တိုင်းဒေသကြီးဝန်ကြီးချုပ် လပွတ္တာမြို့နယ်အတွင်းရှိ မွေးမြူရေးလုပ်ငန်းများအားကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက လပွတ္တာမြို့နယ်အတွင်းရှိ မွေးမြူရေးလုပ်ငန်းများအား ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် လပွတ္တာမြို့နယ်၊ ဇင်ရွဲလေးကျေးရွာအနီးရှိ ပိုင်ရှင်ဦးလှစိုး၏ ဂဏန်းမွေးမြူရေးကန်သို့ သွားရောက်ခဲ့ပြီး ဂဏန်းမွေးမြူထားရှိမှု၊ နေ့စဉ်ဈေးကွက်အတွင်းသို့ တင်ပို့ရောင်းချမှု အခြေအနေများကိုမေးမြန်းခဲ့ပြီး ဂဏန်းမွေးမြူထားရှိမှုများကို လှည့်လည်ကြည့်ရှုခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် လပွတ္တာ-သင်္ကန်းကြီးကားလမ်းဘေးဝဲယာရှိ လယ်ကွင်းများတွင် မိုးစပါးစိုက်ပျိုးဆောင်ရွက်ထားရှိများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူး၊ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးမှုး၊ တိုင်းဒေသကြီးဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးမှူးများက လပွတ္တာမြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးဆောင်ရွက်ထားရှိမှုများ၊ စိုက်ပျိုးဧရိယာများ ရေချိုရရှိမှုအခြေအနေများ၊ စိုက်ပျိုးဧရိယာများအတွင်းသို့ ရေငံဝင်ရောက်မှုမရှိအောင် ရေငံတားတာများဖြင့် ကာကွယ်ထားရှိမှုများ၊ ရေငံတားတာ အပြင်ဘက်ရှိ လယ်မြေများအား ရေငံဒဏ်ခံနိုင်သည့် စပါးမျိုးများ စိုက်ပျိုးထားရှိမှုများအား ရှင်းလင်းတင်ပြခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံေငွဖြင့်ဆောင်ရွက်သည့် လပွတ္တာ-သင်္ကန်းကြီးကားလမ်း (၂/၃)မိုင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်း၊ ဘိုးပိုင်အခြေပြုကျောက်စီမြေထိန်းနံရံတည်ဆောက်ခြင်းနှင့် ရေထဲပိုင်းနိုင်လွန်ပိုက်ထုပ်ကျောက်ကြီးချခြင်း အလျား(၁၇၀)ပေ လုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် လပွတ္တာမြို့နယ် တက်စ်ကမ်မရိန်းကုမ္အဏီလိမိတက်သို့ သွားရောက်ခဲ့ပြီး ဂဏန်း၊ ပုစွန်မွေးမြူရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံခဲ့ရာ အဆိုပါကုမ္ပဏိလိမိတက်မှမန်နေဂျာက စက်ရုံစတင်တည်ထောင်မှု၊ ရေထွက်ကုန်ပစ္စည်း ဂဏန်းပျော့ မွေးမြူ ထုတ်လုပ် တင်ပို့ရောင်းချမှုများ၊ ကကတစ်သားပေါက်မွေးမြူခြင်းလုပ်ငန်းများအားလည်းကောင်း၊ ဂဏန်း၊ ပုစွန်မွေးမြူရေးလုပ်ငန်းရှင်များက ပုစွန်သားပေါက် ဝယ်ယူရရှိမှု၊ ဈေးကွက်အတွင်း တင်ပို့ရောင်းချမှုအခြေအနေများနှင့် လုပ်ငန်းအခက်အခဲများကို တင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တက်စ်ကမ်မရိန်းကုမ္ပဏီလိမိတက်မှ သားပေါက်ကန်များတွင် ကကတစ်သားပေါက်ကောင်ရေ နှစ်သိန်းခွဲမွေးမြူထားရှိမှု၊ မြေသားကန်များအတွင်း ကကတစ်ငါးအကောင်ရေ နှစ်သိန်းခုနှစ်သောင်း မွေးမြူထားမှုရှိမှုများနှင့် ဂဏန်းကန်များတွင် ဂဏန်းများ မွေးမြူထားရှိမှုများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ ကျောက်ဖြူကျေးရွာရှိ ဦးကျော်ထွန်းမြင့်၏ ရေချိုပုစွန်ကန်များတွင် ပုစွန်သားပေါက်အကောင်ရေ လေးသိန်းနှစ်သောင်းမွေးမြူထားရှိမှထားမှုအားလည်းကောင်း၊ မြောင်းမြ-လပွတ္တာကားလမ်းဘေး ရေဆိုင်ကျေးရွာအုပ်စုရှိ ပိုင်ရှင်ဦးဝင်းဇော်ထွန်း၏ ငါးမြစ်ချင်းကောင်ရေ နှစ်သိန်းမွေးမြူထားရှိမှုများအား ကြည့်ရှုအားပေးပြီး ဈေးကွက်အတွင်း စျေးနှုန်းသက်သာစွာ တင်ပို့ရောင်းချနိုင်ရေးနှင့် တိုးချဲ့မွေးမြူနိုင်ရေးလမ်းညွှန်မှာကြားခဲ့သည်။