တိုင်းဒေသကြီး ဝန်ကြီးချုပ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင်ဖွင့်လှစ်သင်ကြားမည့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)၏ပညာရေးဘွဲ့ (၅)နှစ်သင်တန်း အမှတ်စဉ် (၁၁)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊စစ်ကိုင်း)တို့၏ ပထမနှစ် ဝိဇ္ဇာ ၊ သိပ္ပံ ၊ AGTI သင်တန်းများသို့တက်ရောက်မည့် ကျောင်းသား/ကျောင်းသူများအားတွေ့ဆုံအားပေး

၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင်ဖွင့်လှစ်သင်ကြားမည့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)၏ပညာရေးဘွဲ့ (၅)နှစ်သင်တန်း အမှတ်စဉ် (၁၁)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊စစ်ကိုင်း)တို့၏ ပထမနှစ် ဝိဇ္ဇာ ၊ သိပ္ပံ ၊ AGTI သင်တန်းများသို့တက်ရောက်မည့် ကျောင်းသား/ကျောင်းသူများအား တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကျောင်းသား/ကျောင်းသူများတက်ရောက်ခဲ့ကြသည်။

ဦးစွာ ကျောင်းသား၊ ကျောင်းသူများက တစ်ဦးချင်းမိတ်ဆက်တင်ပြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင်ဖွင့်လှစ်သင်ကြားမည့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)၏ပညာရေးဘွဲ့ (၅)နှစ်သင်တန်း အမှတ်စဉ် (၁၁)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊စစ်ကိုင်း)တို့၏ ပထမနှစ် ဝိဇ္ဇာ ၊ သိပ္ပံ ၊ AGTI သင်တန်းများသို့တက်ရောက်မည့် ကျောင်းသား/ကျောင်းသူ(၁၂)ဦး တက်ရောက်ရမည်ဖြစ်၍ ချီးမြှင့်နှုတ်ဆက်ထောက်ပံ့ပေးခြင်းဖြစ်ပါကြောင်း၊ သင်တန်းသားများတက်ရောက်ရန်အတွက် ရေးဖြေနှင့်လူတွေ့ဖြေဆိုကြပြီးမှ ရွေးချယ်ခံရသူများဖြစ်ကြပါကြောင်း၊ ကျောင်းတော်ကြီးမှသင်ကြားပို့ချပေးသည့် ဘာသာရပ်များကို နှံ့စပ်သိရှိနားလည်ပြီး ကျောင်းဆင်းပြီး၍ တာဝန်ကျရာဒေသများတွင် တာဝန်များထမ်းဆောင်ရမည်ဖြစ်ပါကြောင်း၊ မောင်တို့မယ်တို့သည် သင်တန်းတက်ရောက်သည့်အခါ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ မိမိတို့၏ ညီအစ်ကိုမောင်နှမများနှင့် တွေ့ဆုံရမည်ဖြစ်ပါကြောင်း၊  ကျောင်းတော်ကြီးရောက်ရှိသည့်အခါ အစ်ကိုအစ်မများ၊ အခြားသောတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ မိမိတို့၏ ညီအစ်ကိုမောင်နှများအား မိမိတို့တိုင်းဒေသကြီး၏ ဒေသတိုင်ရာအချက်အလက်များကိုသိရှိမျှဝေနိုင်ရန် လေ့လာဆောင်ရွက်သွားကြရန်လိုပါကြောင်းနှင့် တိုင်းဒေသကြီး၏ဂုဏ်ဆောင်နိုင်ကြပါစေကြောင်း” ဩဝါဒအမှာစကားများ ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးသင်တန်းသားရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက သင်တန်းသားရွေးချယ်မှု လုပ်ငန်းစဉ်များအားရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းသား/ကျောင်းသူများအတွက် ထောက်ပံ့ငွေများကို ပေးအပ်ရာတာဝန်ရှိသူများနှင့် ကျောင်းသား/ ကျောင်းသူများက လက်ခံရယူခဲ့ကာ ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့သည်။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင်ဖွင့်လှစ်သင်ကြားမည့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)၏ပညာရေးဘွဲ့ (၅)နှစ်သင်တန်း အမှတ်စဉ် (၁၁)တွင် သင်တန်းသား(၈)ဦးနှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊စစ်ကိုင်း)တို့၏ ပထမနှစ် ဝိဇ္ဇာ ၊ သိပ္ပံ ၊ AGTI သင်တန်းတွင် သင်တန်းသား(၄)၊ စုစုပေါင်း(၁၂)ဦးတက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်မြို့အမှတ်(၃)အခြေခံပညာအထက်ကျောင်းသို့ သွားရောက်၍ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများမှစုပေါင်းသန့်ရှင်းဆောင်ရွက် နေမှုများကိုကြည့်ရှုစစ်ဆေးပြီး ရေ၊ မီးများပြည့်စုံကောင်းမွန်ရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးများကိုလမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် အခြေခံပညာအလယ်တန်းအဆင့်အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်နေသည့် ဆရာ၊ဆရာမများ၊ တက္ကသိုလ်ဝင်စာေမးပွဲပြင်ပေဖြဆိုမည့်ကျောင်းသား၊ ကျောင်းသူများအားတွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်မြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ အလက(၃)သို့သွားရောက်၍ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများမှစုပေါင်းသန့်ရှင်းဆောင်ရွက် နေမှုများကိုဆက်လက် ကြည့်ရှုစစ်ဆေးခဲ့သည်။ 

04-Nov-2023