ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လုပ်ငန်းရှင်များနှင့်ပုသိမ်မြို့၌တွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လုပ်ငန်းရှင်များ တွေ့ဆုံပွဲကို ယနေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ပြုလုပ်ခဲ့ရာ တွေ့ဆုံပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များတက်ရောက်ခဲ့ကြသည်။
တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်သွင်းအားစုများ ထောက်ပံ့ခြင်း၊ ကုန်ဈေးနှုန်းကျဆင်းစေရေးနှင့်ပတ်သက်၍ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ ခြင်းဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် မြေသယံဇာတ၊ ရေသယံဇာတများနှင့် လူ့စွမ်းအားအရင်းအမြစ်များ ပေါကြွယ်ဝသည့် စိုက်ပျိုးမွေးမြူရေးတိုင်းဒေသကြီးဖြစ်ပြီး စပါး၊ ပဲ၊ နှမ်း၊ပြောင်း၊ ဟင်းသီးဟင်းရွက်စသည့် သီးနှံစုံ စိုက်ပျိုးထားရှိကာ စားသုံးဆီဖူလုံစေရေးအတွက် ဆီထွက်သီးနှံ(နေကြာ) တိုးချဲ့စိုက်ပျိုးလျက်ရှိပါကြောင်း၊ စပါးအပါအဝင်သီးနှံများ ပန်းတိုင်အထွက်နှုန်းရောက်ရှိရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြီးခဲ့သည့်နွေစပါးစိုက်ရာသီတွင် နွေစပါးနှင့်ပဲတီစိမ်း အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ(၈၆)ဘီလီယံဖြင့် သွင်းအားစုများထောက်ပံ့ပေးနိုင်ခဲ့သဖြင့် အထွက်နှုန်းတိုးတက်လာခဲ့ပါကြောင်း၊ စပါးခွံများအား သဘာဝမြေဩဇာနှင့် လောင်စာတောင့်အဖြစ် တိုးချဲ့ထုတ်လုပ်သဖြင့် မြေဩဇာလိုအပ်မှုနှင့် သစ်တောပြုန်းတီးမှုကိုလည်း လျှော့ချပေးနိုင်ခဲ့ပါကြောင်း၊ ဆန်စက်လုပ်ငန်းရှင်များ၊ တိရစ္ဆာန်အစာထုတ်လုပ်သူများ၊ မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့်လည်း တိရစ္ဆာန်အစာများ ဈေးနှုန်းသက်သာစွာထုတ်လုပ်ဖြန့်ဖြူးသုံးစွဲနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ကုန်စည်သယ်ယူပို့ဆောင်ရာတွင် သင်္ဘော၊ မီးရထားများဖြင့် ပို့ဆောင်ပါက ကုန်ကျစရိတ်သက်သာသဖြင့် တိုးမြှင့်ဆောင်ရွက်ရန်လိုပါကြောင်း၊ MSMEလုပ်ငန်းများနှင့်ပတ်သက်၍ ပြည်တွင်း၊ ပြည်ပပို့ကုန်များကို ပိုမိုထုတ်လုပ်နိုင်အောင်ဆောင်ရွက်ရန်လည်းလိုအပ်ပါကြောင်း၊ ငှက်ပျောပျော့ဖတ်၊ ငှက်ပျောလျော်၊ ငှက်ပျောချည် ထုတ်လုပ်၍ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်လျက်ရှိပါကြောင်း၊ အုန်းမှ လူသုံးကုန်နှင့် တန်ဖိုးမြင့်ပစ္စည်းများထုတ်လုပ်နိုင်ေရးဆက်လက်ဆောင်ရွက်ရန်နှင့် စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေး နိုင်ရန်ရေး” အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက လုပ်ငန်းကဏ္ဍအလိုက် တင်ပြပြီး နောက် မျိုးစေ့ထုတ်ကုမ္ပဏီများ၊ မွေးမြူရေးလုပ်ငန်းရှင်များ၊ ရေထွက်ပစ္စည်းလုပ်ငန်းရှင်များ၊ ပီလောပီနံ၊ ရာဘာ၊ ကော်ဖီစိုက်ပျိုးသူများ၊ အဓိကသီးနှံ(၁၀)မျိုးစိုက်တောင်သူများနှင့် မြေဩဇာနှင့် တိရစ္ဆာန်အစာထုတ်လုပ်သူများကလည်းကောင်း၊ စီးပွားရေးရာဝန်ကြီးကလုပ်ငန်း ကဏ္ဍအလိုက် တင်ပြပြီးနောက် ပြည်ပပို့ကုန် ကုမ္ပဏီများ၊ ဆန် ပြည်တွင်း၊ ပြည်ပပို့ ကုမ္ပဏီများ၊ ARCCI မှတ်ပုံတင်ကုမ္ပဏီများစာရင်းအား ARCCဥက္ကဋ္ဌကလည်းကောင်း၊ သယံဇာတရေးရာ ဝန်ကြီးကလုပ်ငန်းကဏ္ဍအလိုက်တင်ပြပြီးနောက် ဆားလုပ်ငန်းကလည်းကောင်း၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးက လုပ်ငန်းကဏ္ဍအလိုက်တင်ပြပြီးနောက် ငှက်ပျော ပျော့ဖတ်လုပ်ငန်းရှင်က ငှက်ပျောနှင့် ပတ်သက်၍ ငှက်ပျောပျော့ဖတ်၊ ငှက်ပျောချည်မျှင်များ ထုတ်လုပ်၍ လူသုံးကုန်ပစ္စည်းများနှင့် ငှက်ပျောဖတ်စက္ကူများထုတ်လုပ်မှု အားလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။
ယင်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာ သည့် လုပ်ငန်းရှင်များ၏ အထွေထွေဆွေးနွေးမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က စပါးအပါအဝင်စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိစေရေး၊ သွင်းအားစုများဈေးနှုန်း သက်သာစွာသုံးစွဲနိုင်ရေး သဘာဝမြေဩဇာ၊ ဇီဝမြေဩဇာများများပိုမိုထုတ်လုပ်သုံးစွဲနိုင်စေရေး၊ မွေးမြူရေးလုပ်ငန်းများ စနစ်တကျမွေးမြူနိုင်စေရေး၊ စားရေရိက္ခာဖူလုံစေရေးအတွက် စွမ်းအားပြည့်စိုက်ပျိုးမွေးမြူနိုင်စေရေး၊ ကုန်ဈေးနှုန်းကျဆင်းစေရေးကြိုးစားဆောင်ရွက်ကြရန် နှင့်လိုအပ်သည်များကိုဖြည့်စွက်ဆွေးနွေးခဲ့ပြီး တင်ပြချက်များအပေါ်သက်ဆိုင်ရာ တာဝန် ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။