တိုင်းဒေသကြီးဝန်ကြီးချုပ် ပြည်သူ့ဆေးရုံများ၌ ဆေးရုံတက်​ရောက်ကုသနေသည့်လူနာများအား ​ထောက်ပံ့​ငွေနှင့်စား​သောက်ဖွယ်ရာများ​ပေးအပ်၊ မွေးမြူရေးလုပ်ငန်းများကြည့်ရှုအားပေး

တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ေမြာင်းမြမြို့၊ ပြည်သူ့ဆေးရုံတွင် ဆေးရုံတက်​ရောက်ကုသလူနာများအား ကြည့်ရှုအားပေးစကားများ ပြောကြားခဲ့ကာ ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ပြီး မွေးမြူရေးလုပ်ငန်းများကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

ဦးစွာတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မြောင်းမြမြို့၊ ပြည်သူ့ဆေးရုံကြီးသို့​သွားရောက်ကာ ​ဆေးရုံတက်​ရောက်ကုသလူနာများအား လိုက်လံကြည့်ရှု အား​ပေးစကားများ​ပြောကြားခဲ့ပြီး ​ဆေးရုံတက်​ရောက်ကုသ‌နေသည့် လူနာများအတွက် ထောက်ပံ့​ငွေနှင့် အာဟာရပြည့်စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ဆက်လက်၍! ဆေးရုံအုပ်ကြီး၊ ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံ၍  ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအခြေအနေများမေးမြန်းခဲ့ပြီး ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများအပြည့်အဝဆောင်ရွက်ပေးနိုင်ရေးမှာကြားခဲ့ကာ ဝန်ထမ်းများအတွက် ကြက်ဥနှင့်ဆီများ ထောက်ပံ့ပေးခဲ့သည်။ 

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မြောင်းမြမြို့၊ သာသနာ့ဗိမာန်တော်ကြီး ပြန်လည်ပြုပြင်မွမ်းမံနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်းပြီးစီးစေရေး၊ သံဃာေတာ်များ၊ လူပုဂ္ဂိုလ်များ ဘာသာသာသနာရေးဆိုင်ရာများစိတ် အေးချမ်းသာစွာပြုလုပ်နိုင်စေရေး တည်ဆောက်ရေးလုပ်ငန်းများ စနစ်တကျစီစဉ်ဆောင်ရွက်ရန်မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မြောင်းမြမြို့ရှိ ပိုင်ရှင်ဦးဆန်းလင်းအောင်နှင့် ဦးရဲထွဋ်တို့၏ အသားစားကြက် ကောင်ရေ(၁၇၀၀၀)မွေးမြူထားရှိမှုအား ကြည့်ရှုအားပေးပြီး မွေးမြူထုတ်လုပ်မှု စာရင်းဇယားများ စနစ်တကျမှတ်သားဆောင်ရွက်စေရန်၊ မွေးမြူထုတ်လုပ်ရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်ရန်၊ ထုတ်လုပ်မှုကုန်ကျစရိတ် များလျော့ချနိုင်ရေးဆောင်ရွက်ရန်နှင့် ဒေသထွက် တိရစ္ဆာန်အစာများပိုမိုအသုံးပြုရန်နှင့် ပြည်သူများအား ဈေးနှုန်းသက်သာစွာရောင်းချပေးနိုင်ရေးဆောင်ရွက်ရန်မှာကြားခဲ့ကာ မွေးမြူရေးခြံသုံးဆေးဝါးများထောက်ပံ့ပေးခဲ့သည်။ အဆိုပါ အသားစားကြက်မွေးမြးရေးခြံတွင် အသားစားကြက်များကို လေအေးပေးစနစ်ဖြင့်မွေးမြူထားရှိပြီး ၃၅ရက်ပြည့်မှစတင်၍ တိုင်းဒေသကြီးအတွင်းရှိမြို့နယ်များသို့ ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေးလျက်ရှိကြောင်းသိရသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မြောင်းမြမြို့ရှိ ပိုင်ရှင်ဦးငြိမ်းချမ်းဦး၏ ဥစားကြက်ခြံသို့သွားရောက်၍ ကြက်ခြံ(၇)ခြံတွင် ဥစားကြက်ကောင်ရေ(၁၆၀၀၀)မွေးမြူထားရှိမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ကြက်ဥထုတ်လုပ်မှု၊ ဈေးကွက်ရောင်းချမှုအခြေအနေများဆွေးနွေးမေးမြန်းခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှထုတ်လုပ်မှုကုန်ကျစရိတ် များလျော့ချနိုင်ရေး ထုတ်လုပ်သူများ၊ ရောင်းဝယ်သမားများ၊ ဌာနဆိုင်ရာ ပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအတွက် ဈေးကွက်သုတေသနပြုလုပ်ကြရမှာဖြစ်ပြီး ရရှိလာသည့်ရလဒ်များကို လက်တွေ့ဆောင်ရွက်ကြရန်မှာကြားခဲ့ပြီး မွေးမြူရေးခြံသုံးဆေးဝါးများထောက်ပံ့ပေးခဲ့သည်။ အဆိုပါဥစားကြက်ခြံတွင် ကြက်ခြံ(၇)ခြံ၌ ဥစားကြက် ကောင်ရေ (၁၆၀၀၀) မွေးမြူထားရှိပြီး တစ်နေ့လျှင်ကြက်ဥ ပျမ်းမျှ (၁၃၀၀၀) ထုတ်လုပ်၍ ဈေးနှုန်းသက်သာစွာရောင်းချပေးလျက်ရှိကြောင်းသိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဘုရားချောင်း ကျေးရွာအုပ်စုရှိ Global Earth Agro & Aqua Industry Public Co., Ltd သို့သွားရောက်၍ ဟင်္သာတနည်းပညာတက္ကသိုလ်၊ အီလက်ထရောနစ်အင်ဂျင်နီယာဌာနမှ ကျောင်းသား၊ ကျောင်းသူ ၉၆ဦးတို့သည် လေ့လာရေးခရီးစဉ်အနေဖြင့် ငါးမွေးမြူရေး၊ စပါးခွံလောင်စာသုံး gasifier ဖြင့် gas engine အသုံးပြုပြီး  လျှပ်စစ်ဓါတ်အားထုတ်လုပ်ရန် လေ့လာနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများနှင့်အတူ နေ့လယ်စာများ အတူတကွသုံးဆောင်ခဲ့ကြသည်။ 

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများအား Global Earth Agro & Aqua Industry Public Co., Ltd ဥက္ကဋ္ဌက သွင်းအားစု၊ ထုတ်လုပ်မှုနှင့်ဈေးကွက်၊ အလုပ်အကိုင်ရရှိမှု၊ ငါးအစာတောင့်စက်ရုံကုန်ကြမ်းလိုအပ်ချက်နှင့် လုပ်ငန်းတိုးတက်မှုအခြေအနေ၊ စားသောက်ကုန်ထုတ်လုပ်မှုစက်ရုံ ကုန်ကြမ်းလိုအပ်ချက်၊ စပါးခွံလောင်စာသုံးဘွိုင်လာ၊ Gasifierစနစ်ဖြင့်  လျှပ်စစ်ထုတ်လုပ်နိုင်မည့် စက်ရုံများအတွက် ရက်၊ လ၊ နှစ်အလိုက်စပါးခွံလိုအပ်ချက်နှင့် လုပ်ငန်းတိုးတက်မှုအခြေအနေများကိုရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“  တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် စက်ရုံလည်ပတ်နိုင်ရန်အတွက် ကုန်ကြမ်းများရရှိအောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး၌ စပါးတင်းသိန်းပေါင်း(၄)ထောင်ကျော်ထွက်ရှိပြီး စပါးခွံတန်ချိန်(၁၈) သိန်းကျော်နှင့် ဖွဲနုတန်ချိန် (၇)သိန်းကျော်တန်ထွက်ရှိပါကြောင်း၊ စက်ရုံအတွက် တစ်နှစ်လိုအပ်မည့် စပါးခွံတန်ချိန်(၅)သိန်းကျော်နှင့် ဖွဲနုတန်ချိန်(၂)သိန်းကျော်အတွက် လုံလောက်မှုရှိရာ အချိန်မီစုဆောင်းသိုလှောင်ရန်လိုအပ်ပါကြောင်း၊ အခြားကုန်ကြမ်းများဖြစ်သည့် စကွဲ၊ ပဲဖတ်၊ နှမ်းဖတ်၊ နေကြာဖတ်မျိုးစုံလည်းထွက်ရှိပါကြောင်း၊ စက်ရုံများရာနှုန်းပြည့်ပြီးစီး၍ ဇီဝမြေဩဇာနှင့် တိရစ္ဆာန်အစာထုတ်လုပ်နိုင်ပါက စိုက်ပျိုးရေး၊ မွေးမြူရေး တောင်သူများသက်သက်သာသာဖြင့် မြေဩဇာများဝယ်ယူအသုံးပြုနိုင်မည်ဖြစ်၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းပိုမိုအောင်မြင်လာမည်ဖြစ်ပါကြောင်း၊ စက်ရုံ၏တိုးတက်မှုအခြေအနေများသိရှိနိုင် ရေးနှင့် မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးနိုင်ရေးလာရောက်ခြင်းဖြစ်ပါကြောင်း”အမှာစကားများပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် စပါးခွံလောင်စာသုံး boiler ဖြင့် Turbine စနစ်အသုံးပြုပြီး  လျှပ်စစ်ဓါတ်အား (၁၅)မဂ္ဂါဝပ် (၂)လုံး (၃၀)မဂ္ဂါဝပ် လျှပ်စစ်ထုတ်လုပ်နိုင်မည့် စက်ရုံအတွက် စက်ပစ္စည်းများရောက်လာမှုနှင့် တည်ဆောက် ရေး၊ တပ်ဆင်ရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ စပါးခွံလောင်စာသုံး gasifier ဖြင့် gas engine အသုံးပြုပြီး  လျှပ်စစ်ဓါတ်အား ၁၂ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် စက်ရုံတည်ဆောက်နေမှု၊ စပါးခွံများ စနစ်တကျသိုလှောင်နိုင်ရန် သိုလှောင်ရုံများတည်ဆောက်နေမှုများ၊ အေးခဲစက်ရုံတွင် automated cold storage warehouse စနစ်တည်ဆောက်ရန် အပူချိန်ထိန်း နံရံပြားများနှင့် Insulation ဖော့ပြားများအသုံးပြု၍ နောက်ဆုံးကြမ်းခင်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများ၊ အအေးပေးစက်များတပ်ဆင်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလအတွင်းပြီးစီးစေရန်၊ လျှပ်စစ်ထုတ်စက်ရုံများ အမြန်ဆုံးတည်ဆောက်တပ်ဆင်ပြီးစီးစေရေးမှာကြားခဲ့ပြီး လိုအပ်သည်များအား သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

08-Oct-2023