တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ကုန်ဈေးနှုန်းများ တည်ငြိမ်မှန်ကန်မှုရှိရေးနှင့် ပြည်သူများ​​ စျေးရောင်း​စျေးဝယ်ပြုလုပ်​နေမှုများအား ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ်(၃)ရပ်ကွက်ရှိ မြို့သစ်ဈေးသို့သွားရောက်၍ ကုန်ဈေးနှုန်းများ တည်ငြိမ်မှန်ကန်ရှိစေရေးနှင့် ပြည်သူများ ​စျေး​​ရောင်း​စျေးဝယ်ပြုလုပ်​နေမှုအ​ခြေအ​နေများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မြို့သစ်ဈေး၌ ဆန်၊ အသား၊ ငါး၊ ပဲအမျိုးမျိုး၊ လောင်စာတောင့်၊ အ​ခြေခံစားသောက်ကုန်များ၊ ဟင်းသီး၊ ဟင်းရွက်များနှင့် လူသုံးကုန်ပစ္စည်းအမျိုးမျိုးတို့ကို ရောင်းချနေမှုနေမှုများကို ကြည့်ရှုစစ်ဆေးပြီး အဆင့်ဆင့် သယ်ယူပို့ဆောင်ရောင်းချရာတွင် ကုန်ကျသည့် ကုန်ကျစရိတ်များ၊ တစ်ဆင့်ပြန်လည်ရောင်းချလျက်ရှိသည့် ဈေးနှုန်းများအား ဈေးရောင်းချသူများနှင့် ရင်းရင်းနှီးနှီးအပြန်အလှန်​ဆွေး​နွေး​မေးမြန်းခဲ့ပြီး တိုင်း​ဒေသကြီးဝန်ကြီးချုပ်က ​စျေးအတွင်း သန့်ရှင်း​ရေးလုပ်ငန်းများ စနစ်တကျ​ဆောင်ရွက်ကြရန်၊ အပတ်စဥ်ဗုဒ္ဓဟူး​နေ့နှင့် တနင်္ဂ​နွေ​နေ့တိုင်း ပလပ်စတစ်အိတ်အသုံးမပြုရ​နေ့ သတ်မှတ်ထားရာမှ တိုးမြှင့်​နိုင်​ရေးနှင့် ကျန်းမာ​ရေးနှင့်ညီညွတ်​သော စား​သောက်ကုန်များအား ​ရောင်းချဝယ်ယူကြရန် မှာကြားခဲ့ပြီး ​စျေးအတွင်းလှည့်လည်ကြည့်ရှုစစ်​ဆေးခဲ့ကြောင်းသိရသည်။

18-Jun-2023