ဧရာဝတီတိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်​မောင်ဝင်း အပြည်ပြည်ဆိုင်ရာ ဒီ​ရေ​တော​ဂေဟစနစ် ထိန်းသိမ်း​ရေး​နေ့အထိမ်းအမှတ်၊ ၂၀၂၃ ခုနှစ် မိုးရာသီ ဒီ​ရေ​တောသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတက်​ရောက်

ဧရာဝတီတိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်​မောင်ဝင်းသည် တိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ယ​နေ့ ည​နေပိုင်းတွင် ဖျာပုံခရိုင်၊ ဘိုက​လေးမြို့နယ်၊ ချောင်းဗြဲကြီး​ကျေးရွာ၊ ကဒုံကနိ​ကြိုးဝိုင်း၊ အကွက်အမှတ် (၆၀)နှင့် ဂွေး​ချောင်းကြီး​ကျေးရွာ၊ ကဒုံကနိကြိုးဝိုင်း၊ အကွက်အမှတ် (၅၃)တို့တွင် ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ ဒီ​ရေ​တော​ဂေဟစနစ် ထိန်းသိမ်း​ရေး​နေ့အထိမ်းအမှတ်၊ ၂၀၂၃ ခုနှစ် မိုးရာသီ ဒီ​ရေ​တော သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားသို့တက်​ရောက်ခဲ့ပြီး ​ဌာနဆိုင်ရာများ၊ ​ဒေသခံပြည်သူများနှင့်အတူ  ပျိုးပင်များအား စိုက်ပျိုးခဲ့ပါသည်။ ထို့​နောက် တိုင်းဒသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများမှ ဒီ​ရေ​တောစိုက်ခင်းတွင် ပျိုးပင်များ စု​ပေါင်းစိုက်ပျိုး​နေမှုများအား လိုက်လံကြည့်ရှုအား​ပေးခဲ့ကာ ​ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပါသည်။ 

အဆိုပါ အပြည်ပြည်ဆိုင်ရာ ဒီ​ရေ​တော​ဂေဟစနစ် ထိန်းသိမ်း​ရေး​နေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပွဲတွင် သမဲ့ကြီး၊ ဗြူး​ရွှေဝါ၊ ကျန၊ လမု၊ အုန်း ပျိုးပင်စုစု​ပေါင်း အပင် (၂၇၀၀)ခန့်စိုက်ပျိုးခဲ့ပြီး ဧရာဝတီတိုင်း​ဒေသကြီးအတွင်း ၂၀၂၃ ခုနှစ်၊ မိုးရာသီတွင် ဘိုက​လေးမြို့နယ်နှင့် လပွတ္တာမြို့နယ်တို့၌ ဒီ​ရေ​တောစိုက်ဧကစုစု​ပေါင်း(၂၄၀၀)ဧက စိုက်ပျိုးခဲ့​​ကြောင်း သတင်းရရှိပါသည်။

25-Jul-2023