ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်နယ်အုပ်ချုပ်ရေးမှူးများနှင့် ပြုလုပ်သည့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်နယ်အုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်နယ်အုပ်ချုပ်ရေးမှူးများတက်ရောက်ခဲ့ကြသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီးသည် စီးပွား​ရေး၊ ပညာ​ရေး၊ ကျန်းမာ​ရေးနှင့် တည်ငြိမ်​အေးချမ်း​ရေးမှအစပြု၍ ဘက်​ပေါင်းစုံတွင်​ကောင်းမွန်သည့် အ​ခြေအ​နေအား ဆက်လက်ထိန်းသိမ်း​ ဆောင်ရွက်လျက်ရှိပါ​ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် စိုက်ဧကပြည့်မီရေးနှင့် ပန်းတိုင်အထွက်နှုန်းရောက်ရှိရေး၊ ဧရာဝတီပေါ်ဆန်း မူလအရည်အသွေးပြန်လည်ရရှိေစေရး သုတေသနလုပ်ငန်းများ ပြုလုပ်၍ ဈေးကွက်အတွင်းရောက်ရှိရေး၊ ရပ်နားထားသည့် စက်ရုံအလုပ်ရုံများ အမြန်ဆုံးပြန်လည် လည်ပတ်နိုင်ရေးကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် နွေးစပါး၊ မိုးစပါး(၅၂)သိန်းကျော် စိုက်ပျိုးလျက်ရှိပြီး မိုးစပါး
တစ်ဧက(၁၀)တင်းနှုန်းပိုမိုထွက်ရှိအောင် ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးတွင် ရေတော်မိုးတော် မိုးစပါးစိုက်ဧက၊သဲဆန်ကုန်းချော မိုးစပါးစိုက်ဧကများ ရာနှုန်းပြည့်စိုက်ပျိုးပြီးစီးပြီဖြစ်ပါကြောင်းနှင့် ရေကြီးကွင်း၊ ရေနက်ကွင်း၊ ရေကျနောက်စိုက် ကွင်းများအား မိုးရာသီအမီ ရာနှုန်းပြည့်စိုက်ပျိုးသွားကြရမှာဖြစ်ပါကြောင်း၊ ရိုးပြတ်ကျန်ဧက(၁၁)သိန်း ကျော်တွင်လည်း  နွေစပါးအပါအဝင် စိုက်ပျိုးသီးနှံများ အား သီးထပ်စိုက်ပျိုးနိုင်ရေးဆောင်ရွက်ရန်နှင့် ရေငန်ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်လည်းလိုပါကြောင်း၊ စိုက်ပျိုး၊ မွေးမြူရေးကိုအခြေခံသည့် တိုင်း‌ဒေသကြီးဖြစ်သည်နှင့်အညီ ပန်းတိုင်အထွက်နှုန်းများရောက်ရှိရန် တွန်းတွန်းတိုက်တိုက် ကြပ်ကြပ်မတ်မတ်ဖြင့် သက်ဆိုင်သူများအားလုံးက ပူးပေါင်းဆောင်ရွက်ရန်လိုပါကြောင်း၊ မွေးမြူရေးလုပ်ငန်းများအ နေဖြင့် ငါး၊ ပုစွန် ဂဏန်းမွေးမြူရေးလုပ်ငန်းများတွင် ဖမ်းဆီးခြင်းနှင့်မွေးမြူခြင်းနှစ်မျိုးရှိပြီး စနစ်တကျမွေးမြူခြင်းလုပ်ငန်းများပိုမိုဆောင်ရွက်ပြီး ပြည်တွင်းပြည်ပတင်ပို့ရောင်းချနိုင်ရေးဆောင်ရွက်ရန်လိုပါကြောင်း၊ MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန်အတွက် တိုင်းဒေသကြီး၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှထွက်ရှိသည့်ကုန်ကြမ်းများအား အခြေခံထုတ်လုပ်၍ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်ပြီး ပြည်တွင်းပြည်ပ တင်ပို့ရောင်းချနိုင်ရေးဆောင်ရွက်ရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ ဆီဖူလုံစေရေးအတွက်လည်းကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး မြေပဲ၊ နှမ်း၊ နေကြာ စသည့်ဆီထွက်သီးနှံများအား ရည်မှန်းချက်ထား အကောင်အထည် ဖော်စိုက်ပျိုးလျက်ရှိရာ နေကြာသီးနှံ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်စေရေး ဆီထွက်နှုန်းကောင်းမွန်သည့် အထွက်တိုးနေကြာမျိုးများအသုံးပြုစိုက်ပျိုးရန်၊ မြေနေရာရွေးချယ်ခြင်း၊ မျိုးစုဆောင်းခြင်းများဆောင်ရွက်ထားရှိပြီး တောင်သူများ၊ ဌာနဆိုင်ရာများ အားလုံးတက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်း၊ကိုယ်ပိုင်ပညာသင်ကျောင်း၊ဘုန်းတော်ကြီးသင်ကျောင်းများအပါအဝင် ကျောင်းပေါင်း (၇၂၀၀) ကျော် ဖွင့်လှစ်ထားရှိပြီး ကျောင်းနေအရွယ်ကလေးများ ရာနှုန်းပြည့်ကျောင်းတက်ရောက်နိုင်စေရေး၊ အတန်းစဉ်ကူးပြောင်းမှု မြင့်မားစေရေး သက်ဆိုင်ရာတာဝန်ရှိသူများအားလုံး ကြပ်မတ်ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အဆင့်မီအားကစားကွင်းများတည်ဆောက်နိုင်ရေး၊ မျိုးဆက်သစ်အားကစားသမားများမွေးထုတ်ပေးနိုင်ရေး၊ အားကစားသိပ္ပံများပေါ်ထွက်လာစေရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး အားကစားနည်းအလိုက် အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ သက်တမ်းအလိုက် အားကစားပြိုင်ပွဲများယှဉ်ပြိုင်၍ အဆင့်ဆင့်ရွေးချယ်ထားသည့် လက်ရွေးစင်အားကစားသမားဖြင့် တိုင်းဒေသကြီးဂုဏ်ဆောင်အောင်ပွဲများရရှိစေရေးဆောင်ရွက်ရန်လိုပါကြောင်း၊ မြို့သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ ပြည်သူလူထုအနားယူအပန်းဖြေနိုင်ရေး ပန်းခြံများ၊ ကစားကွင်းများဖော်ဆောင်ရမှာဖြစ်ပါကြောင်း၊ အယ်နီညိုဖြစ်ပွားနိုင်မှုကိုသုံးသပ်ပြီး ဆောင်းသီးနှံနှင့် နွေသီးနှံများ အောင်ရေရရှိရန် ရာသီဥတုခန့်မှန်းတွက်ချက်မှုများဖြင့် ဆောင်ရွက်ရန်လိုပါကြောင်းနှင့် ချောင်းပိတ်၊ မြောင်းပိတ်များကြိုတင်စီမံဆောင်ရွက်ရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် Gasifier ဖြင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ငန်းများဖွံ့ဖြိုးလျက်ရှိရာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေးအတွက် အသိပညာရှင်များ၊ အတတ်ပညာရှင်များ၊ တက္ကသိုလ်များမှ ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူများဖြင့် နည်းပညာပိုင်းဆိုင်ရာများ၊ သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်၍ ရလဒ်ကောင်းများရှာဖွေဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ မြေသယံဇာတ၊ ရေသယံဇာတပေါများပြီး နည်းပညာများဖြင့် ပေါင်းစပ်ဆောင်ရွက်ကြမှာဖြစ်ပါကြောင်း၊ တက်ရောက်လာသူများကလည်း မိမိတို့၏အပိုင်းအလိုက် လုပ်ငန်းများအောင်မြင်စေရန် ကြိုးပမ်းဆောင်ရွက်ရန်လိုပါကြောင်း”အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးမှူးများက ခရိုင်အလိုက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEsလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေအားလည်းကောင်း၊ တိုင်းအဆင့် ဌာနဆိုင်ရာများက သက်ဆိုင်ရာဌာနအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအားလည်းကောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီး များက  ကွပ်ကဲမှုအောက်ရှိ ဌာနများနှင့်ပတ်သက်၍လည်းကောင်းအသီးသီးရှင်းလင်းတင်ပြခဲ့ကြပြီးနောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသူများ၏ အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်းသိရသည်။

14-Aug-2023