တိုင်းဒေသကြီးဝန်ကြီးချုပ် (၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီးဗဟိုအဆင့်ပြိုင်ပွဲဝင် တိုင်းဒေသကြီးကိုယ်စားပြုအသင်းနှင့် ဆုရရှိသူများအားဂုဏ်ပြုချီးမြှင့်

(၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီးဗဟိုအဆင့်ပြိုင်ပွဲဝင် တိုင်းဒေသကြီးကိုယ်စားပြုအသင်းနှင့် ဆုရရှိသူများအားဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဇနီး၊ ပုသိမ်လေတပ် စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြုပြိုင်ပွဲဝင်များ တက်ရောက် ခဲ့ကြသည်။

ဦးစွာ (၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီးဗဟိုအဆင့်ပြိုင်ပွဲ တိုင်းဒေသကြီးကိုယ်စားပြုဆုရရှိသူများအားဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပရေး နာယက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က“ ယခုကဲ့သို့ (၂၄)ကြိမ်မြောက်   မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်) ပြိုင်ပွဲကြီးတွင် အောင်အောင်မြင်မြင် ပါဝင်ယှဥ်ပြိုင်နိုင်ခဲ့ပြီး ဆုတံဆိပ်များရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါကြောင်း၊ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်) ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက်  မြို့နယ်အဆင့်၊ ခရိုင်အဆင့်ပြိုင်ပွဲများပြုလုပ်၍ စိစစ်ရွေးချယ်ပြီး တိုင်းအဆင့်ပြိုင်ပွဲပြုလုပ်၍ အရည်အချင်းပြည့်ဝသည့် ပြိုင်ပွဲဝင်များအား စိစစ်ရွေးချယ်ခဲ့ပါကြောင်း၊ ယခင်နှစ်က အတွေ့အကြုံများကိုအခြေခံ၍ ယခုနှစ် တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲတွင် အဆို၊ အက၊ အရေး၊ အတီး အကဲဖြတ်ပညာရှင်များ၊ ခရိုင်အဆင့်အကဲဖြတ်ပညာရှင်များအား ဖိတ်ခေါ်၍ ပြိုင်ပွဲဝင်များအား အကဲဖြတ် ရွေးချယ်ကာ စခန်းသွင်းလေ့ကျင်မှုများ ပြုလုပ်ခဲ့သည့်အပြင် အရည်အချင်းဆန်းစစ်ခြင်း များကိုလည်း ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးဗဟိုအဆင့်ပြိုင်ပွဲတွင် တတိယနေရာတွင်ရရှိခဲ့ပြီး ယခုနှစ်တွင်လည်း တတိယနေရာကိုဆက်လက်ထိန်းသိမ်း နိုင်ခဲ့ပါကြောင်း၊ (၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်)ပြိုင်ပွဲ ကြီးတွင် အားသွန်ခွန်စိုက်ဖြင့် သွားရောက်ယှဉ်ပြိုင်ခဲ့ကြပြီး တတိယနေရာရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့သည့်  တိုင်းဒေသကြီးကိုယ်စားပြုအသင်းအား ကျေးဇူးတင်ရှိပါကြောင်း၊ (၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်နိုင်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည့် အသင်းတာဝန်ခံ၊ နည်းပြ၊ အုပ်ချုပ်သူ၊ ရုံးအဖွဲ့၊ ပြိုင်ပွဲဝင်များနှင့်ဆုရရှိခဲ့ကြသည့် ပြိုင်ပွဲဝင်များအတွက် အလွန်ဂုဏ်ယူဝမ်းမြောက် မိပါကြောင်းနှင့် နောင်နှစ်ပြိုင်ပွဲများတွင် ယခု(၂၄)ကြိမ်မြောက် ပြိုင်ပွဲတွင် ရရှိခဲ့သည့် အဆင့်ထက် ပိုမိုသာလွန်သည့် ဆုတံဆိပ်များရရှိနိုင်ရေး ကြိုးစားကြစေလိုကြောင်း  ” ဂုဏ်ပြုအမှာစကားများပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အကပြိုင်ပွဲ ကွက်စိပ်ဝါသနာရှင် (ဒုတိယတန်း)တွင် ပထမဆု(ရွှေတံဆိပ်ဆု)၊ ဇာတ်ညွှန်းဆု၊ ပံ့ပိုးဆိုင်းဆု၊ အရေးပြိုင်ပွဲ အဆင့်မြင့်ပညာ(အမျိုးသား) အဆင့်တွင်ပထမ(ရွှေတံဆိပ်)ဆု၊ အတီးပြိုင်ပွဲ မယ်ဒလင် အခြေခံပညာ (၁၅-၂၀)အဆင့်တွင် ပထမ(ရွှေတံဆိပ်) ဆုနှင့် ဂီတာပြိုင်ပွဲတွင် ဒုတိယ(ငွေတံဆိပ်)ဆု၊ အတီးပြိုင်ပွဲ ဂီတာဝါသနာရှင် (ဒုတိယတန်း) တွင်ပထမ (ရွှေတံဆိပ်)ဆု၊ အတီးပြိုင်ပွဲ ဒုံမင်းဝါသနာရှင် (ပထမတန်း) တွင်ပထမ(ရွှေတံဆိပ်)ဆု၊ အတီးပြိုင်ပွဲ ဒုံမင်းအခြေခံပညာ (၁၅-၂၀) အဆင့် တွင်ပထမ(ရွှေတံဆိပ်) ဆု၊ အတီးပြိုင်ပွဲ နှဲဝါသနာရှင် (ပထမတန်း) တွင် ပထမ(ရွှေတံဆိပ်)ဆု၊ အတီးပြိုင်ပွဲ ပုလွေဝါသနာရှင် (ပထမတန်း)တွင် ပထမ(ရွှေတံဆိပ် )ဆုရရှိသူများအားလည်းကောင်း၊ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ဇနီးက အခြေခံပညာ (၁၅-၂၀)အဆင့် အဆိုပြိုင်ပွဲ ခေတ်ဟောင်း/ကာလပေါ် (ပထမ) မဟာဂီတ(တတိယ)၊ အတီးပြိုင်ပွဲဂီတာ(ပထမ)၊ စောင်း(တတိယ) စုစုပေါင်း ရွှေတံဆိပ်(၂)ဆုနှင့် ကြေးတံဆိပ်(၂)ဆု၊အဆင့်မြင့်ပညာ အဆင့် အတီးပြိုင်ပွဲ ပုလွေတွင် ပထမ(ရွှေတံဆိပ်)ဆု၊ အခြေခံပညာ(၁၀-၁၅)အဆင့် အတီးပြိုင်ပွဲ ဆိုင်းတစ်ဦးချင်းတွင် ပထမ(ရွှေတံဆိပ်)ဆု၊ အခြေခံပညာ (၁၀-၁၅) အဆင့် အတီးပြိုင်ပွဲ စန္ဒယား တွင်ပထမဆု (ရွှေတံဆိပ်) ဆု၊ ဝါသနာရှင် (ဒုတိယတန်း) အတီးပြိုင်ပွဲဆိုင်းတစ်ဦးချင်းတွင်(ပထမ)ရွှေတံဆိပ်၊ ပတ္တလားပြိုင်ပွဲတွင် (တတိယ) စုစုပေါင်း ရွှေတံဆိပ်( ၁) ဆုနှင့် ကြေးတံဆိပ် ( ၁)ဆု၊ အခြေခံပညာ (၁၀-၁၅) အဆင့်အတီးပြိုင်ပွဲ ဆိုင်းအဖွဲ့လိုက်တွင် ပထမ (ရွှေတံဆိပ်)ဆု၊အခြေခံပညာ (၁၀-၁၅) အဆင့်အတီးပြိုင်ပွဲ ဂီတာတွင်ပထမ (ရွှေတံဆိပ်) ဆုရရှိသူများအားလည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးက အရေးပြိုင်ပွဲ ဝါသနာရှင်(ဒုတိယတန်း)တွင် ဒုတိယ(ငွေတံဆိပ်) ဆု၊ အဆင့်မြင့်ပညာအဆင့် အတီးပြိုင်ပွဲ စန္ဒယားတွင်ဒုတိယ (ငွေတံဆိပ်)ဆု၊ အခြေခံပညာ(၁၅-၂၀) အဆင့် အတီးပြိုင်ပွဲ စန္ဒယားတွင် ဒုတိယ (ငွေတံဆိပ်)ဆု၊ ဝါသနာရှင်(ပထမတန်း) အတီးပြိုင်ပွဲ မယ်ဒလင် တွင်ဒုတိယ (ငွေတံဆိပ်)ဆု၊  ဝါသနာရှင်(ဒုတိယတန်း) အတီးပြိုင်ပွဲ ဒုံမင်း တွင်ဒုတိယ(ငွေတံဆိပ်)ဆု၊ အခြေခံပညာ (၁၅-၂၀) အဆင့် အတီးပြိုင်ပွဲ ဒုံမင်းတွင်ဒုတိယ(ငွေတံဆိပ်)ဆု၊ ဝါသနာရှင် (ပထမတန်း) အတီးပြိုင်ပွဲဆိုင်းတစ်ဦးချင်းတွင်(ဒုတိယ) ငွေတံဆိပ်ဆုရရှိသူများအား လည်းကောင်း၊  အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၏ ဇနီးက ဝါသနာရှင် (ဒုတိယတန်း) အတီးပြိုင်ပွဲ ဆိုင်းတစ်ဦးချင်းတွင်(ဒုတိယ)၊ ပတ္တလားပြိုင်ပွဲတွင် (တတိယ) ငွေတံဆိပ်(၁)နှင့်  ကြေးတံဆိပ်(၁)ဆု၊ အခြေခံပညာ(၁၅-၂၀)အဆင့်အတီးပြိုင်ပွဲ ဆိုင်းတစ်ဦးခြင်းတွင် (ဒုတိယ) ငွေတံဆိပ်ဆု၊ အခြေခံပညာ(၁၅-၂၀) အဆင့် အတီးပြိုင်ပွဲ ဆိုင်းအဖွဲ့လိုက်တွင် (ဒုတိယ) ငွေတံဆိပ်ဆု၊  အဆင့်မြင့်ပညာအဆင့်အတီးပြိုင်ပွဲ အိုးစည်တွင်(ဒုတိယ)ငွေတံဆိပ်ဆု၊အခြေခံပညာ (၁၀-၁၅)အဆင့် တစ်ဦးခြင်းအကပြိုင်ပွဲ တွင် (ဒုတိယ) ငွေတံဆိပ်ဆု၊ ဝါသနာရှင် (ဒုတိယတန်း) အတီးပြိုင်ပွဲ မယ်ဒလင် (ဒုတိယ) ဂီတာ(ဒုတိယ) တယော(တတိယ)ငွေတံဆိပ် (၂ )ဆုနှင့်ကြေးတံဆိပ်(၁)ဆု၊ ဝါသနာရှင် (ပထမတန်း) အတီးပြိုင်ပွဲ ဆိုင်းဝိုင်းကြီးအဖွဲ့လိုက်တွင် ဒုတိယ(ငွေတံဆိပ်)ဆုရရှိသူများအားလည်းကောင်း၊ ပုသိမ်လေတပ်စခန်း ဌာနချုပ်မှူးက အဆိုပြိုင်ပွဲ မဟာဂီတ ဝါသနာရှင် (ပထမတန်း) တွင်တတိယ(ကြေးတံဆိပ်)ဆု၊ အဆိုပြိုင်ပွဲ အမျိုးဂုဏ်/ ဇာတိဂုဏ် အဆင့်မြင့်ပညာအဆင့် တွင် တတိယ(ကြေးတံဆိပ်)ဆု၊  အတီးပြိုင်ပွဲ စန္ဒယား ဝါသနာရှင် (ဒုတိယတန်း)တွင် တတိယ(ကြေးတံဆိပ်)ဆု၊ အတီးပြိုင်ပွဲ ပတ္တလား အခြေခံပညာ(၁၅-၂၀) တွင်တတိယ(ကြေးတံဆိပ်)ဆု၊ အတီးပြိုင်ပွဲ အိုးစည် အခြေခံပညာ(၁၅-၂၀) တွင်တတိယ(ကြေးတံဆိပ်)ဆုရရှိသူများအားလည်း‌ကောင်း၊ ပုသိမ်လေတပ်စခန်း ဌာနချုပ်မှူး၏ဇနီးက အတီးပြိုင်ပွဲ တယော အခြေခံပညာ(၁၀-၁၅) တွင်တတိယ(ကြေးတံဆိပ်)ဆု၊ အတီးပြိုင်ပွဲ အိုးစည် ဝါသနာရှင်(ဒုတိယတန်း)တွင် တတိယ (ကြေးတံဆိပ်)ဆု၊ အဆိုပြိုင်ပွဲ ခေတ်ဟောင်း/ကာလပေါ် အဆင့်မြင့်ပညာ အဆင့်တွင် တတိယ(ကြေးတံဆိပ်)ဆု၊  အတီးပြိုင်ပွဲ ပတ္တလား ဝါသနာရှင်(ပထမတန်း) တွင်တတိယ(ကြေးတံဆိပ်)ဆု၊ အတီးပြိုင်ပွဲ တယောအခြေခံပညာ(၁၅-၂၀)အဆင့်တွင်တတိယ (ကြေးတံဆိပ်)ဆု၊ အတီးပြိုင်ပွဲ စောင်း ဝါသနာရှင် (ဒုတိယတန်း)တွင် တတိယ (ကြေးတံဆိပ်)ဆုရရှိသူများအားလည်းကောင်း၊  တိုင်းဒေသကြီး တရားသူကြီးချုပ်က အတီးပြိုင်ပွဲ ပုလွေ အခြေခံပညာ(၁၀-၁၅) အဆင့်တွင် တတိယ(ကြေးတံဆိပ်)ဆု၊ အတီးပြိုင်ပွဲ ဆိုင်းအဖွဲ့လိုက် ဝါသနာရှင်(ဒုတိယတန်း)တွင် တတိယ (ကြေးတံဆိပ်) ဆု၊  အတီးပြိုင်ပွဲ ဒိုးပါတ် ဝါသနာရှင်(ပထမတန်း)တွင် တတိယ (ကြေးတံဆိပ်)ဆု၊ အတီးပြိုင်ပွဲ ဒိုးပါတ် ဝါသနာရှင် (ဒုတိယတန်း) တွင်တတိယ (ကြေးတံဆိပ်)ဆု၊  အကပြိုင်ပွဲ ရုပ်စုံသဘင် ဝါသနာရှင် (ပထမတန်း) တွင်နှစ်သိမ့်ဆု၊ အကပြိုင်ပွဲ ဇတ်တော်ကြီး ဝါသနာရှင်(ပထမတန်း)တွင်နှစ်သိမ့်ဆုရရှိသူများအား လည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်က (၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြုအသင်းမှ အသင်းအုပ်ချုပ်သူ/နည်းပြတစ်ဦးနှင့် ပြိုင်ပွဲဝင်တစ်ဦးအား ဂုဏ်ပြုဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီးဗဟိုအဆင့်ပြိုင်ပွဲဝင် တိုင်းဒေသကြီး ကိုယ်စားပြုအသင်းအား စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည်အခြေခံပညာ (၁၅-၂၀)အဆင့် အဆိုပြိုင်ပွဲ ခေတ်ဟောင်းကာလပေါ် (ပထမ) မဟာဂီတ(တတိယ)၊ အတီးပြိုင်ပွဲ ဂီတာ(ပထမ)၊စောင်း(တတိယ) စုစုပေါင်း ရွှေတံဆိပ်(၂ )ဆုနှင့် ကြေးတံဆိပ်(၂ )ဆုရရှိသူ မအေးသန္တာစိုး၏  ဆုရသီချင်းဖြင့်သီဆိုဖျော်ဖြေမှုအားလည်းကောင်း၊ အခြေခံပညာ (၁၅-၂၀)အဆင့် အတီးပြိုင်ပွဲ စန္ဒယား တွင်ပထမဆု (ရွှေတံဆိပ်)၊ ဆုရရှိသူ မကေဇော်ရှင်းသန့်၏ ဆုရသီချင်းဖြင့် တီးခတ်ဖျော်ဖြေမှုအားလည်းကောင်း၊ အခြေခံပညာ (၁၀-၁၅) အဆင့်အတီးပြိုင်ပွဲ ဂီတာတွင် ပထမ(ရွှေတံဆိပ်) ဆု ရရှိသူ မရွှန်းလဲ့မေ၏ ဆုရရှိခဲ့သည့် သီချင်းဖြင့်တီးခတ်ဖျော်ဖြေမှုအားလည်းကောင်း၊ အတီးပြိုင်ပွဲ ဒုံမင်းဝါသနာရှင် (ပထမတန်း) တွင် ပထမ(ရွှေတံဆိပ်) ဆုရရှိသူ ဦးမြင့်စိုး၏ ဆုရသီချင်း၊ အခြေခံပညာ (၁၀-၁၅) အဆင့် အတီးပြိုင်ပွဲ ဆိုင်းတစ်ဦးချင်းတွင် ပထမ(ရွှေတံဆိပ်)ဆု ရရှိသူများ၏တီးခတ်ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ပြိုင်ပွဲဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

(၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊ အရေး၊အတီးဗဟိုအဆင့်ပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင်(၂၄၆)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်(၁၈)ခု၊ ငွေတံဆိပ်(၁၆)ခု၊ ကြေးတံဆိပ်(၂၀)ခုနှင့် နှစ်သိမ့်ဆု(၂)ဆု၊ စုစုပေါင်းဆုတံဆိပ်(၅၆)ခု ဆွတ်ခူးရရှိခဲ့ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် ဆုရရှိမှု တန်းစီဇယားတွင် တတိယနေရာရရှိခဲ့ကြောင်း သိရသည်။

02-Nov-2023