တိုင်းဒေသကြီးဝန်ကြီးချုပ် သာပေါင်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ခရိုင်၊ မြို့နယ် ပညာရေးမှုးများဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် သာပေါင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ “ ဧရာဝတီတိုင်းဒေသကြီးသည် ပညာရေးနှင့်ပတ်သက်ပါက ရေခံမြေခံကောင်းမွန်ပြီး လူ့စွမ်းအားအရင်းအမြစ်များလည်း ပေါကြွယ်ဝပါကြောင်းနှင့် ကျောင်းတက်ရောက်မှု၊ ကျောင်းဖွင့်လှစ်မှုနှင့် အတန်းစဉ်ကူးပြောင်းမှု အများဆုံးဖြစ်ပါကြောင်း၊ ပညာရေးမြင့်မားသည့်တိုင်းဒေသကြီးဖြစ်ပြီး ပညာသင်ကြားမှုအခွင့်အရေးများထိခိုက်နစ်နာမှုမရှိစေရေး ကြိုးစားဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် တိုင်းဒေသကြီးအ နေဖြင့် မိမိတို့မျှော်မှန်းထားသည့် ရာနှုန်းပြည့်အောင်မြင်မှုသို့ မရရှိ သေး၍ ရာနှုန်းပြည့် အောင်မြင်စေရေး ပိုမိုကြိုးစားဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ယခုပညာသင်နှစ်တွင် အကြောင်းကြောင်းကြောင့် ‌မဖြေဆိုဖြစ်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများနှင့် ကျရှုံးခဲ့သူများသည် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုခွင့်ရမည်ဖြစ်၍ ထိုကျောင်းသားကျောင်းသူများ ပြန်လည်ဖြေဆိုစေရေး၊ သင်ကြားပြသပေးနိုင်ရေးနှင့် အောင်မြင်အောင်ဖြေဆိုနိုင်စေရေး စီမံဆောင်ရွက်မည့်အစီအစဉ်များ၊ နည်းလမ်းများတင်ပြဆွေးနွေးပေးစေလိုကြောင်း၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်ပေါ်လာစေရေးအတွက် လူငယ်များ၏ အခန်းကဏ္ဍများကို မြှင့်တင်ပေးလျက်ရှိရာ ဆရာ၊ဆရာမများအနေဖြင့် ပူးပေါင်းဆောင်ရွက် ပေးကြ စေလိုကြောင်း၊ အခြေခံပညာကျောင်းများ၌ လူငယ်စကားဝိုင်းများ၊ အသိပညာပေးဟောပြောပွဲများဆောင်ရွက်သွားကြရန်လည်းလိုပါကြောင်း၊ အခြေခံပညာကျောင်းသားအားကစားပြိုင်ပွဲများလည်း ပြုလုပ်ယှဉ်ပြိုင်ရန်လိုပါေကြာင်း၊ ကဏ္ဍစုံလွှမ်းခြုံနိုင်သည့်ပညာ​ရးစနစ်ဖြစ်စေရေးအကောင်အထည်ဖော်ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်းနှင့် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်စေရေးနှင့် အတန်းစဉ်ကူးပြောင်းမှုရာနှုန်းပြည့်ဖြစ်စေရေး ဆရာ၊ ဆရာမများကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်လိုပါကြောင်း၊  ”အမှာစကားပြောကြားသည်။

ဆက်လက်၍ မြို့နယ်၊ ခရိုင်ပညာရေးမှူးများက တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ဆရာ၊ ဆရာမများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားစေရေး ကျောင်းသားကျောင်းသူများ၊ ဆရာ၊မိဘများ၊ အုပ်ချုပ်ရေးအဖွဲ့များကနှစ်စမှပင်စတင်၍ နှစ်ကုန်အထိကြိုးစားဆောင်ရွက်ရန်မှာကြားခဲ့ကြောင်းသိရသည်။

26-Aug-2023