လယ်ယာစိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

လယ်ယာစိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးအား ယနေ့ညနေပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ(၁)၌ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing  စနစ်ဖြင့် တက်ရောက်ခဲ့ ကြသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က " မိမိတို့တိုင်းဒေသကြီး သည် စိုက်ပျိုးရေးတိုင်းဒေသကြီးဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် သီးနှံ အထွက်နှုန်းကို ပန်းတိုင်အထွက်နှုန်းရရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မိုးစပါး တစ်ဧက(၁၀)တင်းနှုန်း ပိုမိုတိုးတက်ထွက်ရှိရေး အတွက်လည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ အထွက်နှုန်းတိုးတက်စေရေးအတွက် မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခြင်း၊ သုတေ သနပြု လုပ်ငန်းများဆောင်ရွက်ခြင်း၊ မျိုးကောင်း မျိုးသန့်များစိုက်ပျိုးခြင်းနှင့် စိုက်နည်းစနစ်များ ပြောင်းလဲစိုက်ပျိုးလျက်ရှိပါကြောင်း၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် လာမည့်နှစ်တွင် တိုင်းဒေသကြီးအတွင်းရှိ စိုက်ဧကအားလုံး ပိုက်ဆံလျှော်ထည့်သွင်းစိုက်ပျိုးနိုင်ရေး ဆောင်ရွက် လျက်ရှိပါကြောင်း၊ စားသုံးဆီဖူလုံရေး အတွက် ဆီထွက်သီးနှံများဖြစ်သည့် နေကြာ၊ နှမ်း၊ မြေပဲ သီးနှံများကိုလည်း တိုးချဲ့စိုက်ပျိုးပြီး အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊ ပီလောပီနံ၊ ငရုတ်ကောင်းနှင့် ကော်ဖီသီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက်လည်း ဆောင်ရွက်ကြရန်လိုကြောင်း၊ စွမ်းအားပြည့်စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးမြေများအားလုံး သီးထပ် စွမ်းအား ပြည့်စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ပြီး ပန်းတိုင်အထွက်နှုန်း ရောက်ရှိအောင် အားလုံးတက်ညီလက်ညီဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ရေငံဝင်ရောက်သည့် ဒေသများတွင် စပါးတစ်သီးတည်းစိုက်ပျိုးခြင်းထက် ပိုမိုအကျိုးရှိနိုင်မည့် ရေငန် ငါး၊ ပုစွန် မွေးမြူရေး ဆောင်ရွက်နိုင်မည့် အခြေအနေများကို စိစစ်တင်ပြရန်နှင့် စားရေရိက္ခာဖူလုံရေး အတွက် မွေးမြူရေးထုတ်ကုန်များကိုလည်း တိုးတက်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများအပေါ် အခြေခံသည့် ထုတ်ကုန်ပစ္စည်းများ အား တန်ဖိုးမြှင့်ကုန်ပစ္စည်းများအဖြစ်သို့ ပြောင်းလဲထုတ်လုပ်နိုင်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် MSME လုပ်ငန်းများကို အားပေးသည့်လုပ်ငန်းများဆောင်ရွက်ရန်၊ တာဝန်ရှိသူအဆင့်ဆင့် အနေဖြင့် မြေပြင်အရောက် ကွင်းဆင်းစစ်ဆေးရန်" အမှာစကား ပြောကြားခဲ့ပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန တိုင်းဦးစီးမှူးက ၂၀၂၂-၂၀၂၃ ခုနှစ် ရိုးပြတ်ကျန်ဧရိယာများအပေါ် နှစ်အလိုက်ဖော်ထုတ်မည့် အခြေအနေနှင့် စပါးတစ်ဧက(၁၀)တင်းနှုန်း ပိုမိုတိုးတက်ထွက်ရှိရေး မျိုး၊ မြေ၊ ရေ၊ နည်း ဆောင်ရွက်မည့် အစီအမံများ၊ ၂၀၂၃-၂၀၂၄ခုနှစ်၊ ပီလောပီနံစိုက်ပျိုးပြီးစီးမှုအခြေအနေများ၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူးက ငရုတ်ကောင်းတိုးချဲ့စိုက်ပျိုးနိုင်မည့် အခြေ အနေများ၊ တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးမှူးက ရေငန် ငါး၊ ပုစွန် မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက လုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်ပြီစီးမှုအခြေအနေများအား ဆွေးနွေးတင်ပြခဲ့ကြပြီး အစည်းအဝေးသို့ တက်ရောက် လာသူများ၏ အထွေထွေဆွေးနွေး တင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

26-Jul-2023