မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စွန်းစေတီ ရင်ပြင်တော်တိုးချဲ့ခြင်း၊ အာရုံခံတန်ဆောင်း တည်ဆောက်ခြင်းအတွက် (နဝမအကြိမ်)အအလှူငွေပေးအပ်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာ အုပ်စုတွင် တည်ထားကိုးကွယ်တော်မူပြီး ဧရာဝတီတိုင်းဒေသကြီး၏ ထင်ရှားသောဘုရားစေတီများတွင် တစ်ဆူအပါအဝင်ဖြစ်သည့် မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင်စွန်း စေတီတော်၏ ရင်ပြင်တော်တိုးချဲ့တည်ဆောက်ခြင်းအတွက်  (နဝမအကြိမ်) အလှူငွေပေးအပ် လှူဒါန်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ပြုလုပ်ခဲ့သည်။

အလှူငွေပေးအပ်ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယနေ့ပြုလုပ်သည့် အခမ်းအနားသည် ဆံတော်ရှင်မြတ်မော်တင်စွန်းစေတီ ရင်ပြင်တော်တိုးချဲ့ခြင်း၊ အာရုံခံ တန်ဆောင်း တည်ဆောက်ခြင်းအတွက် နဝမအကြိမ်မြောက် အလှူငွေပေးအပ်ပွဲဖြစ်ပါကြောင်း၊ စေတီတော်မြတ်ကြီး၌ မဟာရံတံတိုင်းတည်ဆောက်ခြင်း၊ အာရုံတန်ဆောင်းတည်ဆောက်ခြင်းနှင့် မြေထိန်းနံရံတည်ဆောက်ခြင်း လုပ်ငန်းများအတွက်လည်း အလှူရှင်များဖိတ်ခေါ် ဆောင်ရွက်လျက်ရှိပါကြောင်း၊  မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီးအား နိုင်ငံတဝှမ်းမှ လာရောက်ဖူးမြော်လျက်ရှိရာ ဘုရားဖူးပြည်သူများ စိတ်ချမ်းမြေ့စွာဖူးမြှော်နိုင်ရေးအတွက် ရင်ပြင်တော်တိုးချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရင်ပြင်တော်တိုးချဲ့ခြင်း လုပ်ငန်းများအား အလှူငွေရရှိမှုပေါ်မူတည်၍ အဆင့်အလိုက် ဆောင်ရွက်လျက်ရှိပြီး ယခုနှစ် တပေါင်းလ ဘုရားပွဲတော်အမီ အချောသတ်လုပ်ငန်းများပြီးစီးစေရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများ အရည်အသွေး ပြည့်မီစေရေးအတွက် လည်း အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ရင်ပြင်တော်တိုးချဲ့ တည်ဆောက်ရာတွင် အနယ်နယ်အရပ်ရပ်မှ အလှူရှင်များကုသိုလ်ယူ ပါဝင်လှူဒါန်းနိုင်ရေးနှင့် အလှူရှင်များ၏ လှူဒါန်းမှုအစုစုတို့အတွက်လည်း ဝမ်းမြောက်ဂုဏ်ယူပါကြောင်း” ပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အလှူရှင်များ ကြည်ညိုသဒ္ဒါပွားများနိုင်ရန် မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စွန်းစေတီ ရင်ပြင်တော်တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ တည်ဆောက်ရေးလုပ်ငန်း ဆက်လက်ဆောင်ရွက်မည့် အခြေအနေ မှတ်တမ်းဗီဒီယိုအား ရှင်းလင်းပြသခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးမိသားစုကလှူဒါန်းသည့် အလှူငွေများကိုပေးအပ်ရာ သယံဇာတရေးရာဝန်ကြီးက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့သည်။ ဆက်လက်၍   တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် သယံဇာတရေးရာ    ဝန်ကြီးတို့က အလှူငွေများကိုလက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

05-Oct-2023