တိုင်းဒေသကြီးဝန်ကြီးချုပ် စိုက်ပျိုးရေးကဏ္ဍတိုးတက်မြင့်မားရေးအတွက်တိုင်း၊ ခရိုင်၊ မြို့နယ် စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီများနှင့် ပြုလုပ်သည့် ညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

ည်းအဝေးကို ယနေ့နေ့လည်ပိုင်းကပြုလုပ်ခဲ့ရာ ညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်း၊ ခရိုင်၊ မြို့နယ် စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးကဏ္ဍတိုးတက်မြင့်မားရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီများနှင့် တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ ပြီးခဲ့သည့်တောင်သူလယ်သမားနေ့တွင်ဖော်ထုတ်ခဲ့သည့်ရလဒ်များအရ မိုးစပါးတစ်ဧက(၁၀)တင်းနှုန်း ပိုမိုတိုးတက်ထွက်ရှိရေးအတွက် ဝိုင်းဝန်းအကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိရာ တစ်ဧကအထွက်နှုန်းများပိုမိုတိုတက်လာသည်ကိုတွေ့ရှိရပါကြောင်း၊ တိုင်းဒေသကြီးအတွင်း စိုက်ဧကများပြည့်မီရေး၊ ပန်းတိုင်အထွက်နှုန်းရောက်ရှိရေးနှင့် ဧရာဝတီပေါ်ဆန်း မူလအရည်အသွေးပြန်လည်ရရှိစေရေး တောင်သူများ၊ ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးအဖွဲ့များအပြင် ဆန်စပါးနှင့်ဆက်စပ်နေသည့် ဆန်စက်လုပ်ငန်းရှင်များ၊ ကုန်သည်များနှင့်ပူးပေါင်း၍ စိုက်ပျိုးရေးသုတေသန၊ ထုတ်လုပ်ရေးသုတေသန၊ ဈေးကွက်သုတေသနများ   ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြေဆီလွှာများပြန်လည်ကောင်းမွန်ရေးအတွက် ပိုက်ဆံလျှော်များ ေမြခံထည့်သွင်းဆောင်ရွက်ခဲ့ရှိပါကြောင်း၊ သီးထပ်စွမ်းအားတိုးတက်ရေးအတွက်လည်း ကြိုတင်စီမံဆောင်ရွက်သွားရန်လိုပါကြောင်း၊ စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးလျက်ရှိရာ  လျာထားဧကများပြည့်မီအောင်နှင့် ဖြစ်ထွန်းအောင်မြင်အောင်ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ နေကြာစိုက်ပျိုးရာတွင် ဝတ်မှုန်ကူးခြင်းအတွက်ပျားမွေးမြူရေးကိုလည်း ဆောင်ရွက်သွားကြရန်လိုပါကြောင်း၊ ဆောင်းသီးနှံနှင့် နွေးစပါးစိုက်ပျိုးချိန်ရောက်ရှိလာတော့မှာဖြစ်၍ သီးနှံများအထွက်နှုန်းတိုးတက်စေရေးအတွက်   ဆောင်ရွက်သွားရန်လိုပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ရယူဆောင်ရွက်ထားသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုလည်း ပိုမိုဖြစ်ထွန်းအောင်မြင်စေရေးဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ အယ်နီညိုဖြစ်စဉ်ကြောင့် စပါးနှင့် သီးနှံများစိုက်ပျိုးရာတွင် အောင်ရေရရှိရေး ချောင်းပိတ်၊ မြောင်းပိတ်ခြင်းလုပ်ငန်းများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန်လိုပါကြောင်းနှင့် စိုက်ပျိုးရေးကဏ္ဍတိုးတက်မြင့်မားရေးအတွက် တက်ရောက်လာကြသူများမှ အကြုံပြုဆွေးနွေးပေးကြရန် ” အမှာစကားပြောကြားသည်။

ဆက်လက်‌၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက တိုင်းဒေသကြီးအတွင်း စိုက်ပျိုး၊ မွေးမြူရေးကဏ္ဍတိုးတက်မြင့်မားရေး၊ ဒေသဖွံ့ဖြိုးရေး၊ MSMEsလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများအားလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဉီးစီးမှူး၊ ဆည်မြောင်းနှင့်ရေအသုံးချစီမံခန့်ခွဲမှုဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးကတို့က စိုက်ပျိုးရေးကဏ္ဍတိုးတက်မြင့်မားရေး၊ အယ်နီညိုရာသီဥတုဖြစ်ပေါ်နေမှုအပေါ် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ(၈)ဘီလီယံဖြင့်ဆောင်ရွက်သည့် လုပ်ငန်းများနှင့် ဆောင်ရွက်ထားရှိမှုနှင့်ပတ်သက်၍ အသီးသီးရှင်းလင်းဆွေးနွေးတင်ပြချက်များနှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က တိုင်းဒေသကြီးအတွင်း စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နေမှုများအားလည်းကောင်း ဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး စိုက်ပျိုးရေးကဏ္ဍတိုးတက်မြင့်မားရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

13-Oct-2023