ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် မိုခါမုန်တိုင်းကြောင့်ထိခိုက်ပျက်စီးမှုများအတွက် ရခိုင်ပြည်နယ်တွင် ကူညီကယ်ဆယ် ရေးလုပ်ငန်းများဆောင်ရွက်ခဲ့သည့် တိုင်းဒေသကြီးမီးသတ်တပ်ဖွဲ့ဝင်များအား ကြိုဆိုဂုဏ်ပြုပွဲ အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရများနှင့်အတူ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပြုလုပ်သည့် မိုခါမုန်တိုင်းကြောင့်ထိခိုက်ပျက်စီးမှုများအတွက်  ရခိုင်ပြည်နယ်တွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့သည့် တိုင်းဒေသကြီးမီးသတ်တပ်ဖွဲ့ဝင်များအား ကြိုဆိုဂုဏ်ပြုပွဲ အခမ်းအနားတက်ရောက်၍ အမှာစကားပြောကြားခဲ့ရာတွင် တိုင်းဒေသကြီးအနေဖြင့် အလွန့်အလွန်အားကောင်းသည့် မိုခါမုန်တိုင်းမဖြစ်ပေါ်မီ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်ချိန်မှ စ၍ ကြိုတင်ခန့်မှန်းချက်များအရ မုန်တိုင်းဦးတည်ရာလမ်းကြောင်းရှိ နေရာဒေသများနှင့် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအား ကြိုတင်ကာကွယ် ရေးလုပ်ငန်းများ၊ မုန်တိုင်းအန္တရာယ် သတိပေးချက်များထုတ်ပြန် ဆောင်ရွက်ထားရှိပြီး ကူညီကယ်ဆယ်ရေးအစုအဖွဲ့များ ဖွဲ့စည်း၍ ကြိုတင်ပြင်ဆင်မှုကောင်းကောင်းဖြင့် ပြင်ဆင်ဆောင်ရွက်ခဲ့ပါကြောင်း၊ မုန်တိုင်းအန္တရာယ် ကျရောက်ခဲ့ပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းအလျှင်အမြန်ဆောင်ရွက်နိုင်စေရေး၊ တပ်ရင်း တပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းများပါဝင်သည့် လူအင်အားအစုအဖွဲ့များ၊ စားရေရိက္ခာများ၊ စက်ပစ္စည်းယန္တရားများ အသင့်စုဆောင်းထားရှိခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ် အတွင်းသို့ မုန်တိုင်းဝင်ရောက်ခဲ့သည့်အခါတွင် အသင့်စုစည်းထားရှိပြီးဖြစ်သည့် တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ဝင်များက သတ်မှတ်ထားသည့်ရည်မှန်းချက်နေရာများအမြန်ဆုံးရောက်ရှိ၍ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ပါကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များ၏ စုဖွဲ့မှုအားကောင်းကောင်းဖြင့် ကြိုးစားဆောင်ရွက်ခဲ့ကြ၍ အချိန်တိုအတွင်းသတ်မှတ်လုပ်ငန်း တာဝန်များကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည်ကိုတွေ့ရှိရ၍ ဂုဏ်ယူပါကြောင်းနှင့် ယခုကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများဖြင့် သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအစွမ်းကုန်ကြိုးစားဆောင်ရွက်ပေးကြရန် မှာကြားခဲ့သည်။

ဆက်လက်၍ ရခိုင်ပြည်နယ်တွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် တိုင်းဒေသကြီး ရှာဖွေကယ်ဆယ်ရေးတပ်ခွဲ(၁) အဖွဲ့ခေါင်းဆောင်မှ ကူညီကယ်ဆယ်ရေးလုပ်ငန်း များဆောင်ရွက်ခဲ့မှု အခြေအနေများရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီးပြန်လည်ရောက်ရှိလာသည့် တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုနေ့လည်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ပြီး တပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့ကြောင်းသိရသည်။

19-Aug-2023