(၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟိုအဆင့်)ပြိုင်ပွဲဝင်ရန်စခန်းသွင်းလေ့ကျင့်နေမှုများကိုကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့ညပိုင်းက အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ပုသိမ်တက္ကသိုလ်၊ နန္ဒဆောင်တွင် (၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟိုအဆင့်)ပြိုင်ပွဲဝင်ရန်စခန်းသွင်းလေ့ကျင့်နေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အခြေခံပညာ (၁၀-၁၅)အမျိုးသမီး(ခေတ်ဟောင်းကာလပေါ်)၊ အခြေခံပညာ(၁၅-၂၀) အမျိုးသမီး(ခေတ်ဟောင်းကာလပေါ်)၊ ဝါသနာရှင်ဒုတိယတန်းအမျိုးသမီး(မဟာဂီတ)၊ အခြေခံပညာ(၁၀-၁၅)အမျိုးသား(ခေတ်ဟောင်းကာလပေါ်)၊ ဝါသနာရှင်ဒုတိယတန်းအမျိုးသား (ခေတ်ဟောင်းကာလပေါ်)၊ အဆို လေ့ကျင့် သီဆိုနေမှုအားလည်းကောင်းအခြေခံပညာ (၁၀-၁၅) အမျိုးသမီး (ဂီတာ)၊ အခြေခံပညာ(၁၅-၂၀)အမျိုးသမီး(စောင်း)၊  အခြေခံပညာ(၁၀-၁၅)အမျိုးသား (တယော)၊ အခြေခံပညာ (၁၅-၂၀)အမျိုးသား(ဂီတာ+တယော)၊ အခြေခံပညာ(၁၀-၁၅)အမျိုးသား (ဒုံမင်း)၊ ပြိင်ပွဲဝင်များ၏လေ့ကျင့်တီးခတ်မှုအားလည်းကောင်း ကြည့်ရှုအားပေးခဲ့ပြီး ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကြသည်။ 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခြေခံပညာ(၁၀-၁၅)အမျိုးသား(ဆိုင်းတစ်ဦးချင်း)၊ အခြေခံပညာ(၁၅-၂၀) အမျိုးသမီး(ဆိုင်းအဖွဲ့လိုက်)၊ အခြေခံပညာ(၁၀-၁၅)အမျိုးသမီး(ဆိုင်းအဖွဲ့လိုက်)၊ အခြေခံပညာ(၁၅-၂၀)အမျိုးသား(ဆိုင်းအဖွဲ့လိုက်) များ၏ လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဂုဏ်ပြုငွေများချီးမြှင့်ခဲ့ကာ  “ယခင်နှစ်ထက်အောင် အောင်မြင်မှုများရရှိစေရန် ပိုမိုကြိုးစားယှဉ်ပြိုင်ကြစေလိုကြောင်း၊ စခန်းသွင်းလေ့ကျင့်နေစဉ်ကာလအတွင်း ကျန်းမာရေးကိုလည်း အထူးဂရုစိုက်၍ နေထိုင်ကြ‌စေလိုကြောင်းနှင့် အခက်အခဲများရှိပါကလည်း တင်ပြပေးစေလိုပါကြောင်းနှင့် နည်းပြများ၏သင်ကြားပြမှုများကိုလည်း အလေးလိုက်နာမှတ်သားလေ့ကျင့်ရန်လည်းလိုပါကြောင်း” အားပေးအမှာစကားများပြောကြားခဲ့သည်။

09-Oct-2023