နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (၈၆)ဘီလီယံဖြင့် ၂၀၂၃ခုနှစ်၊ မိုးစပါးစီမံကိန်းတွင် ပါဝင်ဆောင်ရွက်ကြမည့် ဝယ်ယူကြိတ်ခွဲ တင်ပို့သူများ၊ သွင်းအားစုကုမ္ပဏီများနှင့် တွေ့ဆုံပွဲအခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ နေ့လယ်ပိုင်းတွင် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ပြုလုပ်သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (၈၆)ဘီလီယံဖြင့် ၂၀၂၃ခုနှစ်၊ မိုးစပါးစီမံကိန်းတွင် ပါဝင်ဆောင်ရွက်ကြမည့် ဝယ်ယူကြိတ်ခွဲ တင်ပို့သူများ၊ သွင်းအားစုကုမ္ပဏီများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “၂၀၂၂-၂၀၂၃ ခုနှစ်၊ နွေစပါးစိုက်ရာသီတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (၈၆)ဘီလီယံရရှိခဲ့ပြီး နွေစပါးနှင့် ပဲတီစိမ်းစိုက်ပျိုးရန်အတွက် တောင်သူများထံသို့ သွင်းအားစုများထောက်ပံ့ပေးခဲ့ပါကြောင်း၊ သွင်းအားစုများ ထောက်ပံ့ပေးနိုင်ခဲ့သည့်အတွက် နွေစပါးနှင့်ပဲတီစိမ်းများ အထွက်နှုန်းအထိုက် အလျောက် တိုးတက်မှုများရှိခဲ့ပါကြောင်း၊ အထွက်နှုန်းများ တိုးတက်ရန်အတွက် မျိုး၊ မြေ၊ ရေ၊ နည်း စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ သွင်းအားစုများအပြည့်အဝထည့်သွင်းနိုင်ရေးအတွက် တောင်သူများလက်ဝယ် အချိန်မီရောက်ရှိစေရေးစီမံဆောင်ရွက်ကြရန်၊ ပြီးခဲ့သည့်နွေစပါးစိုက်ရာသီနိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ (၈၆)ဘီလီယံထောက်ပံ့ ဆောင်ရွက်ရာတွင်ကြုံတွေ့ရသည့်အားနည်းချက်၊ အားသာချက် များကိုနမူနာယူ၍ ယခုမိုးစပါးစီမံကိန်းတွင် ပိုမိုအောင်မြင်အောင်ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ တစ်ဧကအထွက်နှုန်းပိုမိုတိုးတက်ထွက်ရှိစေရေးနှင့် အရည်အသွေးကောင်းမွန်သည့် ဆန်စပါးများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် Contract Farming စနစ်ဖြင့် အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေး ကိုလည်းချိတ်ဆက်ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ Contract Farming စနစ်ဖြင့်အကျိုးတူပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် လာရောက်ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများကိုလည်းဖိတ်ခေါ်ပါကြောင်းနှင့် သို့မှသာ ပန်းတိုင်အထွက်နှုန်းရောက်ရှိနိုင် ရေးမြန်မြန်ထက်ထက်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ သွင်းအားစုများ တင်သွင်းသည့်ကုမ္ပဏီများ၊ တောင်သူများ များနှင့် ဝယ်ယူကြိတ်ခွဲတင်ပို့သူများအနေဖြင့်လည်း အဆင်ပြေမည်ဖြစ်ပါကြောင်း၊ စပါးအထွက်နှုန်းများ တိုးတက်စေရေးအတွက်လည်း တက်ရောက် လာသူများလည်း ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း"အဖွင့်အမှာစကားပြောကြားသည်။
ယင်းနောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ(၈၆) ဘီလီယံဖြင့် ဆောင်ရွက်သည့် လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များအားလည်းကောင်း၊ စီးပွားရေးရာဝန်ကြီးက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ(၈)ဘီလီယံနှင့် ပတ်သက်၍ လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ လည်းကောင်းအသီးသီးဆွေးနွေးခဲ့ကြသည်။
ယင်းနောက် အခမ်းအနားသို့တက်ရောက်လာသူများ၏ အထွေထွေဆွေးနွေး တင်ပြချက်များနှင့် တိုင်းဟိသဘာဝဇီဝမြေဩဇာကုမ္ပဏီမှ သဘာဝဇီဝမြေဩဇာစက်ရုံမှ သဘာဝ ဇီဝမြေဩဇာ၊ စိုက်ပျိုးမွေးမြူရေးသုံးဇီဝဖျော်ရည် ထုတ်လုပ်ဖြန့်ဖြူးမှုအခြေအနေများရှင်းလင်း တင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ဆွေးနွေးတင်ပြချက်များအပေါ်သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။