တိုင်းဒေသကြီး ဝန်ကြီးချုပ် ပုသိမ်မြို့၊ ခုတင်(၅၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးတွင် အထူးကုဆရာဝန်ကြီးများမှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိပ်ကုသပေးနေမှုများကို ကြည့်ရှုအားပေး

ပထမအကြိမ် မြန်မာနိုင်ငံသွားဘက်ဆိုင်ရာ ဆရာဝန်ညီလာခံအား ယခုလ၂၀ရက်နေ့မှ ၂၁ရက်နေ့အထိ ၂ ရက်ကြာ နေပြည်တော်တွင်ကျင်းပမည်ဖြစ်၍  Pre- Conference Activity အဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ခုတင်(၅၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးတွင်   အထူးကုဆရာဝန်ကြီးများမှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိပ်ကုသပေးခြင်းအများဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ သည် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာနှင့်မိခင်များအားရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ကာ အာဟာရပြည့်စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ အထူးကုဆရာဝန်ကြီးများမှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိပ်ကုသပေးနေမှုများကိုကြည့်ရှု အားပေးခဲ့ကာ အထူးကုဆရာဝန်ကြီးများအတွက် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး ဆေးရုံအုပ်ကြီးနှင့်တာဝန်ရှိသူများအား ဆေးရုံသန့်ရှင်းသပ်ရပ်မှုရှိ စေရေး၊ ဥပဓိရုပ်ကောင်းမွန်ရေးအတွက် စဉ်ဆက်မပြတ်ဆောင်ရွက်သွားရန်၊ ပြည်သူများအားကျန်းမာရေးစောင့်ရှောက်မှုများအပြည့်အဝပေးနိုင်ရေးဆောင်ရွက်ရန်မှာကြားခဲ့သည်။

အဆိုပါခွဲစိပ်ကုသခြင်းများကို ပါမောက္ခဒေါက်တာထွန်းငွေ (ပါမောက္ခ/ဌာနမှူး၊ မေးရိုးနှင့်ခံတွင်းခွဲစိတ်၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်)၊ တွဲဖက်ပါမောက္ခဒေါက်တာအောင်ဆန်းထက် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(မန္တလေး)၊ တွဲဖက်ပါမောက္ခဒေါက်တာဆွေဇင်အိ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်)၊ ဒေါက်တာဇာလီငြိမ်း (အထူးကုဆရာဝန် မေ့ဆေး) မြောက်ဥက္ကလာဆေးရုံ၊ ဒေါက်တာဒီပါထွန်းလင်းချစ်(သရုပ်ပြ)၊ ဒေါက်တာသန့်တည်ဦး (သရုပ်ပြ)၊ ဒေါက်တာအောင်သူထွန်း (သရုပ်ပြ)၊  ဒေါက်တာသော်မောင်ဝင်းဆွေ (ဘွဲ့လွန်)၊ ဒေါ်မြတ်ငြိမ်းအေး (အထက်တန်းသူနာပြု) တို့နှင့်ပုသိမ်ပြည်သူ့ဆေးရုံကြီးရှိ သွားဘက်ဆိုင်ရာဆရာဝန်တို့မှ ယခုလ ၁၃ရက်နေ့မှ၁၄ရက်နေ့အထိ နှစ်ရက်တိုင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာ(၄၄)ဦးကို ခွဲစိပ်ကုသပေးသွားမည်ဖြစ်ကြောင်းသိရသည်။

13-Oct-2023