ပုသိမ်မြို့၌ စိုက်ပျိုးမွေးမြူ ရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကုန်ဈေးနှုန်းကိစ္စရပ်များနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ၊ တိုင်းဒေသကြီးအတွင်းရှိ ဆန်စက်လုပ်ငန်းရှင်များ၊ ဆီကုန်သည်များနှင့်တွေ့ဆုံ

စိုက်ပျိုးမွေးမြူ ရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကုန်ဈေးနှုန်းကိစ္စရပ်များနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၁၀ ရက်နေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ တိုင်းဒေသကြီးသည် ပညာရေးတွင်တိုးတက်မြင့်မားသည့်တိုင်းဒေသကြီးဖြစ်သည်နှင့်အညီ ကျောင်းသားကျောင်းသူများ ပညာသင်ယူမှုအခွင့်အရေးများ မဆုံးရှုံးစေရန်အတွက် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်စေရေးနှင့် အတန်းစဉ်ကူးပြောင်းနိုင် ရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက်လည်း ဆရာ၊ ဆရာမများ၊ မိဘများ၊ အုပ်ချုပ်ရေးအဖွဲ့များကဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အခြေခံစားသောက်ကုန်များနှင့်ပတ်သက်၍ ဆန်ဈေးနှုန်းများကြီးမြင့်မှုမရှိစေရေးအတွက်လည်း တာဝန်ရှိသူများက ထိန်းကျောင်းကြပ်မတ်ရန်နှင့် ဈေးနှုန်းသက်သာစွာ ရောင်းချပေးနိုင်ရေး ေဆာင်ရွက်လျက်ရှိပါကြောင်း၊ သီးနှံများ ပန်းတိုင်အထွက်နှုန်းတိုးတက်ထွက်ရှိစေရေးအတွက်  မျိုး၊မြေ၊ရေ၊ နည်းစသည့် နည်းလမ်း(၄)သွယ်ဖြင့် စိုက်ပျိုးရေးလုပ်ငန်းများအား စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သီးထပ်စွမ်းအားမြှင့်တင်နိုင်ရေး၊ ၂၀၂၄ မိုးစပါး ရေတော်မိုးတော်စိုက်ဧကအားလုံး ပိုက်ဆံလျှော် ထည့်သွင်းစိုက်ပျိုးနိုင်ရေး နည်းလမ်းပေါင်းစုံဖြင့် ထည့်သွင်းစိုက်ပျိုးဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ စားသုံးဆီ ဖူလုံစေရေးအတွက် ဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးရန်နှင့် အောင်မြင်အောင်ဆောင်ရွက်ရန်လိုပါကြောင်း၊ စားသုံးဆီများဖြန့်ဝေပေးရာတွင် ကော်မတီများအ နေဖြင့် စာရင်းဇယားများတိကျမှန်ကန်စေရေး၊ ဖြန့်ဖြူးမှုများစနစ်တကျရှိစေရေးဆောင်ရွက်ရန်လိုပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ အသက်၉နှစ်ပြည့်ပြီး ၁၂နှစ်မပြည့်သေးသော မိန်းကလေးငယ်များကို သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးအား ကျောင်းအခြေပြုနှင့်ရပ်ရွာအခြေပြုထိုးနှံပေးမည်ဖြစ်ရာ ေဆးထိုးအင်အားစာရင်းများမှန်ကန် စေရေး၊ ကာကွယ်ဆေးများကို အလေအလွင့်မရှိ စေ ရေး၊ လမ်းညွှန်ချက်များနှင့်အညီ အသုံးပြုဆောင်ရွက်ကြဖို့လည်း အုပ်ချုပ်ရေးအဖွဲ့များက ကူညီဆောင်ရွက်ပေးကြရန်နှင့် စိုက်ပျိုးမွေးမြူ ရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကုန်ဈေးနှုန်းကိစ္စရပ်များနှင့် စပ်လျဉ်း၍ အောင်မြင်အောင်ဆောင်ရွက်နိုင်စေရေးတက်ရောက်လာကြသူများက အကြံပြုဆွေးနွေးပေးရန်
”အမှာစကားများပြောကြားသည်။

ဆက်လက်၍ အစိုးရအဖွဲ့ဝင် လူမှုရေးရာ ဝန်ကြီးက အိမ်ထောင်စုလူဦးရေစာရင်းကောက်ယူခြင်းဆိုင်ရာကိစ္စရက်များအားလည်းကောင်း၊ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုနှင့်စာရင်းအင်းဦးစီးဌာန တိုင်းဦးစီးမှူးမှ လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံ မဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း (Standard Operating Procedure SOP) ရေးဆွဲရေးဆိုင်ရာကိစ္စရပ်များအားလည်းကောင်း၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက  တိုင်းဒေသကြီးအတွင်းရှိ အသက်၉နှစ်ပြည့်ပြီး ၁၂နှစ်မပြည့်သေးသော မိန်းကလေးငယ်များကို သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးထိုးနှံပေးမည့်အစီအစဉ်များအားလည်းကောင်း၊ တိုင်းဒေသကြီး ပညာရေးမှူးမှ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်စေရေး၊ အတန်းစဉ်ကူးပြောင်းမှု ရာနှုန်းပြည့်ဖြစ်စေရေးနှင့် တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက်ဆောင်ရွက်မည့်အခြေအနေများအားလည်းကောင်း၊ တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနမှူးမှတိုင်းဒေသကြီး  ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် စားသုံးဆီဖြန့်ဖြူးပေးနိုင်မည့်အခြေအနေများအားလည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများမှ သက်ဆိုင်ရာခရိုင်အလိုက် ဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညနေပိုင်းတွင် ဧရာရွှေဝါခန်းမ၌ပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဆန်စက်လုပ်ငန်းရှင်များ၊ ဆီကုန်သည်များနှင့် တွေ့ဆုံပွဲအခမ်းအနားတက်ရောက်၍ မိမိတို့တိုင်းဒေသကြီးသည် နိုင်ငံ၏ စပါးကျီဖြစ်ပြီး ပိုလျှံသည့်ဆန်များကို ပြည်တွင်း၊ ပြည်ပသို့ တင်ပို့လျက်ရှိပါကြောင်း၊ ဆန်စက်ပေါင်း ၂၅၀၀ကျော်ရှိ၍ စပါးခွံလောင်စာအသုံးပြုgasifier စနစ်ဖြင့် လည်ပတ်ကြိတ်ခွဲသည့် ဆန်စက်များအနက် ၄၅၂ လုံး လည်ပတ်လျက်ရှိပါကြောင်း၊  ထို့အပြင် စပါးခွံမှလျှပ်စစ်ထုတ်လုပ်နိုင်ရေးဆောင်ရွက်လျက်ရှိသဖြင့် စပါးခွံလုံလောက်စွာရှိရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးမှထွက်ရှိသည့်စပါးများအား ဆန်စက်များမှ ကြိတ်ခွဲနိုင်ပါက အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာမည်ဖြစ်ကာ စပါးခွံဖြင့် Gasifier အသုံးပြုလျှပ်စစ်ထုတ်ခြင်း၊ ဆန်ကွဲ၊ ဖွဲနုစသည်တို့မှလည်း တိရစ္ဆာန်အစာထုတ်လုပ်နိုင်မည်ဖြစ်၍ တိရစ္ဆာန်အစာဈေးကြီးမြင့်မှုကိုလည်းသက်သာစေမှာဖြစ်ပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုး ရေးလုပ်ငန်းများအတွက် သွင်းအားစုများထောက်ပံ့ပေးလျက်ရှိရာ ဆန်စက်လုပ်ငန်းရှင်များ၊ ကုန်သည်များအနေဖြင့် Contract Farming စနစ်ဖြင့် အကျိုးပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ ဆန်ဈေးကြီးမြင့်မှုမရှိစေရေးနှင့် ဈေးနှုန်းသက်သာစွာရောင်းချပေးနိုင်ရေးဆောင်ရွက်ရန်နှင့် တိုင်းဒေသကြီး စိုက်ပျိုးရေးလုပ်ငန်းများအောင်မြင်အောင် ပူးပေါင်းဆောင်ရွက်ပေးကြရန်ပြောကြားခဲ့သည်။ ထို့နောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဝယ်ယူကြိတ်ခွဲသူအစုအဖွဲ့များ၊ သွင်းအားစုတင်သွင်းသူအစုအဖွဲ့များနှင့်အကျိုးတူပူးပေါင်းဆောင်ရွက်မည့်အခြေအနေများအားလည်းကောင်း၊ စီးပွားရေးရာဝန်ကြီးမှ ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်နေမှုအခြေအနေများရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

10-Sep-2023