တိုင်းဒေသကြီးဝန်ကြီးချုပ် အခြေခံပညာ အထက်တန်းဆင့်သင် ဆရာ၊ ဆရာမများသင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေးအရည်အသွေးမြှင့် ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းနားသို့ တက်ရောက်

တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တာဝန်ရှိသူများသူများနှင့်တူ ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင်ပြုလုပ်သည့် အခြေခံပညာ အထက်တန်းဆင့်သင် ဆရာ၊ ဆရာမများသင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေးအရည်အသွေးမြှင့် ဆွေးနွေးပွဲဖွင့်ပွဲအခမ်းနားသို့ တက်ရောက်၍“ အခြေခံပညာ အထက်တန်းဆင့်သင် ဆရာ၊ ဆရာမများသင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေးအရည်အသွေးမြှင့် ဆွေးနွေးပွဲကိုနှစ်ရက်တာပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ ယခင်နှစ်တွင်လည်း ယခုကဲ့သို့ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒဘာသာရပ်များကို သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေးအတွက် တက္ကသိုလ်မှ ဆရာကြီး၊ ဆရာမကြီးများက လက်တွေ့ပြသကာ အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် မြင့်မားရေးအတွက် တိုင်းဒေသကြီးအတွင်း ဇုန်(၃)ဇုန်ခွဲ၍ တက္ကသိုလ်များမှ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ/ဆရာမများမှ ဘာသာရပ်အလိုက် အခြေခံပညာအထက်တန်းအဆင့် ဆရာ/ဆရာမများနှင့် ဆွေးနွေးပွဲများ ပြုလုပ်ပေးခဲ့ပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ပြင်ပဖြေကျောင်းသားကျောင်းသူများ အားလုံးဖြေဆိုအောင်မြင်စေရေးနှင့် အောင်ချက်မြင့်မားစေရေး ကြိုးစားဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ဗလငါးတန်နှင့်ပြည့်စုံသည့်လူငယ်လူရွယ်များအဖြစ် ပေါ်လာရေးအတွက် တစ်ဖက်မှလည်း ဝိုင်းဝန်းကြိုးပမ်းရန်လိုအပ်သကဲ့သို့ တစ်ဖက်မှလည်း ကလေးငယ်များ၏ ပညာရေး၊ အားကစားနှင့် အနုပညာပိုင်းဆိုင်ရာကိုလည်း မြှင့်တင်ပေးရမှာဖြစ်ပါကြောင်း၊  ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒဘာသာရပ်များနှင့်ပတ်သက်၍ တက္ကသိုလ်မှလာရောက်ပို့ချပေးသည့် ဆရာကြီး၊ ဆရာမကြီးများ၏ ပို့ချချက်များကို အာရုံစူးစိုက်မှတ်သားဆွေးနွေးပေးကြစေလိုကြောင်းနှင့် မိမိတို့တာဝန်ကျရာဒေသသို့ပြန်လည်ရောက်ရှိသည့် အခါတွင်လည်းကျောင်းသားကျောင်းသူများ ပိုမိုတတ်မြောက်အောင် ဆောင်ရွက်ပေးကြစေလိုကြောင်း”အမှာစကားများပြောကြားသည်။ 

ဆက်လက်၍ တိုင်းဒေသကြီးပညာရေးမှူးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ထောက်ပံ့ငွေများပေးအပ်ခဲ့ကာ ဆွေးနွေးပွဲသို့တက်ရောက်လာသည့် ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

04-Nov-2023