တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့် ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက် မှာကြား

ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်ဌာနဆိုင်ရာများနှင့်  ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လည်ပိုင်းက ပုသိမ်မြို့၊ စုပေါင်းရုံး၊ ပုသိမ်မြို့နယ် အထွေထွေအုပ်ချပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်အတူ တက်ရောက်၍ လိုအပ်သည်များမှာကြားခဲ့ကြောင်းသိရသည်။ 

ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်ဌာနဆိုင်ရာများနှင့်  ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အမှာစကားပြောရာ“ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ မြို့နယ်ဌာန ဆိုင်ရာများနှင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များလစဉ်ပြုလုပ်လျက်ရှိသည့် အစည်းအဝေးများနှင့် လုပ်ငန်းဆောင်ရွက်နေမှုများမှ လိုအပ်သည်များကူညီဆောင်ရွက်ပေးနိုင်ရေး လာရောက်တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် ပညာရေးနင့်ပတ်သက်ပါက အားကောင်းသည့် တိုင်းဒေသကြီးဖြစ်ပြီး ကျောင်းတက်ရောက်မှု၊ ကျောင်းဖွင့်လှစ်မှုနှင့် အတန်းစဉ်ကူးပြောင်းမှုအများဆုံးဖြစ်ပါကြောင်း၊  ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်ရေးအတွက် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များမှ ကြပ်မတ် ဆောင်ရွက် ပေးရန်လိုပါကြောင်း၊ အသက်(၉)နှစ်ပြည့်ပြီး(၁၂)နှစ်မ ကျော်သောမိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ကျောင်းအခြေပြုထိုးနှံခြင်းများပြီးစီးပါက ရပ်ကွက်အခြေပြုထိုးနှံခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်၍ အကျုံးဝင်သူများ အားလုံး ကာကွယ်ဆေးထိုးနှံပေးနိုင်ရေးဆောင်ရွက် ပေးရန်လိုပါကြောင်း၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ် အောက်ကလေးသူငယ်များအား ထောက်ပံ့ငွေများပေးအပ်လျက်ရှိရာ နိုင်ငံသားအသိအမှတ်ပြုကတ်မရှိ၍ ထောက်ပံ့ကြေး မရခဲ့သည့် ကိုယ်ဝန်ဆောင်များအနေဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနနှင့် ဆက်သွယ်ဆောင်ရွက်ပြီး စာရင်းပေးသွင်းနိုင်ရေးလုပ်ဆောင်ကြရန်လည်း လိုအပ်ပါကြောင်း၊ စမ်းသပ်သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများဆောင်ရွက်တော့မည်ဖြစ်၍ အချိန်မီကောက်ယူပြီးစီးနိုင်စေရေးဌာနဆိုင်ရာများနှင့်ပူးပေါင်းဆောင်ရွက်ပေးရန် မိမိတို့တိုင်းဒေသကြီးသည် လူစွမ်းအားအရင်းအမြစ်များပေါများပြီး ကျန်းမာကြံ့ခိုင်သည့်လူငယ်လူရွယ်များမွေးထုတ်၍ အားကစားကဏ္ဍဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ (၂၄)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲတွင် အောင်မြင်မှုများရရှိရန် ပြိုင်ပွဲဝင်များကို စခန်းသွင်းလေ့ကျင့် လျက်ရှိပါကြောင်းနှင့် အောင်မြင်မှုများပိုမိုရရှိရန်နှင့် မျိုးဆက်သစ်ရွက်ပုန်းသီးအနုပညာရှင်များ မွေးထုတ်ပေးနိုင်ရေးကြိုးပမ်းဆောင်ရွက်ရန်လိုပါကြောင်း၊ လုံခြုံရေးကိစ္စများရပ်များကိုမပေါ့ဆ ရန်နှင့် မိမိတို့ရပ်ကွက်ကျေးရွာများ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများပိုမိုဆောင်ရွက်ကြရန်”မှာကြားခဲ့ကြောင်းသိရသည်။

29-Sep-2023