အနောက်တောင်တိုင်းစစ်ဌာနချုပ် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့ ပုသိမ်တပ်နယ်မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုများကိုတိုင်းဒေသကြီး ဝန်ကြီးချုပ် ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ကက္ကူကြီးကျေးရွာ၊ ရာဇသေနဆုတောင်းပြည့်ကျောင်းတိုက်အတွင်း၌ အနောက်တောင်တိုင်းစစ်ဌာနချုပ် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့ ပုသိမ်တပ်နယ်မှ ဆရာဝန်၊ သူနာပြုများက ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးတို့နှင့်အတူ ကြည့်ရှု၍ အားပေးစကားများပြောကြားခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အထွေထွေရောဂါကုသမှုပါရဂူ၊ သားဖွားမီးယပ်ကုသမှုပါရဂူ၊ ခွဲစိပ်ကုသမှုပါရဂူ၊ မျက်စိကုသမှုပါရဂူ၊ သွားနှင့်ခံတွင်းကုသမှု ပါရဂူများက ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေများကို ကြည့်ရှုအားပေးကာ ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပြီး လာရောက်ဆေးကုသမှုခံယူသည့် ဒေသခံများအား စားသောက်ဖွယ်ရာများ ထောက်ပံ့လှူဒါန်းခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အဆိုပါကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော် ဥူးပညောဘာသအား ဖူးမြော်ကြည်ညိုကာ သာသနာရေးဆိုင်ရာ ကိစ္စရပ်များအား လျှောက်ထားတင်ပြခဲ့ပြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ အနောက်တောင်တိုင်းစစ်ဌာနချုပ် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့ ပုသိမ်တပ်နယ်အနေဖြင့် အထွေထွေရောဂါ(၁၀၉)ဦး၊ ခွဲစိပ်ကုသမှု(၁၀)ဦး၊ မျက်စိဝေဒနာရှင်(၄၁)ဦး၊ သားဖွားမီးယပ်( ၈ )ဦး၊ သွားနှင့်ခံတွင်း (၁၂)ဦး၊ စုစုပေါင်း (၁၈၀)ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ကြောင်းသိရသည်။