Gasifier ဖြင့်လည်ပတ်သည့် ဆန်စက်များကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှူမရှိစေရေး စစ်ဆေးကြပ်မတ်

ဧရာဝတီတိုင်းဒေသကြီးသည် Gasifierဖြင့် လည်ပတ်သည့် ဆန်စက်အများဆုံးရှိရာ တိုင်းဒေသကြီးဖြစ်ပြီး Gasifier စက်ရုံမှ စွန့်ပစ်ပစ္စည်းများကြောင့် သဘာပတ်ဝန်းကျင်နှင့် မြစ်၊ ချောင်း၊ အင်း၊ အိုင်များရှိ ရေနေသတ္တဝါများ ထိခိုက်ပျက်စီးမှုများမရှိစေရေးအတွက် ဖျာပုံခရိုင်အတွင်း Gasifier ဖြင့်လည်ပတ်သည့် ဆန်စက်များအား ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးကြပ်မတ်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဖျာပုံမြို့နယ်၊ သလိပ်ကြီးကျေးရွာအုပ်စု၊ သလိပ်ကလေးကျေးရွာရှိ Dry Type System အား အသုံးပြု၍ Gasifier ဖြင့်လည်ပတ်နေသည့် ရွှေပြည်မိုးအဆင့်မြင့် ဆန်စက်သို့သွားရောက်စစ်ဆေးခဲ့ရာ တာဝန်ရှိသူများက Dry Type System ဖြင့်လည်ပတ်ခြင်း​ကြောင့် စပါးခွံမီးဖိုမှ ထွက်ရှိလာ​သော ဖွဲပြာများကို အ​အေး​ပေးစနစ်ဖြင့် အ​အေးခံပြီး လွန်စနစ်ဖြင့်သယ်ယူ၍ ​လေစိမ်းမဝင်​စေရန် Air Lock စနစ်ထားရှိကာ ပြာဖမ်းကန်ဖြင့် ဖွဲပြာအ​ခြောက်များကိုဖမ်းယူခြင်း၊ ကတ္တရာပါဝင်သည့်ဓါတ်​​ငွေ့များကို ​ရေဖျန်းဆလင်ဒါ ၄ လုံးဖြင့်သန့်စင်ပြီး ထိုမှတစ်ဆင့် ​လေစစ် သံ ဆလင်ဒါအိုး Filter ၃ လုံးဖြင့် ထပ်မံသန့်စင်​စေ၍ ထွက်ရှိလာသည့် စပါးခွံဓါတ်​​ငွေ့ကို ပြင်ပ​လေ(​အောက်စီဂျင်) နှင့်​ရောစပ်လျှက် အင်ဂျင်၏ Gas Chamber သို့ပို့လွှတ်​ပေးကာ အင်ဂျင်ကိုလည်ပတ်​စေ၍ လျှပ်စစ်ထုတ်ယူခြင်း၊ စပါးခွံမီးဖိုအတွင်းတွင် ပြာနှင့်​ရေ တိုက်ရိုက်ထိ​တွေ့မှုမရှိ​စေဘဲ ဖွဲပြာအ​ခြောက် သီးသန့်ထွက်ရှိ​စေသည့်စနစ်ဖြစ်သဖြင့် ​ညစ်ညမ်း​ရေဆိုးထွက်ရှိမှု မရှိခြင်းတို့အား  လိုက်လံရှင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က Gasifier စနစ်ဖြင့် ဆန်ကြိတ်ခွဲမှုလုပ်ငန်းအဆင့်ဆင့်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ 

ယင်းနောက် အဆိုပါစက်ရုံ၌ပင် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဟင်္သာတနည်းပညာတက္ကသိုလ် ဒုတိယပါ​မောက္ခချုပ်၊ မအူပင်နည်းပညာတက္ကသိုလ်နှင့် မအူပင်တက္ကသိုလ်တို့မှ ပါ​မောက္ခဌာနမှူးများ၊  ပညာရှင်များ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ “တိုင်းဒေသကြီးအတွင်း၌ Gasifierဖြင့် လည်ပတ်သည့်စက်ရုံ ၄၅၀ ​ကျော်ရှိပါကြောင်း၊ တိုင်း​ဒေသကြီးသည် လယ်ယာစိုက်ပျိုး​ရေးကို အဓိကထားလုပ်ကိုင်ကြသည့် တိုင်း​ဒေသကြီးဖြစ်ပါ​ကြောင်း၊ နှစ်စဥ် မိုးစပါး တင်း သိန်းပေါင်း ၄​ ထောင်​ကျော်ထွက်ရှိပြီး ယင်းတို့ကိုကြိတ်ခွဲရာမှ စပါးခွံ တန်ချိန် (၁၉)သိန်းခန့် ထွက်ရှိ​နေပါ​ကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် စပါးခွံ​လောင်စာသုံး Gasifier အများဆုံးအသုံးပြုသည့် တိုင်းဒေသကြီးဖြစ်ပြီး လျှပ်စစ်လိုအပ်ချက်အတွက် တစ်ဖတ်တစ်လမ်းမှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဆန်စက်များအနေဖြင့်  Gasifierအသုံးပြုလည်ပတ်၍ ထုတ်ကုန်များတိုးမြှင့်ထုတ်လုပ်နိုင်သည်ကို တွေ့မြင်ရမှာဖြစ်ပြီး Gasifierအသုံးပြုလည်ပတ်သည့် ဆန်စက်များအနေဖြင့်လည်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးကိုလည်း အထူးအလေးထားလိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ စပါးခွံ​လောင်စာသုံး Gasifier စနစ်အသုံးပြု၍ လည်ပတ်​နေကြသည့် စက်ရုံများစွာရှိသည့်အနက် အ​ကောင်းဆုံးနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိ​အောင် လည်ပတ်နိုင်သည့် နည်းပညာများကို အသုံးပြုရမှာဖြစ်ပါ​ကြောင်း၊ စပါးကြိတ်ခွဲရာမှ ထွက်ရှိသည့် စပါးခွံများအား လောင်စာတောင့် ထုတ်လုပ်ခြင်းဖြင့် သစ်တောပြုန်းတီးမှုကိုလည်း လျော့ကျစေမည်ဖြစ်ပါကြောင်း၊ Gasifier လုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေး၊ နည်းပညာများ တိုးတက်ပြောင်းလဲရေးနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိ​စေ​ရေးအတွက် ဌာနဆိုင်ရာများ၊ တက္ကသိုလ်များမှ ပညာရှင်များ၊ ကျွမ်းကျင်ပညာရှင်များမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း”လမ်းညွှန်အမှာစကားများ ပြောကြားခဲ့သည်။

25-Jul-2023