သက်သာသောဈေးနှုန်းဖြင့် ပြည်သူများအား ဆန်၊ ဆီနှင့် ကြက်ဥများရောင်းချပေးနေမှုအခြေအနေများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး

သက်သာသောဈေးနှုန်းဖြင့် ပြည်သူများအား ဆန်၊ ဆီနှင့် ကြက်ဥများရောင်းချပေးနေမှုအခြေအနေများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အမှတ်(၁၄) ရပ်ကွက်၊ ရွှေမင်္ဂလာ‌ဓမ္မာရုံ၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးကြပ်၍ မြို့နယ်ဆန်စက်ပိုင်အသင်း၊ မြို့နယ်ဆန်ကုန်သည်များ အသင်းတို့မှ ဧည့်မထဆန်တစ်ပြည်လျှင်(၂၅၀၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြက်ဥ(၅)လုံးလျင် (၁၂၀၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊ အမှတ်(၁၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် ပုသိမ်ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့မှ ဆီ ၁ပိသာ ၅၁၀၀ကျပ်နှုန်းဖြင့် ပြည်သူတစ်ဦးလျှင်ဆီ(၅၀)သားနှုန်းဖြင့်လည်းကောင်း ရောင်းချပေးနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်သူများ ဝယ်ယူရာတွင်စနစ်တကျရှိစေရေး၊  ဆန်၊ဆီ စသည့် အခြေခံစားကုန်များအား သက်သာသောဈေးနှုန်းများဖြင့်ရောင်းချပေးနိုင်ရေး ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များပူးပေါင်းဆောင်ရွက်ကြရန်မှာကြားခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ်သည် အမှတ်(၃)ရပ်ကွက်ရှိ မြို့သစ်ဈေးသို့သွားရောက်၍ ဆန်၊ ဆီစသည့် အ​ခြေခံစားသောက်ကုန်များ၊ ဟင်းသီး၊ ဟင်းရွက်များနှင့် လူသုံးကုန်ပစ္စည်းအမျိုးမျိုးတို့ကို ရောင်းချနေမှုနေမှုများကို ကြည့်ရှုစစ်ဆေးပြီး အဆင့်ဆင့် သယ်ယူပို့ဆောင်ရောင်းချရာတွင် ကုန်ကျသည့် ကုန်ကျစရိတ်များ၊ တစ်ဆင့်ပြန်လည်ရောင်းချမှုအ ခြေအနေများ၊ ဆီကုန်သည်များထံမှတစ်ဆင့်ဝယ်ယူ၍ ပြန်လည်ရောင်းချသည့် ဆီဆိုင်များအနေဖြင့် ပြည်သူများထံသို့ ပြန်‌လည်ရောင်းချမှုအခြေအနေများ၊ ဆီလက်ကျန်အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကာ ဈေးရောင်းချသူများနှင့် ရင်းရင်းနှီးနှီးအပြန်အလှန်​ ဆွေး​နွေး​မေးမြန်းခဲ့ပြီး တိုင်း​ဒေသကြီးဝန်ကြီးချုပ်က ​စျေးအတွင်း သန့်ရှင်း​ရေးလုပ်ငန်းများ စနစ်တကျ​ဆောင်ရွက်ကြရန်၊ ပြည်သူများအား သက်သာသောနှုန်းထားများဖြင့်ရောင်းချပေးနိုင်ရေး၊ သယ်ယူစရိတ်များသက်သာစွာ ဝယ်ယူရောင်းချနိုင်စေရေး၊ သန့်ရှင်းလတ်ဆက်၍ ကျန်းမာရေးနှင့်ညီညွတ် ဒေသထွက်ဟင်းသီးဟင်းရွက်များ၊ စားသောက်ကုန်များရောင်းချနိုင်စေရေးမှာကြားခဲ့ပြီး ​စျေးအတွင်းလှည့်လည်ကြည့်ရှုစစ်​ဆေးခဲ့ ကြောင်းသိရသည်။

24-Sep-2023