တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့နယ်၊ လပွတ္တာမြို့နယ်များရှိ Solar Mini-Grid မီးလင်းရေးအခမ်းအနားအား တက်ရောက်ဖွင့်လှစ်ပေး
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ မဟာဓါတ်အားလိုင်းပြင်ပ ကျေးလက်မီးလင်းရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး မြောင်းမြမြို့နယ်နှင့်လပွတ္တာမြို့နယ်များရှိ ကျေးရွာများတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ၆၀%၊ ကုမ္ပဏီမှ ၂၀%၊ ကျေးရွာမှ ၂၀% ထည့်ဝင်ငွေများဖြင့် ဆိုလာအသေးစားလျှပ်စစ် ဓါတ်အားလိုင်းစနစ်( Solar Mini-Grid)မီးလင်းရေးဖွင့်ပွဲအခမ်းအနားများအား ယနေ့နံနက်ပိုင်းကကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ဦးစွာ တိုင်းဒေသတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့နယ်၊ ကွမ်းခြံကြီးကျေးရွာရှိ ဆိုလာအသေးစားလျှပ်စစ် ဓါတ်အားလိုင်းစနစ် (Solar Mini-Grid) မီးလင်းရေးအခမ်းအနားအားတက်ရောက်ခဲ့ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ခြေအနေများအားရင်းရင်းနှီးနှီးမေးမြန်းခဲ့သည်။ ဆက်လက်၍ ဆိုလာအသေးစားလျှပ်စစ် ဓါတ်အားလိုင်းစနစ်( Solar Mini-Grid)မီးလင်းရေးဖွင့်ပွဲတက်ရောက်၍ အခမ်းအနားအား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကာ ကမ္ဗည်းမော်ကွန်းအား စက်ခလုပ်နှိပ်၍ဖွင့်လှစ်ပေးသည်။
ထို့နောက်တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ဆက်လက်ပက်ဖျန်းပေးပြီး Mini-Gridမီး လင်းရေးဆောက်ရွက်ထားရှိမှု၊ လျှပ်စစ်မီးသုံးစွနိုင်မှုအခြေအနေများနှင့် ကွမ်းခြံကြီးကျေးရွာအတွင်းလျှပ်စစ်ဓာတ်အားများစတင်အသုံးပြုနေသည့် ပိုင်ရှင်ဦးကျော်စွာလှိုင်၏ ရေခဲစက်လုပ်ငန်း၊ ကျေးလက်ကျန်းမာရေးဌာနများသို့ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
မြောင်းမြမြို့နယ်၊ ကွမ်းခြံကြီးကျေးရွာ၌ ကျေးလက်ဒေသသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကုမ္ပဏီနှင့် ကျေးရွာနေပြည်သူများ၏ ထည့်ဝင်ငွေများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ၎င်းကျေးရွာရှိ အိမ်သုံးနှင့်အသေးစားစက်မှုလက်မှုလုပ်ငန်းသုံး(၂၈၅)အိမ်ခြေသည်(180kw)ဆိုလာအသေးစား ဓာတ်အားလိုင်းစနစ်ဖြင့် လျှပ်စစ်ဓာတ်အားများစတင် အသုံးပြုလျက်ရှိကြောင်းသိရသည်။
ထို့အတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ လပွတ္တာမြို့နယ်၊ ရွှေပြည်သာကျေးရွာရှိ ဆိုလာအသေးစားလျှပ်စစ် ဓါတ်အားလိုင်းစနစ်(Solar Mini-Grid) မီးလင်းရေးအခမ်းအနားအားတက်ရောက်ခဲ့ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ခြေအနေများအားရင်းရင်းနှီးနှီးမေးမြန်းခဲ့သည်။ ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပြီးစီးသည့် လမ်းအရှည်၆၅၀ပေ၊ အကျယ်၅ပေနှင့် ထု၆လက်မရှိ ကွန်ကရစ်လမ်းအားဖွင့်လှစ်ပေးသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ရွှေပြည်သာကျေးရွာ၊ ဆိုလာအသေးစားလျှပ်စစ် ဓါတ်အားလိုင်းစနစ်(Solar Mini-Grid) မီးလင်းရေးအခမ်းအနားအား တာဝန်ရှိသူများနှင့်အတူ ဆက်လက်ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကာ ကမ္ဗည်းမော်ကွန်းအား စက်ခလုပ်နှိပ်၍ဖွင့်လှစ်ပေးသည်။ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ဆက်လက်ပက်ဖျန်းပေးပြီး Mini-Gridမီး လင်းရေးဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
လပွတ္တာမြို့နယ်၊ ရွှေပြည်သာကျေးရွာတွင်ကျေးလက်ဒေသသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကုမ္ပဏီနှင့် ကျေးရွာနေပြည်သူများ၏ ထည့်ဝင်ငွေများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ၎င်းကျေးရွာရှိ အိမ်သုံးနှင့်အသေးစားစက်မှုလက်မှုလုပ်ငန်းသုံး(၈၀)အိမ်ခြေသည်(100kw)ဆိုလာအသေးစား ဓာတ်အားလိုင်းစနစ်ဖြင့် လျှစ်စစ်ဓာတ်အားများစတင် အသုံးပြုလျက်ရှိကြောင်းသိရသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ ရွှေပြည်သာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲသို့သွားရောက်၍ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံခဲ့ပြီး လိုအပ်သည်များတင်ပြမှုအပေါ် သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ လပွတ္တာမြို့နယ်၊ ကြာကန်ကျေးရွာရှိ ရတနာထွန်းဆန်စက်သို့ သွားရောက်၍ စပါးခွံလောင်စာသုံး Gasifier ဖြင့်စက်ရုံလည်ပတ်မှုအခြေအနေများ၊ Gasifier စနစ်မှထွက်ရှိသည့်ရေဆိုးများအား ရေစစ်ကန် စနစ်ဖြင့်ဆောင်ရွက်ထားရှိမှုအခြေအနေများအား လိုက်လံရှင်းလင်း ပြသရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က Gasifier စနစ်မှထွက်ရှိသည့်စွန့်ပစ်ပစ္စည်းများသည် သဘာဝပတ်ဝန်းကျင်အား ထိခိုက်ညစ်ညမ်းမှုမရှိစေရန်နှင့် သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများနှင့်အညီ လည်ပတ်မောင်းနှင်ရန်၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန တို့မှကွင်းဆင်းစစ်ဆေးခဲ့ပြီး အကြံပြုချက်များအပေါ် စနစ်တကျလိုက်နာဆောင်ရွက်စေရန်နှင့် လေထုညစ်ညမ်းမှုမရှိစေရေး၊ စွန့်ပစ်ပစ္စည်းများမှ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး စနစ်တကျဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး ဆန်စက်လည်ပတ်မှုအားကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။