မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီးရင်ပြင်တော်တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စု၍ တည်ထားကိုးကွယ်တော်မူသည့် မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီးရင်ပြင်တော်ပေါ်ရှိ တံခွန်တိုင် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကိုကြည့်ရှုစစ်ဆေးခဲ့ပြီး အထက်ရင်ပြင်တော်နှင့် အောက်ရင်ပြင်အကြားရှိ မြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများ၊ အောက်ရင်ပြင် (- 12 to 0)level ကော်လံများကွန်ကရစ်လောင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများ၊ 0 level ကွန်ကရစ်ကျောက်ပုံးကျောက်ခွက်များ ဆောင်ရွက်နေမှုများ၊ စေတီတော်ရင်ပြင်အောက်ဘက်ရှိ ကမ်းခြေဆင်းလမ်းဆောင်ရွက်မည့်အခြေအနေများနှင့် မြောက်ဘက်မုခ်ဦးလှေကား ဆောင်ရွက်နေမှုနှင့် ရေကန်နံရံများတည်ဆောက်မည့်လုပ်ငန်းများအားကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့်အခြေအနေများရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အောက်ရင်ပြင်တိုးချဲ့ခြင်းလုပ်ငန်းဆောင်ရွက်စဥ်စေတီတော်ကြီး၏အပေါ်ရင်ပြင်မြေထိန်းနံရံကြံ့ခိုင်စေရေးအတွက်ပါတစ်ပါတည်းဆောင်ရွက်ရန်၊ တည်ဆောက်ရေးလုပ်ငန်းများအရည်အသွေးပြည့်မီရန်၊ လာမည့်ဘုရားပွဲေတာ်ရာသီအမီပြီးစီးစေရေး လူအင်အားစက်ယန္တရားများဖြင့် အင်အားပြည့်ဆောင်ရွက်ရန်နှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက်ရန်မှာကြားခဲ့ကာ မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီးအားဖူးမြော်ကြည်ညိုခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟိုင်းကြီးကျွန်းမြို့၊အမှတ်(၁)ရပ်ကွက်သို့သွားရောက်ခဲ့ရာ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးမှဟိုင်းကြီးကျွန်းအဝင်ရေလမ်းကောင်းမွန်စေရေးလုပ်ငန်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် နုန်းတားကျောက်စီလှိုင်းကာ ၅၀၀ပေဆောင်ရွက်ခြင်းနှင့်သောင်တူးခြင်းလုပ်ငန်းဆောင်ရွက်မည့်အခြေအနေများရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ရေလမ်းေကြာင်းများရေရှည်ကောင်းမွန်စေရေးအစီအစဉ်များရေးဆွဲဆောင်ရွက်ရန်၊ တည်ဆောက်ရေးလုပ်ငန်းများအချိန်မီပြီးစီးစေရန်နှင့် ရေရှည်ကြံ့ခိုင်မှုရှိစေရေးအလေးထားဆောင်ရွက်ရန်မှာကြားခဲ့သည်။