ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျသည့်ဘေးမှ လွတ်ကင်းနိုင်ရန်အတွက် ငါးဆယ်ကျွန်းကျေးရွာ အခြေခံပညာမူလတန်း(လွန်) ကျောင်းအား ဒေသခံတပ်ရင်း တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ စုပေါင်းဖျက်သိမ်းနေမှုနှင့်ကြိုတင်ပြောင်းရွှေ့နေမှုများအားကြည့်ရှုစစ်ဆေး

တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ စစ်ကုန်းကျေးရွာအုပ်စု၊ ငါးဆယ်ကျွန်းကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျခဲ့သဖြင့် ကမ်းနံဘေးရှိ အခြေခံပညာမူလတန်း(လွန်)ကျောင်းအား ဒေသခံတပ်ရင်း တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ စုပေါင်းဖျက်သိမ်းနေမှုနှင့်ကြိုတင်ပြောင်းရွှေ့နေမှုများဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများနှင်အတူ စက်တင်ဘာလ ၂၃ရက်နေ့ နေ့လည်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များဆောင်ရွက်ပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငါးဆယ်ကျွန်းကျေးရွာအခြေခံပညာမူလတန်း(လွန်)ကျောင်းအား ဒေသခံတပ်ရင်း တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ စုပေါင်းဖျက်သိမ်းနေမှုနှင့်ကြိုတင်ပြောင်းရွှေ့နေမှုများအားကြည့်ရှုစစ်ဆေးခဲ့ပြီး ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးတို့မှ မြစ်ရေတိုက်စားမှုအခြေအနေများ၊ ကမ်းပြိုကာကွယ်ရေးဆောင်ရွက်နေမှုအခြေအနေများရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အရေးပေါ်ကမ်းပြိုကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ရန်၊ စာသင်ကျောင်းဆောင်အားစနစ်တကျဖျက်သိမ်း၍ ပြန်လည်အသုံးပြုနိုင်ရေးဆောင်ရွက်ရန်မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငါးဆယ်ကျွန်းကျေးရွာ အခြေခံပညာမူလတန်း(လွန်) ကျောင်းရှိ ကျောင်းသားကျောင်းသူများအား ယာယီကျောင်းဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့် ဇလွန်မြို့နယ်၊ အောက်စုကျေးရွာအုပ်စု၊ ငါးဆယ်ကျွန်းကျေးရွာရှိ ဝေပုလ္လကျောင်းသစ်သို့သွားရောက်ခဲ့ကာ ကျောင်းထိုင်ဆရာတော်အား ဖူးမြှော်ကြည်ညို၍ သာသနာေရးဆိုင်ရာများ၊ ကမ်းပြိုကာကွယ်ရေးဆောင်ရွက်ပေးနေမှုအခြေအနေများတင်ပြလျှောက်ထားခဲ့ပြီး လှူဖွယ်ပစ္စည်းနှင့်နဝကမ္မအလှူငွေများပေးအပ်လှူဒါန်းခဲ့သည်။

ထို့နောက် ငါးဆယ်ကျွန်းကျေးရွာ အခြေခံပညာမူလတန်း(လွန်)ကျောင်း၊ ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများ၊ ရပ်မိရပ်ဖများ၊ ကျောင်းကော်မတီများ ကျေးရွာသူ ကျေးရွာသားများနှင့်တွေ့ဆုံ၍ ကျောင်းဆောင်သစ် ဆောက်လုပ်နိုင်ရေးအခြေအ နေများဆွေးနွေးခဲ့ကြပြီး ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ ခရိုင်ပညာရေးမှူးတို့မှ ကျောင်းဆောင်သစ်ဆောက်လုပ်နိုင်ရေးဆောင်ရွက်ထားရှိမှုအခြေအနေများအားရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များဖြည့်စွက်ဆွေးနွေးခဲ့ပြီး ကျောင်းဆောင်သစ်ဆောက်လုပ်နိုင်ရေး အမြန်ဆုံးဆောင်ရွက်ရန်၊ ကျောင်းသားကျောင်းသူများအား ပညာသင်ကြားချိန်များထိခိုက်မှုမရှိစေရေးဆောင်ရွက်ရန်မှာကြားခဲ့ကာ ကျောင်းသားကျောင်းသူများအတွက် ဗလာစာအုပ်နှင့်စာရေးကိရိယာများအားလည်းကောင်း၊ ဆရာ၊ ဆရာမများအတွက် ထောက်ပံ့ငွေများအားလည်းကောင်း၊ ယာယီကျောင်းဆောင်သစ်ဆောင်လုပ်နိုင်ရန်အတွက် သွပ်၊ သံ၊ ဘိလပ်မြေစသည့် ဆောင်လုပ်ရေးသုံးပစ္စည်းများအား ကျောင်းကော်မတီဝင်များလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

24-Sep-2023