင့်ထုတ်လုပ်ပြီး ပြည်ပဈေးကွက်တွေနဲ့ ချိတ်ဆက်ကာတိုးချဲ့တင်ပို့နိုင်ဖို့လည်းလိုအပ်ပါကြောင်း၊ ထို့အတူ ထုတ်လုပ်မှုပိုင်းတွင်လည်း ပြည်တွင်းစားသုံးရန်အတွက်သာမက ပြည်ပတင်ပို့ရောင်းချနိုင်ဖို့အထိ ရည်ရွယ်ပြီး ထုတ်ကုန်ဒီဇိုင်း ၊ ထုတ်ပိုးမှုပုံစံ၊ နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ်များ၊ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်၊ ထုတ်ကုန်မူပိုင်ခွင့် စသည်များကို နိုင်ငံတကာအဆင့်မီ တိုးချဲ့ဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊ ပြည်ပကို တင်ပို့ရောင်းချရာတွင်လည်း ကုန်ကြမ်းအတိုင်း တင်ပို့ရောင်းချခြင်းထက် တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် အဆင့်မြှင့်ထုတ်လုပ်ပြီး တင်ပို့ရောင်းချနိုင်မည်ဆိုပါက အကျိုးအမြတ် ပိုမိုရရှိမှာဖြစ်ပါကြောင်း၊ ယနေ့ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲသည် တိုင်းဒေသကြီးအတွက် အကျိုးရှိသည့် အလုပ်ရုံဆွေးနွေးပွဲဖြစ်တစ်ခုဖြစ်ပြီး ဆွေးနွေးပွဲမှရရှိသည့် ရလဒ်များကိုလည်း ပညာရှင်များ၊ သုတေသနအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများ၏ ပူးပေါင်းဆောင်ရွက်မှုအားဖြင့် တိုင်းဒေသကြီးမှ တန်ဖိုးမြင့်ထုတ်ကုန်များထုတ်လုပ်နိုင်ရေး၊ ပြည်ပပို့ကုန်များတိုးမြှင့်တင်ပို့နိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း" အဖွင့်အမှာစကားများပြောကြားသည်။
ဆက်လက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်က အလုပ်ရုံဆွေးပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဧည့်သည်တော်များနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။