(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (တိုင်းဒေသကြီးအဆင့်)ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (တိုင်းဒေသကြီးအဆင့်)ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ခဲ့သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (တိုင်းဒေသကြီးအဆင့်) ကျင်းပရေး နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ
ခရိုင်အဆင့်ပြိုင်ပွဲများကို ပြုလုပ်ပြီးစီးပြီဖြစ်၍ (တိုင်းဒေသကြီးအဆင့်) ကျင်းပရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ဦးတည်ချက်(၄)ရပ်ဖြင့် အညီပြုလုပ်သွားရမှာဖြစ်ပါကြောင်း၊ (၂၃)ကြိမ်မြောက်  မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟိုအဆင့်)ပြိုင်ပွဲတွင် တိုင်းဒေသကြီးအနေဖြင့် တတိယနေရာတွင် ရရှိခဲ့ပါကြောင်းနှင့် ယခင်နှစ်အားသာချက်များကို ဆက်လက်ထိန်းသိမ်း၍ အားနည်းချက်များကိုလည်း ပြုပြင်ဆောင်ရွက်သွားရန်လိုပါကြောင်း၊ ကော်မတီများအနေဖြင့်လည်း မိမိတို့တာဝန်ယူထားသည့် ကော်မတီများအလိုက် အသေးစိတ်တင်ပြဆွေးနွေးပေးကြစေလိုကြောင်း၊ ယခင်နှစ်(ဗဟိုအဆင့်)ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့သူများသည် တန်းတက်ပြိုင်ရမည်ဖြစ်ပါကြောင်း၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟိုအဆင့်)ပြိုင်ပွဲတွင် ယခင်နှစ်ထက် အောင်မြင်မှုပိုမိုရရှိအောင် ကြိုးစားဆောင်ရွက်သွားရန်လိုပါကြောင်း”အမှာစကားများပြောကြားသည်။

ဆက်လက်၍ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူးက (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား တိုင်းဒေသကြီးတွင် ကျင်းပနိုင်ရေးနှင့် ဗဟိုအဆင့်တွင်ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ကော်မတီဖွဲ့စည်းထားရှိမှု၊ ဗဟိုအဆင့်သို့ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် အောင်နိုင်ရေးကော်မတီဖွဲ့စည်းထားရှိမှု၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆုရရှိမှုအခြေအနေများ၊ တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲတွင် ခရိုင်အလိုက်ပြိုင်ပွဲဝင်ရောက်နိုင်မည့်အခြေအနေများအားလည်းကောင်း၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ တွဲဖက်အတွင်းရေးမှူး(၁)က ပြိုင်ပွဲအစီအစဉ်နှင့် လစ်လပ်လျက်ရှိသော ပြိုင်ပွဲဝင်အဆင့်များအားလည်းကောင်း ရှင်းလင်းတင်ပြကြသည်။  

ဆက်လက်၍ အစည်းအဝေးသို့တက်ရောက်လာသည့် ကော်မတီများနှင့်  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၏ အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန်နှင့် ဗဟိုအဆင့်ပြိုင်ပွဲတွင်လည်း ယခင်နှစ်ထက် အောင်မြင်မှုများရရှိအောင် ကြိုးစားဆောင်ရွက်ပေးကြရန် ဖြည့်စွက်ပြောကြားခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

06-Sep-2023