တိုင်းဒေသကြီးဝန်ကြီးချုပ် သဘော့ကန်တံတားတည်ဆောက်ရေးလုပ်ငန်းကြည့်ရှုစစ်ဆေး၊ ရွှေသောင်ယံမြို့၊ ပြည်သူ့ ဆေးရုံသို့သွားရောက်ကာ ဆေးရုံတက်ရောက်ကုသလူနာများအားထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် ရွှေသောင်ယံမြို့၊ သပေါ့ကန်ကျေးရွာ၌ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၄)၊ တံတားအထူးအဖွဲ့(၁၆)မှ ဆောင်ရွက်လျက်ရှိသည့် သဘော့ကန်တံတားတည်ဆောက်ရေးစီမံကိန်း ရှင်းလင်းဆောင်သို့ သွားရောက်ခဲ့ရာ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၄)၊ တံတားအထူးအဖွဲ့(၁၆) တာဝန်ခံမှ ဘဏ္ဍာနှစ် တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုနှင့်ဆက်လက်ဆောင်ရွက်မည့် အခြေအနေများရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တည်ဆောက်ရေးလုပ်ငန်းများသတ်မှတ်ကာလအတွင်းပြီးစီးစေရေး၊ အရည်အသွေးပြည့်မီစေရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေးအ လေးထားဆောင်ရွက်ရန်မှာကြားခဲ့ပြီး တံတားတည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုများကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါတံတားသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ ငရုတ်ကောင်း - ငွေဆောင်- ချောင်းသာ - ရွှေသောင်ယံ- မကျီးဇင် - ကျောက်ချွန် -ဂွလမ်း (ရွှေသောင်ယံ - မကျီးဇင်အပိုင်း)၌တည်ရှိပြီး တံတားပေအရှည် ၁၅၉ဝ ပေ၊ ယာဉ်သွားလမ်းအကျယ် (၂၄ပေ)၊ လူသွားလမ်းအကျယ် တစ်ဖက်လျှင် ၃ ပေ ၆လက်မ၊ ရေလမ်းကင်းလွတ်အမြင့် ၁၂ပေ၊ ရေလမ်းကင်းလွတ်အမြင့် ၈၂.၁၂ပေနှင့် တံတားခံနိုင်ဝန် HL-93ရှိကြောင်းသိရသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် သပေါ့ကန်ကျေးရွာအခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံခဲ့ရာ ကျောင်းအုပ်ကြီးက ကျောင်းအတွက်လိုအပ်ချက်များကို တင်ပြခဲ့ရာ ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ဖြည့်ဆည်းပေးနိုင်ရေးသက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ဝက်သေကျေးရွာသို့သွားရောက်၍ ပုသိမ်မြို့ နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ခရိုင် နွယ်ညိုချောင်း-သဲကျင်း-ပိုးလောင်းလမ်း၌ ဝက်သေ ေချာင်းကူးသစ်သားတံတားအား ကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင်နိုင်ရေး ဆောင်ရွက်မည့်အခြေအနေများအားကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရွှေသောင်ယံမြို့၊ ပြည်သူ့ဆေးရုံ သို့သွားရောက်ကာ ဆေးရုံတက်ရောက်ကုသလူနာများအား လိုက်လံကြည့်ရှု အားပေးစကားများပြောကြားခဲ့ပြီး ထောက်ပံ့ငွေနှင့် အာဟာရပြည့်စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကာ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးကြပ်၍ ဧည့်မထဆန်တစ်ပြည်လျှင်(၂၅၀၀)ကျပ်၊ ဆီတစ်ပိဿာလျှင်(၅၀၀၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊ ရွှေသောင်ယံမြို့နှင့်ချောင်းသာမြို့စိုက်ပျိုးရေးဉီးစီးဌာန၊ ခြံထွက်ဟင်းသီးဟင်းရွက် အရောင်းဆိုင်နှင့် ပုသိမ်မြို့နယ်နှင့် ရွှေသောင်ယံမြို့ငါးလုပ်ငန်းဦးစီးဌာနမှကြီးကြပ်၍ ရေထွက်ပစ္စည်းဝယ်ယူစုဆောင်းသူလုပ်ငန်းရှင်များမှ အခြေခံစားသောက်ကုန်၊ ဟင်းသီးဟင်းရွက်များ၊ ငါး၊ ပုစွန်များကိုလည်းကောင်း ဝန်ထမ်းများနှင့် ပြည်သူများထံသို့ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ချောင်းသာမြို့ပြည်သူ့ဆေးရုံ သို့သွားရောက်ကာ ဆေးရုံတက်ရောက်ကုသလူနာများအား လိုက်လံကြည့်ရှု အားပေးစကားများပြောကြားခဲ့ပြီး ထောက်ပံ့ငွေနှင့် အာဟာရပြည့်စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကာ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးကြပ်၍ ဧည့်မထဆန်တစ်ပြည်လျှင်(၂၅၀၀)ကျပ်၊ ဆီတစ်ပိဿာလျှင်(၅၀၀၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊ ရွှေသောင်ယံမြို့နှင့်ချောင်းသာမြို့စိုက်ပျိုးရေးဉီးစီးဌာန၊ ခြံထွက်ဟင်းသီးဟင်းရွက် အရောင်းဆိုင်နှင့် ပုသိမ်မြို့နယ်နှင့် ရွှေသောင်ယံမြို့ငါးလုပ်ငန်းဦးစီးဌာနမှကြီးကြပ်၍ ရေထွက်ပစ္စည်းဝယ်ယူစုဆောင်းသူလုပ်ငန်းရှင်များမှ အခြေခံစားသောက်ကုန်၊ ဟင်းသီးဟင်းရွက်များ၊ ငါး၊ ပုစွန်များကိုလည်းကောင်း ဝန်ထမ်းများနှင့် ပြည်သူများထံသို့ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။