တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာအနီးရှိ တာတမံအခြေအနေများအားကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများလိုက်ပါလျက် အောက်တိုဘာလ ၂၄ရက်နေ့ ညနေပိုင်းတွင် ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာအနီးရှိ တာတမံအခြေအနေများ၊ ကမ်းပြို၊ ကမ်းစားအခြေအနေများအားကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အိပ်ပျက်ကျေးရွာအုပ်စုရှိ ကျေးရွာများနှင့် ဆက်စပ်စိုက်ပျိုးမြေများအား ဧရာဝတီမြစ်ရေတိုက်စားမှုမှကာကွယ်ရန် ဆောင်ရွက်မည့်အခြေအနေများအားကြည့်ရှုစစ်ဆေးခဲ့ရာ ဟင်္သာတခရိုင်အုပ်ချုပ်ရေးမှူးမှ တာငုတ်ကျေးရွာ၊ ငှက်ပျောတောကျေးရွာ၊ အုန်းတောကျေးရွာ၊ ဖောင်ဆိပ်ကျေးရွာများရှိ လူနေအိမ်များ၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများ ကြိုတင်ရွှေ့ပြောင်းနိုင်ရေး မြေနေရာလျာထားမှုအခြေအနေများအားလည်းကောင်း၊ တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ဒုတိယညွှန်ကြားရေးမှူးနှင့်  လက်ထောက် ညွှန်ကြားရေးမှုး (ဟင်္သာတ) တို့မှ ဧရာဝတီမြစ်ရေသည် ဟင်္သာတမြို့၏ စိုးရိမ်ရေမှတ်သို့ ၆.၉.၂၀၂၃ နေ့တွင်ရောက်ရှိခဲ့ပြီး စိုးရိမ်ရေမှတ်အထက်တွင်  (၉)ရက်ကြာမြင့်ခဲ့မှု အခြေအနေ များ၊ မြစ်ရေတိုက်စားမှုကြောင့် ကမ်းစားမှုများဖြစ်ပွားရာ မြစ်ကမ်းဘေးရှိတာများ ကမ်းစားစဉ် ပါဝင်သွားသော်လည်း နောက်ဘက်တွင် ဖြတ်တာများကိုမိုးမကျမီ ကြိုတင်ဆောင်ရွက် ခဲ့ခြင်းကြောင့် ဟင်္သာတမြို့သို့  ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့သည့်အခြေအနေများ၊ ကမ်းစားမှု တည်ငြိမ်သွားပါက လိုအပ်သည့်နေရာများတွင် မြို့ရေဘေးကာကွယ်ရေးအတွက် ဖြတ်တာ သစ်များထပ်မံ တည်ဆောက်ခြင်းကို တင်ပြဆောင်ရွက်သွားမည်အခြေအနေများရှင်းလင်း တင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရေဘေးကာကွယ်ရေးအတွက် လိုအပ်သည့်နေရာ များတွင် ဖြတ်တာသစ်များတည်ဆောက်သကဲ့သို့ ယခင်တာများ၏ အရေးကြီးသည့်နေရာများ တွင် တာထိပ်မြှင့်တင်ပြုပြင်ခြင်း၊ တာတမံစစ်ဆေးရေး လမ်းပြုပြင်ခြင်းများဆက်လက် ဆောင်ရွက်ရန်  မှာကြားခဲ့ပါသည်။ 

ဆက်လက်၍ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စုရှိ ကျေးရွာများကမ်းပြိုမှုမှကာကွယ်နိုင်ရန်နှင့် ဆက်စပ်စိုက်ပျိုးမြေများရေကြီးနစ်မြုပ်မှုမှ ကာကွယ် နိုင်ရန်အတွက် မြစ်ဖြတ်တူးမြောင်းဖောက်လုပ်နိုင်မည့်အခြေအနေများနှင့် မြစ်ကြောင်းပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ပေးနိုင်မည့် အခြေအနေများအားရှင်းလင်းတင်ပြရာ လာမည့်မိုးရာသီမတိုင်မီ မြစ်ဖြတ်တူးမြောင်းဖောက်လုပ် နိုင်ခြင်းမရှိပါက ကမ်းပြိုမှုများ ဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်ပြီး ကျေးရွာများထပ်မံရွှေ့ပြောင်းရမည့်အပြင် ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရန်ဆောင်ရွက်ထားသော တာဘောင်များလည်းပြိုကျပျက်စီးပြီး ရေကြီးနစ်မြုပ်မှုများဖြစ်လာနိုင်သဖြင့် မြစ်ဖြတ်တူးမြောင်းဖောက်လုပ်ခြင်းအား ယခုနွေရာသီရေနည်းကာလတွင်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာသို့ တင်ပြဆောင်ရွက်ရန် မှာကြားခဲ့ကြောင်းသိရသည်။

24-Oct-2023