ရေတိုက်စားမှုကြောင့် ပျက်စီးသွားသည့် ဂွေးတောက်ကွင်းကျေးရွာ ရွာလယ်တံတားအား အသစ်ပြန်လည်တည်ဆောက်နိုင်ရေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဒည်ကုန်းကျေးရွာအုပ်စု၊ ဂွေးတောက်ကွင်းကျေးရွာရှိ အလျား၂၀၀ပေခန့် သစ်/ဝါးတို့ဖြင့် ဆောက်လုပ်ထားသည့် ရွာလယ်တံတားသည် ယခုလ၁၁ရက်နေ့က ရေတိုက်စားမှုကြောင့် ကျိုးကျပျက်စီးမှုဖြစ်ပွားခဲ့သဖြင့် အသစ်ပြန်လည်တည်ဆောက်နိုင်ရေးအတွက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးခဲ့ရာတွင် တိုင်းဒေသကြီးကျေးလက်လမ်းဦးစီးဌာနဦးစီးမှူး၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ တံတားသစ်ပြန်လည်တည်ဆောက်နိုင်ရေးအခြေအနေများ၊ ပြည်သူများသွားလာရေးအဆင်စေရေးဆောင်ရွက်ထားရှိမှုအခြေအနေများရှင်းလင်းတင်ပြချက်များနှင့် ပြည်သူများ၏လိုအပ်ချက်များတင်ပြမှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ ကျေးရွာနေပြည်သူများနှင့်ကျောင်းသား၊ ကျောင်းသူများ သွားရေးလာရေး အခက်အခဲမရှိစေရေးအတွက် တံတားအသစ်ပြန်လည်တည်ဆောက်ပေးနိုင်ရန် လာရောက်ကြည့်ရှုစစ်ဆေးခြင်းဖြစ်ပါကြောင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများကလည်း တံတားအသစ်ပြန်လည်ဆောက်နိုင်ရေးအတွက် အမြန်ဆုံးတိုင်းတာတွက်ချက်၍ တင်ပြပေးကြစေလိုကြောင်း”မှ ာကြားခဲ့ကာ ကျေးရွာသူရွာသားများနဲ့ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့ပြီး တံတားပျက်စီးမှုအေခြအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့၊ နိဂြောဓာရုံညောင်ပင်သာစာသင်တိုက်အတွင်းဝန်း၌ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဆောင် နံရံအုတ်စီခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများစနစ်တကျ ဆောင်ရွက်စေရေး၊ အရည်အသွေးပြည့်မီစေရေးနှင့် သတ်မှတ်ချိန်အတွင်းပြီးစီးစေရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေးအလေးထားဆောင်ရွက်ရန်မှာကြားခဲ့ပြီး နိဂြောဓာရုံ ညောင်ပင်သာပရိယတ္တိ စာသင်တိုက်၏ ပဓာနနာယဆရာတော် ဘဒ္ဒန္တဝိဿုတ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) မဟာထေရ်မြတ်အား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာကိစ္စရပ်များနှင့် ကျောင်းဆောင်ဆောက်လုပ်နေမှုအခြေအနေများနှင့်ဆက်လက် ဆောင်ရွက်မည့်အစီအစဉ်များအား တင်ပြလျှောက်ထားကာ လှူဖွယ်ဝတ္ထုပစ္စည်းနှင့် နဝကမ္မအလှူငွေများဆက်ကပ်လှူဒါန်းခဲ့ေကြာင်းသိရသည်။