တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း မအူပင်မြို့၊ အမှတ်စဉ် (၂/၂၀၂၃)ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင့် ပြုပြင်ထိန်းသိမ်းမှုအခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားအားတက်ရောက်၊ ညောင်တုန်း၊ ပန်းတနော်မြို့နယ်များရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကြည့်ရှုအားပေး

အမှတ်စဉ်(၁/၂၀၂၃)ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ပြုပြင်ထိန်းသိမ်းမှုအခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက မအူပင်မြို့၊ အမှတ်(၅) အလတ်စားစက်ပြင်အလုပ်ရုံ၌ ပြုလုပ်ခဲ့ရာ သင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင် ပြုပြင်ထိန်းသိမ်းမှုအခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးတိုင်းဖြစ်ပြီး မိုးစပါး၊နွေးစပါး ဧက ၅၂ သိန်းကျော် စိုက်ပျိုးလျက်ရှိပါကြောင်း၊ ပန်းတိုင်အထွက်နှုန်းရောက်ရှိရန် လိုအပ်နေသေးပြီး ပန်းတိုင်အထွက်နှုန်းမရောက်သေးမီ ကာလစပ်ကြား တစ်ဧက(၁၀)တင်းနှုန်း ပိုမိုတိုးတက်ထွက်ရှိရေးအတွက် ယခုမိုးစပါးစိုက်ပျိုးရာသီမှစတင် ဆောင်ရွက်လျက်ရှိပါကြောင်း၊အထွက်နှုန်းများ တိုးတက်ရန်အတွက်  မျိုးကောင်းမျိုးသန့်စပါးများဖြင့် ပြောင်းလဲစိုက်ပျိုးခြင်း၊ စိုက်ပျိုးနည်းစနစ်ပြောင်းလဲစိုက်ပျိုးခြင်းများ လုပ်ဆောင်ရမည်ဖြစ်ပြီး မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုက်ဆံလျှော် (သစ်စိမ်းမြေသြဇာ)ထည့်သွင်းစိုက်ပျိုးခြင်း စသည့်မြေပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ရိတ်သိမ်းခြွေလှေ့စက်များပေါ်လာပြီးနောက်ပိုင်း တောင်သူများအနေဖြင့် ရိတ်သိမ်းခြွေလှေ့စက်များကို အားထားအသုံးပြုလာပါကြောင်း၊ ရိတ်သိမ်း​ချွေ​လှေ့စက်များအသုံးပြုရာတွင်စက်​မောင်းများစနစ်တကျက်ိုင်တွယ်ထိန်းသိမ်းမောင်းနှင်နိုင်စေရေး နွေစပါးအပြီးမိုးစပါးမရိတ်သိမ်းမီ သင်တန်း​ပေးရခြင်းဖြစ်ပါ​ကြောင်း၊ ဆက်လက်ပြီးဆင့်ပွားသင်တန်းများပို့ချသွားမည်ဖြစ်ပါ​ကြောင်း၊ ရိတ်သိမ်းချိန်တွင် အ​လေအလွင့်ထိန်းနိုင်ပါကပိုမိုအထွက်တိုးလာမည်ဖြစ်သဖြင့် တစ်ဧက၁၀တင်းနှုန်းပိုမိုထွက်ရှိ​ရေးဆောင်ရွက်ရာတွင် များစွာအကျိုးရှိမည်ဖြစ်​ကြောင်း၊ စက်မှုလယ်ယာဦးစီးဌာနသာမက ကုမ္ပဏီများကလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း၊သင်တန်းသားများအနေဖြင့် စာတွေ့ လက်တွေ့ သင်ကြားပို့ချမှုများကို ကြိုးစားသင်ယူကြစေလိုကြောင်း”အမှာစကားပြောကြားသည်။

ဆက်လက်၍ စက်မှုလယ်ယာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက သင်တန်းဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းတင်ပြပြီးနောက် သင်တန်းကြီးကြပ်သူနှင့် နည်းပြဆရာများက တစ်ဦးချင်းဂါဝရပြုမိတ်ဆက်ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။ အဆိုပါ စက်မှုလယ်ယာနှင့် Good Brother ကုမ္ပဏီတို့မှပူးပေါင်းဖွင့်လှစ်သည့် အမှတ်စဉ်(၂/၂၀၂၃)ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင်ပြုပြင်ထိန်းသိမ်းမှုအခြေခံသင်တန်းအား ယနေ့မှစ၍ ဩဂုတ်လ(၄) ရက်နေ့အထိသင်ကြားပို့ချသွားမှာဖြစ်ပြီး သင်တန်းသား ( ၅၉) ဦးတက်ရောက်သင်ကြားလျက်ရှိကြောင်းသိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မအူပင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ပြုလုပ်သည့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက မိုးစပါးတစ်ဧက(၁၀)တင်းနှုန်းပိုမိုတိုးတက်ထွက်ရှိရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအားလည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး မိုးစပါးတစ်ဧက (၁၀)တင်းနှုန်းပိုမိုတိုးတက်ထွက်ရှိရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအားလည်းကောင်း၊ သမဝါယမဦးစီးဌာန  တိုင်းဒေသကြီးဦးစီးမှူးက သမဝါယမလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေအားလည်းကောင်း၊  စိုက်ပျိုးရေးဦးစီးဌာန တိုင်း၊ခရိုင်ဦး စီးမှူးတို့က စပါး၊နေကြာသီးနှံနှင့် အခြားသီးနှံများ စိုက်ပျိုးရာတွင် သတိပြုလိုက်နာရမည့်အချက်များ၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ထည့်သွင်းရာတွင် အကျိုးရှိမှုအခြေအနေများနှင့်  ဇီဝမြေဩဇာ၊ သဘာဝမြေဩဇာထည့်သွင်း အသုံးပြုစိုက်ပျိုးနိုင်ရေးတို့အားလည်းကောင်း၊ လယ်ယာမြေစီမံခန့်ခွဲမှုနှင့်စာရင်းအင်းဦးစီးဌာန တိုင်းဦးစီးမှူးက ကြဲခင်းဧက၊ စိုက်ခင်းဧကများနှင့်စိုက်ပျိုးမှုနှင့် အထွက်နှုန်းတိုးတက်ရန် ရွေးချယ်စိုက်ပျိုးသင့်သည့် မျိုးစပါးများအားလည်းကောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးက ကုန်ဈေးနှုန်းကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးဆောင်ရွက်ရာတွင် ကိန်းဂဏန်းအချက်အလက်များမှန်ကန်ရေးကိစ္စရပ်များအားလည်းကောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီမှစ၍ တစ်ဧက(၁၀)တင်းနှုန်းပိုမိုတိုးတက်ထွက်ရှိရေးအတွက် ပြီးခဲ့သည့် တောင်သူလယ်သမားနေ့တွင် ဆွေးနွေးပွဲများပြုလုပ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ တစ်ဧကအထွက်နှုန်းတိုးတက်စေရေးအတွက် အထွက်နှုန်းတိုးသည့် မျိုးစပါးများအား ရွေးချယ်စိုက်ပျိုးကြစေလိုကြောင်း၊ စိုက်နည်းစနစ်များ ပြောင်းလဲစိုက်ပျိုးရန် ရည်မှန်းထားသည့် ဧကများသည်လည်း အမှန်တကယ်ပြောင်းလဲစိုက်ပျိုးရန် လိုအပ်ပါကြောင်း၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးဆောင်ရွက်ရာတွင် မအူပင်ခရိုင်သည် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအနေဖြင့် အများဆုံးခရိုင်ဖြစ်ပါကြောင်း၊ ဆန်စက်များသည်လည်း ရန်ကုန်မြို့နှင့် အနီးဆုံးတွင်ရှိပါကြောင်း၊ တိရစ္ဆာန်အစာ ဈေးနှုန်းကြီးမြင့်မှုများကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန်လိုပါကြောင်း၊ မအူပင်ခရိုင်သည် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများဖြင့်အလားအလာကောင်းသည့် ခရိုင်ဖြစ်သဖြင့် ဆီဖူလုံရေးအတွက် နေကြာသီးနှံတိုးချဲ့စိုက်ပျိုးရန်လိုပါကြောင်းနှင့် ပီလောပီနံကိုလည်း တိုးချဲ့စိုက်ပျိုးနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်း” မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် မအူပင်မြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ရွှေဘုန်းမြင့်စေတီတော်မြတ်ကြီးအား ပန်း၊ရေချမ်း၊ဆီမီးတို့ဖြင့် ဖူးမြော်ကြည်ခဲ့ပြီး  ဝန်ကြီးချုပ်သည် စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်၊ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ပြုပြင်မွမ်းမံခြင်း လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအား ကြည့်ရှုစစစ်ဆေးကာ လုပ်ငန်းများအမြန်ဆုံးဆောင်ရွက်နိုင်စေရေးမှာကြားခဲ့ပြီး အလှူငွေများ  ပေးအပ်လှူဒါန်းခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မအူပင်မြို့နယ်၊ ဝါးတောကျေးရွာရှိ တောင်သူ ဒေါ်ခင်နန်းကြည်၏ တစ်နိုင်တစ်ပိုင် ဟင်းသီးဟင်းရွက်စိုက်ခင်း (​ေကျာက်ဖရုံ) ၀.၁၆ ဧက၊ စိုက်ပျိုးဖြစ်ထွန်း အောင်မြင်နေမှုကို ကြည့်ရှုအားပေးခဲ့သည်။ ထို့အတူ ညောင်တုန်းမြို့နယ်၊ ထိပ်ဝလေးကျေးရွာ၊ တောင်သူဦးသန်းလွင်၏ ရုံးပတီ၊ သခွား (၁.၁၀)ဧက စိုက်ခင်း ဖြစ်ထွန်းအောင်မြင်နေမှုအားကြည့်ရှုအားပေးခဲ့ပြီး စိုက်ပျိုးထုတ်လုပ် ရောင်းချမှုအခြေအနေများမေးမြန်းခဲ့ကာ သဘာဝမြေသြဇာများပိုမိုသုံးစွဲစေရေး၊ ဈေးနှုန်းသက်သာစွာရောင်းချပေးနိုင်ရေးနှင့်ပိုမိုတို့ချဲ့စိုက်ပျိုးစေရေးမှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်းတနော်မြို့နယ်၊ ဥတိုကျေးရွာရှိ ထူးထက်ဟန် ကုမ္ပဏီ အသားတိုးဝက်မွေးမြူရေးလုပ်ငန်းသို့သွားရောက်ကြည့်ရှုစစ် ဆေးခဲ့ရာ မွေးမြူရေးခြံတာဝန်ခံမှ အသားတိုးဝက်မွေးမြူရေးလုပ်ငန်းကို အလုံပိတ်လေအေးပေးစနစ်ဖြင့် မွေးမြူထားရှိမှု၊ ဆက်လက်ဆောင်ရွက်မည့်အခြေအနေများနှင့် ထုတ်လုပ်ရောင်းချမှုအခြေအနေများရှင်းလင်းတင်ပြခဲ့ပြီးနောက် အသားတိုးဝက်မွေးမြူထားရှိမှုအားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး  မွေးမြူ ရေးလုပ်ငန်းများစနစ်တကျဆောင်ရွက်ရန်၊ တိုးချဲ့မွေူးမြူရန်နှင့် ပြည်တွင်းပြည်ပဈေးကွက်တိုးချဲ့နိုင်ရေးဆောင်ရွက်ရန်၊ ဇီဝလုံခြုံရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ရန်၊ ထုတ်လုပ်မှု ကုန်ကျစရိတ်လျော့ချနိုင်ရေးအတွက် နည်းလမ်းများရှာဖွေဆောင်ရွက်ရန်နှင့် စွန့်ပစ်အညစ်အကြေး များအသုံးပြု၍ သဘာဝမြေဩစာထုတ်လုပ်နိုင်ရေးကြိုးပမ်းဆောင်ရွက်သွားရန် မှာကြား ခဲ့ပါသည်။ ထူးထက်ဟန် ကုမ္ပဏီ အသားတိုးဝက်မွေးမြူရေးလုပ်ငန်းမှ ၂၀၂၃ ခုနှစ် ဧပြီလကုန်အထိ ဝက်ပိသာချိန်ပေါင်း (၃၂၂၈၁၆)ပိသာ မွေးမြူရောင်းထုတ်နိုင်ခဲ့ပြီး လက်ရှိတွင် မွေးမြူရေးခြံ (၈)ခြံ၌ အသားတိုးဝက်ကောင်ရေ ၅၂၀၀ကို မွေးမြူထားရှိကာ ဟင်းသီးဟင်းရွက်များကိုလည်း သဘာဝမြေဩဇာများအသုံးပြုစိုက်ပျိုးထားရှိကြောင်းသိရသည်။

10-Jul-2023