ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး အလေးမအသင်းအား အောင်နိုင်ရေးအလံပေးအပ်

၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးအလေးမအသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက  တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား ပြည်နယ်နှင့်တိုင်းဒေသကြီးအလေးမပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့်  အုပ်ချုပ် ၊ နည်းပြ ၊ အားကစားသမားများနှင့် တစ်ဦးချင်းမိတ်ဆက် ပေးပြီး  ဧရာဝတီတိုင်းဒေသကြီးအလေးမ အသင်းအုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “တိုင်းဒေသကြီးအတွက် အလေးမ အားကစားနည်းသည် အားထားရသည့် အားကစားတစ်ခု ဖြစ်ပြီး ပြိုင်ပွဲများတွင် ဆုတံဆိပ်များရရှိခဲ့ပါကြောင်း၊ ယခင်နှစ်ထက် အောင်မြင်မှုများ ရရှိမည်ဟု မျှော်လင့်ပါကြောင်း၊ အားကစားသမားများအနေဖြင့် အားကစားတွင် ထူးချွန်သကဲ့သို့ ပညာရေး ဘက်တွင်လည်း မလစ်ဟင်းရအောင် ကြိုးစားဆောင်ရွက် ရမှာဖြစ်ပါကြောင်း၊ ထူးချွန်ထက်မြက် သည့် မျိုးဆက်သစ် အားကစားသမားများ ထပ်မံမွေးထုတ်ပေးနိုင်ရေးအတွက် လူငယ်နှင့် အားကစားကဏ္ဍ တိုးတက်လာစေရေးအတွက် ပညာရေးနှင့်အားကစားကို တွဲဖက်၍ဆောင်ရွက် လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး၏ အောင်မြင်မှုရရှိသည့်အားကစားနည်း ဖြစ်သည့်အတွက် ကြိုးစားယှဉ်ပြိုင် သွားကြရန်မှာကြားလိုပါကြောင်း၊ ကျန်းမာရေးကိုလည်း အထူးဂရုစိုက်ကြစေ လိုကြောင်းနှင့် အောင်မြင်မှုများရရှိပါစေကြောင်း” အမှာစကားများ ပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီး အလေးမအသင်းမှ တာဝန်ရှိသူများထံသို့ အောင်နိုင်ရေးအလံနှင့် ချီးမြှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

07-Sep-2023