ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် တိုင်းအတွင်းရှိ မြစ်ကမ်းထိန်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်းရှိ မြစ်ကမ်းထိန်းလုပ်ငန်းများအားလှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးချုပ်နှင့် တာဝန်ရှိသူများသည် ညောင်တုန်းမြို့၊အမှတ်(၂)ရပ်ကွက်၊ (၂၃)လမ်းရှိ ကမ်းနားသို့ သွားရောက်၍ ပန်းလှိုင်မြစ်ရေ စိုးရိမ်ရေမှတ်ရောက်ရှိမှု ကြည့်ရှုစစ်ဆေးခဲ့ပြီး အန္တရာယ်ရေမှတ် ရောက်ရှိနိုင်မှုအခြေအနေများမေးမြန်းခဲ့ပြီး မြစ်ရေ တက်ရောက်မှုအားနေ့ညမပြတ်စောင့်ကြည့်သတင်းပို့ရန်၊ စိုးရိမ်ရေမှတ်၊ အန္တရာယ်ရေမှတ်များသ်ို့ရောက်ရှိလာပါက အချိန်နှင့်တစ်ပြေးညီသတင်းပေို့တင်ပြရန်နှင့် ပြည်သူများထိခိုက်မရှိစေရေးအတွက် ဘေးလွတ်ရာနေရာများသို့ကြိုတင်ပြောင်းရွှေ့ပေးနိုင်ရေးစီစဉ်ဆောင်ရွက်ထားရှိရန်မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်တုန်းမြို့၊အမှတ်(၃)ရပ်ကွက်တွင် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန၊ဒေသ(၂)မှ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့်ဆောင်ရွက်သည့် (၁၄)လမ်းနှင့်(၁၆)လမ်းကြား မြစ်ကမ်းပါးနိမ့်ကျရေးကာကွယ်ရေးလုပ်ငန်း အလျား (၈၀၀)ပေ တည်ဆောက်ရေး လုပ်ငန်းခွင်အားကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် အချိန်မီပြီးစေရေး၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းစေရေးနှင့် ရေရှည်တည်တံ့စေရေး အလေးထားလိုက်နာဆောင်ရွက်ရန် မှာကြားခဲ့သည်။
ထို့နောက်ဗိုလ်မြတ်ထွန်းတံတားနှင့်ညောင်တုန်းတံတားသို့ သွားရောက်၍ ဗိုလ်မြတ်ထွန်းတံတားရေလမ်းကြောင်းပြုပြင်ထိန်းထိန်းရေးဆောင်ရွက်မှုအခြေအနေနှင့်ညောင်တုန်းတံတားအဝင်ရေလမ်းဖြောင့်တန်းစေရေးအတွက်ဆောင်ရွက်မည့်အစီအမံများအားတိုင်းဒေသကြီးဦးစီးမှူးကရှင်းလင်းတင်ပြရာ မြစ်ကူးတံတားကြီးများအားမြစ်ရေတိုက်စားမှုမှကာကွယ်ရန်နှင့်တံတားကြီးများရေရှည်တည်တံ့စေရန်အတွက် တံတားအဝင်ရေလမ်းကြောင်းတည်ငြိမ်မှုရှိစေရေးစဉ်ဆက်မပြတ်စိစစ်ဆောင်ရွက်သွားရန်မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဓနုဖြူမြို့၊ အမှတ်(၄)ရပ်ကွက် ဧရာဝတီဆိပ်သို့သွားရောက်၍ ဧရာဝတီမြစ်ရေမြင့်တက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး မြစ်ရေမြင့်တက်မှုအခြေအနေများ စဉ်ဆက်မပြက်စောင့်ကြည့်သတင်းပို့ရန်၊ ကလေးငယ်များမြစ်ကမ်းအနီးအနားများတွင် ေဆာ့ကစားခြင်းမရှိေစရန်မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဓနုဖြူမြို့နယ်၊ မရမ်းချောင်းကျေးရွာရှိ မရမ်းချောင်းရေကင်းစခန်း တာမိုင်(၄၆/၄)သို့သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာများကြံ့ခိုင်မှုရှိစေရန် နေ့၊ညမပြတ် စောင့်ကြည့်ရန်၊ အရေးပေါ်အခြေအနေအဆင့်သတ်မှတ်များအား ပြည်သူများသိရှိလိုက်ပါဆောင်ရွက်ရန်၊ ကူညီကယ်ဆယ်ရေးအဖွဲ့များအသင့်စုဖွဲ့ထားရှိရန်နှင့် ရေဘေးကာကွယ် ရေးသုံးပစ္စည်းများစုေဆာင်းထားရှိဆောင်ရွက်ရန် မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဇလွန်မြို့ရှိ ဧရာဝတီ - ဟင်္သာတတာ တာမိုင် (၂၅ /၂ )ဆန်တန်းရေကင်းစခန်း အမှတ် (၃)သို့သွားရောက်စစ်ဆေးခဲ့ရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကရေဘေးကာကွယ်ရေးသရုပ်ပြပွဲနှင့် ရေဘေးကာကွယ်ရေး တာတမံများ၏ အရေးပေါ်အခြေအနေကြိုတင်စီမံခန့်ခွဲမှု အစီအစဥ်များအား ရှင်းလင်းတင်ပြခဲ့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တာတမံများ၏ အရေးပေါ်အခြေအနေ ဖြစ်သော တာထိပ်ပေါ်ကျော်ခြင်း ၊ ရေပေါက်(ထူးပေါက်) ၊ တာအိ ၊ သဲဗွက်ထ တာကျွံခြင်းများ ဖြစ်ပေါ်လာပါက ကာကွယ်ရန်နည်းလမ်းများဖြစ်သော မြေသား သို့မဟုတ် သဲအိတ်ကန်သင်း ဆင့်ခြင်း ၊ မြေကတုတ် (ရေခွေ)တို့ဖြင့် အရေးပေါ်ကာကွယ် စောင့်ရှောက်ရမည့် နည်းလမ်းများဖြင့် မိုးရာသီရေဘေးအန္တရာယ်ကာကွယ်ရေးသရုပ်ပြပွဲနှင့် ဇာတ်တိုက်လေ့ကျင်ခြင်းကိုကြည့်ရှုအားပေးခဲ့သည်။
အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာအနီးရှိ စွန့်ပစ်တာရေကျော်နေမှုအခြေအနေများအားကြည့်ရှုစစ်ဆေးခဲ့ပြီး ဆည်မြောင်းနှင့်ရေအသုံးချမှုဦးစီးဌာန တိုင်းဦးစီးမှူး၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး၊ ဟင်္သာတခရိုင်အုပ်ချုပ်ရေးမှူးတို့မှ ဧရာဝတီမြစ်ရေတက်ရောက်မှု၊ မြစ်ရေတိုက်စားမှုကြောင့်နှစ်အလိုက် ကမ်းပါးပြောင်းလဲလာမှု၊ မြစ်ရေတိုက်စားမှုမှ ကာကွယ်ရန် မြစ်ဖြတ်တူးမြောင်းဆောင်ရွက်ခြင်း၊ ၃ တန်းလွှာအုန်းတိုင် ကျောက်ဖြည့်ရေကာများဆောက်လုပ်ခြင်း၊ ရေလွှဲရေကာကမ်းရင်းထိန်းကျောက်ဖြည့်မျောကရစ်ဆောက်လုပ်ခြင်း၊ ရေပေါက်ပိတ်ဆောင်ရွက်ခြင်းများဆောင်ရွက်နိုင် ရေး တင်ပြဆောင်ရွက်ထားရှိမှုအခြေအနေများရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အရေးပေါ်ယာယီကမ်းထိန်းလုပ်ငန်းများအမြန်ဆုံးဆောင်ရွက်ရန်၊ ရေရှည်ကာကွယ်ရေးလုပ်ငန်းများ ရေးဆွဲဆောင်ရွက်ရန်နှင့် ဒေသခံများထိခိုက်မှုမရှိစေရေးကြိုတင်ရွှေ့ပြောင်းခြင်းများဆောင်ရွက်ထားရှိရန်မှာကြားခဲ့သည်။
ထို့နောက် ဖောင်ဆိပ်ကျေးရွာ၊ ဖောင်ဆိပ်ကျောင်းတိုက်၌ ပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရေဘေးေရှာင်ပြည်သူများအား ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်၍ “ဧရာဝတီမြစ်ရေ မြင့်တက်၍ စိုးရိမ်ရေမှတ်ကျော်လွန်မှုကြောင့် မြစ်ကမ်းဘေးရှိနေအိမ်များ ရေလွတ်ရာသို့ ကြိုတင်ရွှေ့ပြောင်းစေခဲ့ပါကြောင်း၊ မြစ်ကြောင်းပြောင်းလဲမှုကြောင့် ရေကြီးခြင်းများကိုခံစားရခဲ့ရ ေသာ်လည်း မြစ်ကမ်းဘေးနေထိုင်သည့် ပြည်သူများအား ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်းများ၊ ရေလွတ်ရာသို့ ကြိုတင်ရွှေ့ပြောင်းခဲ့မှုများကြောင့် ကြီးကြီးမားမား ဆုံးရှုံးခြင်းမရှိခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့် ရရှိသည့်ရန်ပုံငွေအပေါ်မူတည်၍ မြစ်ကမ်းထိန်းလုပ်ငန်းများကို နှစ်စဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လတ်တလောမြစ် ရေဝင်ရောက်သည့်သည့်အခက်အခဲကြောင့် ရွှေ့ပြောင်းနေရသူများအနေဖြင့် နေ့စဉ်စားရေး သောက်ရေးအဆင်ပြေစေရန် ရိက္ခာများထောက်ပံ့ခြင်းနှင့် အားပေးစကားများလာရောက် ပြောကြားခြင်းဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်များကျရောက်ပါကလည်း ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များနှင့် မိမိတို့ပါ ပူးပေါင်း၍ ဝိုင်းဝန်းကူညီ စောင့်ရှောက်ပေးသွားမည် ဖြစ်ပါကြောင်း” အားပေးစကားများပြောကြား၍ ပြည်သူများထံသို့ ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ရေသန့်နှင့် ခေါက်ဆွဲခြောက်ထုပ်များပေးအပ်ခဲ့သည်။