တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘိုကလေးပညာရေးဒီဂရီကောလိပ်၊ ပညာဂုဏ်ရည်ခန်းမ၌ပြုလုပ်သည့် တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲအား တက်ရောက်

ဧရာဝတီတတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ဩဂုတ်လ ၁၅ ရင်နေ့နေ့လည်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများလိုက်ပါလျက် ဖျာပုံခရိုင်၊ ဘိုကလေးမြို့၊ ဘိုကလေးပညာရေးဒီဂရီကောလိပ်၊ ပညာဂုဏ်ရည်ခန်းမ၌ပြုလုပ်သည့် တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲအား တက်ရောက်ခဲ့သည်။ 

ရှေးဦးစွာ တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများက ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ တိုင်းဒေသကြီးသည် ပညာရေးနှင့်ပတ်သက်ပါက ကျောင်းတက်ရောက်မှု၊ ကျောင်းဖွင့်လှစ်မှုနှင့် အတန်းစဉ်ကူးပြောင်းမှု အများဆုံးဖြစ်ပြီး တိုင်းဒေသကြီးတွင်  တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာများခန့်အပ်သည့်အတွက် ေကျာင်းသားေကျာင်းသူများပညာသင်ယူမှုတွင် အဆင်ပြေလာမည်ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများသည်  လောကကို ပညာဖြင့်အလှဆင်သူများ၊ လောကကိုဂရုဏာဖြင့်ဖြေဖျောက်သူများ၊ အများအကျိုး ကိုယ်ကျိုးမဖက် ဆောင်ရွက်တတ်သူများဖြစ်ကြပါကြောင်း၊ ဆရာ၊ ဆရာမများသည် ကျောင်းသားကျောင်းသူများ၏ စွမ်းရည်သတ္တိနှင့် ကိုယ်ရည်ကိုယ်သွေးပြည့်ဝစေရေးနှင့် နည်းမှန်လမ်းမှန်ရောက်အောင် သွန်သင် ဆောင်ရွက်ပေးကြသူများဖြစ်ကြပါကြောင်း၊ နိုင်ငံတော်ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး လူစွမ်းအားအရင်းအမြစ်များ ထူးချွန်ထက်မြက်ရန်အတွက် ပညာရေးသည် အရေးကြီးသောအခန်း ကဏ္ဍမှာပါဝင်နေပါကြောင်း၊ ဆရာ၊ဆရာမများကလည်း ခေတ်စနစ်နှင့်အညီ  ပြုပြင်ပြောင်းလဲနေသော ပညာရေးစနစ်ကို မျက်ချည်ပြတ်မခံဘဲ အစဉ်လေ့လာသင်ယူပြီး အမြဲကြိုးစားနေရမည့် ထာဝရကျောင်းသားကြီးများ ဖြစ်ပါကြောင်း၊ သို့မှသာ မိမိတို့ရရှိထားသည့် အတတ်ပညာ၊အသိပညာ၊ ဗဟုသုတများကို အနာဂတ်သားကောင်း သမီးမွန်တို့အား လက်ဆင့်ကမ်း ဖြန့်ဝေပေးနိုင်မည်ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်စေရေး၊ အတန်းစဉ်ကူးပြောင်းမှု မြင့်မားစေရေးကိုလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့ကိုယ်တိုင် စည်းကမ်းတကျဖြင့် လုပ်ငန်းတာဝန်များကိုကျေပွန်စွာထမ်းဆောင်ရန်နှင့် စည်းကမ်းလိုက်နာမှု၊ စတစ်တကျရှိမှု၊ သေသပ်ကျနမှုစသည့် အလေ့အကျင့်ကောင်းများဖြင့် ကျောင်းသားကျောင်းသူများပြုစုပျိုးေထာင်ပေးနိုင်ရေးကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း” ဩဝါဒအမှာစကားများပြောကြားသည်။

ဆက်လက်၍ တိုင်းရင်းသားရေးရာဝန်ကြီးက အားပေးအမှာစကားများဆက်လက်ပြောကြားပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်အားအရည်အသွေးမြှင့်ဆွေးနွေးပွဲသို့ မြို့နယ်အလိုက်တက်ရောက်သည့်ဆရာ၊ ဆရာမများက မြို့နယ်အလိုက်မိတ်ဆက်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ထောက်ပံ့ငွေများကိုပေးအပ်ရာ ဘိုကလေးပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့သည်။ အဆိုပါ ဘိုကလေးပညာရေးဒီဂရီကောလိပ်၊ တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲသို့ ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်၊ ဒေးဒရဲ၊ မအူပင်၊ ညောင်တုန်း၊ ပန်းတနော်၊ ဓနုဖြူ မြို့နယ်များမှ သင်တန်းသားသင်တန်းသူ ဆရာမ၊ ဆရာမ (၂၀၀) ကျော်တက်ရောက်ကြောင်းသိရသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည်  သင်တန်းသားသင်တန်းသူဆရာမ၊ ဆရာမ များနှင့်အတူ ခင်မင်ရင်းနှိးစွာနေ့လည်စာအတူတကွသုံးဆောင်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘိုကလေးမြို့နယ်၊ သာပေါင်းလေးကျေးရွာ၊ တောင်သူ ဦးစံသောင်း၏ လယ်မြေ (၇.၅၈) ဧကတွင် ပြုလုပ်သည့် ၂၀၂၃-၂၀၂၄ ခုနှစ် မိုးရာသီပေါ်ဆန်းရင်(၆) မျိုးယှဉ်ပိုင်စမ်းသပ်ကွက် စိုက်ပျိုးထားရှိမှု၊ မြေဩဇာ နှုန်းထားစမ်းသပ်ကွက် စိုက်ပျိုးစမ်းသပ်ထားရှိမှုအား ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဦးမှုးမှ ပေါ်ဆန်းရင်ယှဉ်ပြိုင်စမ်းသပ်စိုက်ပျိုးမှု၊ မြေဩဇာနှုန်းထားစမ်းသပ်ကွက်ဆောင်ရွက်ထားရှိမှုများ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ယှဉ်ပြိုင်စမ်းသပ်ကွက်များမှ အကောင်းဆုံးစံကွက်များစနစ်တကျမှတ်တမ်းထားရှိစေရေး၊ အောင်မြင်အောင်ဆောင်ရွက်စေရေးနှင့် ပေါ်ဆန်းအရည်အသွေးတိုးတက်စေရေး​ဆောင်ရွက်မှာကြားခဲ့ပြီး အထွက်တိုး ရက်(၉၀) မျိုးစပါး စနစ်တကျစိုက်ပျိုးနေမှုအားကြည့်ရှုအားပေးခဲ့သည်။

15-Aug-2023