ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားသို့ တက်ရောက်၍ “ ယနေ့ အောက်တိုဘာလ(၁)ရက်နေ့သည် ကမ္ဘာပေါ်က သက်ကြီးရွယ်အိုများ၏ အဖိုးထိုက်တန်မှု၊ နိုင်ငံ့တာဝန်များကျေပွန်ခဲ့မှု၊ ကမ္ဘာကြီးအပေါ် တတ်စွမ်းသမျှ စွမ်းဆောင်နိုင်ခဲ့မှုများကို လေးစားတန်ဖိုးထားပြီး ဂုဏ်ပြုကျင်းပသည့် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ ဖြစ်သည့်အတွက် တက်ရောက်လာသူ ဘိုးဘွားနှင့် တိုင်းဒေသကြီးအတွင်းရှိ ဘိုးဘွားများ လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုပါကြောင်းနှင့် သက်တော်ရာကျော်ရှည်ပါစေကြောင်း၊ သက်ကြီးပုဂ္ဂိုလ်များ၏ အခွင့်အရေးများကို အကောင်အထည်ဖော်ဆောင်ရာတွင် အနာဂတ်မျိုးဆက်သစ်လူငယ်များအနေဖြင့် သက်ကြီးပုဂ္ဂိုလ်များ၏ ဘဝကိုသိရှိနားလည်စေနိုင်ရန်၊ အလေးထားပြီး တန်ဖိုးထားချစ်ခင်တတ်စေရန် သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများပါ သက်ကြီးသူများ၏ အခွင့်အရေးများ သိရှိတန်ဖိုးထား တာဝန်ယူ‌ဆောင်ရွက်လာနိုင်စေရန်အတွက် ပြည်သူလူထုနှင့် လူငယ်များအားအသိပညာပေးခြင်း၊ ဂုဏ်ပြုအခမ်းအနားကျင်းပခြင်း၊ လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်း၊ သက်ကြီးပုဂ္ဂိုလ်များဦးဆောင်ပါဝင် ဆောင်ရွက်သည့် လူမှုအားမာန်အဖွဲ့( Inclusive Self Help Group- ISHG)များကို မိမိတို့ တိုင်းဒေသကြီးအပါအဝင် နိုင်ငံတစ်ဝန်းတွင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ခေတ်တွင် ကျန်းမာရေးစောင့်ရှောက်မှုများ တိုးတက်ကောင်းမွန်လာခြင်း၊ ကလေးမွေးဖွားမှုနှုန်း ကျဆင်းလာခြင်းတို့ကြောင့် ကမ္ဘာတစ်ဝန်း သက်ကြီးပုဂ္ဂိုလ်ဦးရေ တဖြည်းဖြည်းမြင့်တက်လာသည်ကို တွေ့ရှိရမှာဖြစ်ပါကြောင်း၊ ယခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားအတွက် ကုလသမဂ္ဂအဖွဲ့ကြီးက ချမှတ်ထားတဲ့ ဆောင်ပုဒ်သည် “သက်ကြီးသူများဘဝသာယာဖို့သက်ရွယ်စုံညီပါဝင်လို့ ဝိုင်းဝန်းဖြည့်ဆည်းကြပါစို့” “Fulfilling the Promises of the Universa Declaration of Human Rights for Older Persons: Across  Generations” ဖြစ်ပါကြောင်း၊ သက်ကြီးပုဂ္ဂိုလ်များကို လေးစားထိုက် ဂုဏ်ပြုတိုက်သူများအဖြစ် တန်ဖိုးထားပြီး ယခုလိုအခမ်းအနားကျင်းပပေးရုံ သက်သက်မဟုတ်ဘဲ သက်ကြီးပုဂ္ဂိုလ်များရဲ့ဘဝ လုံခြုံမှုရှိစေရေး၊ ယခုလိုအခမ်းအနားကျင်းပပေးရုံ သက်သက်မဟုတ်ဘဲ သက်ကြီးပုဂ္ဂိုလ်များရဲ့ဘဝ လုံခြုံမှုရှိစေရေး၊ ယင်းတို့၏ လုပ်ကိုင်နိုင်သော စွမ်းအားကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများမှာ အသုံးပြုနိုင်ရန်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးများကို ဆောင်ရွက်သွားကြဖို့နဲ့
ယနေ့အခမ်းအနားသို့ကြွရောက် ချီးမြှင့်ပေးတဲ့ ဂုဏ်ပြုခံ သက်ကြီးပုဂ္ဂိုလ်များနဲ့တကွ တိုင်းဒေသကြီးအတွင်း မှာရှိတဲ့ သက်ကြီးပုဂ္ဂိုလ်များအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတွေနဲ့ပြည်စုံကြပါစေကြောင်း” အမှာစကားပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များသည် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အထိမ်းအမှတ် မှတ်တမ်းဗီဒီယိုပြသမှုအားကြည့်ရှုအားပေးသည်။ 

ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသော အဘိုးအဘွားများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးကလည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီး၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများက  ကန်တော့ငွေနှင့်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီးခဲ့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပုသိမ်၊ကျုံပျော်၊ မြောင်းမြနှင့် လပွတ္တာခရိုင်များရှိ ရိပ်သာတာဝန်ခံများထံသို့ ငွေပဒေသာပင်၊ အသက်အကြီးဆုံး အဘိုးအဘွားများအတွက် ဂုဏ်ပြုထောက်ပံ့ငွေနှင့် ရိပ်သာများရှိဘိုးဘွားများအတွက် ဂုဏ်ပြုထောက်ပံ့ငွေများကိုလည်းကောင်း၊  အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးက ဟင်္သာတ၊ မအူပင်၊ မြန်အောင်နှင့် ဖျာပုံခရိုင်များရှိ ရိပ်သာတာဝန်ခံများထံသို့ ငွေပဒေသာပင်၊ အသက်အကြီးဆုံး အဘိုးအဘွားများအတွက် ဂုဏ်ပြုထောက်ပံ့ငွေနှင့် ရိပ်သာများရှိဘိုးဘွားများအတွက် ဂုဏ်ပြုထောက်ပံ့ငွေများကိုလည်းကောင်း အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ပြီး ကန်တော့ခံဘိုးဘွားများကိုယ်စား အဘွားတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန်တော့ခံဘိုးဘွားများအားရင်းရင်းနှီးနှီးအားပေးစကားများပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၁၀) ရပ်ကွက်၊ မြို့ပြကောက်ကွက်(၁)၌ စာရင်းကောက်ကြီးကြပ်သူ၊ စာရင်းကောက်၊ တိုက်နယ်မှူး၊ မိတ်ဖက်အဖွဲ့အစည်းများဖြင့် အိမ်ထောင်စု(၃၂၅)၊ လူဦးရေ(၁၂၁၇)ဦးအား စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူနေမှုများကိုကြည့်ရှုစစ်ဆေးခဲ့ပြီး စာရင်းကောက်ကြီးကြပ်သူမှ စမ်းသပ်သန်းခေါင်စာရင်းကောက်ယူနေမှု အခြေအနေများကို ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ စာရင်းဇယားများတိကျမှန်ကန်စေရေး၊ သတ်မှတ်ကာလအတွင်းပြီးစီးစေရေးနှင့် ပြည်သူများသိရှိလိုက်ပါဆောင်ရွက်စေရေးမှာကြားခဲ့သည်။

01-Oct-2023