ဟင်္သာတမြို့‌ မြို့တော်ခန်းမ၌ ပြုလုပ်သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ငွေများအား ဟင်္သာတခရိုင်ရှိ မြို့နယ်(၃)မြို့နယ်သို့ လွှဲပြောင်းပေးအပ်ပွဲ၊ ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း၊မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေပေးအပ်ပွဲနှင့် တောင်သူများသို့ မျိုးစပါးနှင့် သွင်းအားစုများပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့‌ မြို့တော်ခန်းမ၌ ပြုလုပ်သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ငွေများအား ဟင်္သာတခရိုင်ရှိ မြို့နယ်(၃)မြို့နယ်သို့ လွှဲပြောင်းပေးအပ်ပွဲ၊ ၂၀၂၃ - ၂၀၂၄ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း၊မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေပေးအပ်ပွဲနှင့် တောင်သူများသို့ မျိုးစပါးနှင့် သွင်းအားစုများပေးအပ်ပွဲအား ဇွန်လ ၁၀ ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့် တောင်သူများတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ငွေများထုတ်ပေးရခြင်းနှင့် မိုးစပါး(၁)ဧက (၁၀)တင်းနှုန်းပိုမိုတိုးတက်ထွက်ရှိရေး၊မျိုးကောင်းမျိုးသန့်များပြောင်းလဲစိုက်ပျိုးနိုင်ရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ခေတ်မီစိုက်ပျိုးနည်းစနစ်များအသုံးပြုဆောင်ရွက်မည့်လုပ်ငန်းများအားရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တိုင်းဒေသကြီးချုပ်က“နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မျိုးစပါး၊ဓာတ်မြေဩဇာနှင့် သွင်းအားစုများထောက်ပံ့ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် နွေသီးနှံစိုက်ပျိုးရာသီတွင် နွေစပါးနှင့် ပဲတီစိမ်းစိုက်ပျိုးရန်အတွက် နိုင်ငံ့စီးပွားမြှင့်ရန်ပုံငွေ (၈၆)ဘီလီယံ ထောက်ပံ့ပေးအပ်နိုင်ခဲ့ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးရေးတိုင်းဒေသကြီးဖြစ်သော်လည်း စပါးစိုက်ပျိုးရေးနှင့်ပတ်သက်၍ ပန်းတိုင်အထွက်နှုန်း​ရောက်ရှိ​ရေးအတွက် ကြိုးစား​ဆောင်ရွက်လျှက်ရှိပြီး ယခုနှစ်တွင် မိုးစပါးတစ်ဧက(၁၀)တင်းနှုန်းပိုမိုထွက်ရှိရေးအတွက် ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်ဧကအထွက်နှုန်းပိုမိုထွက်ရှိရေးအတွက်  မျိုးကောင်းမျိုးသန့်စပါးများဖြင့် အစားထိုးစိုက်ပျိုးခြင်း၊ စိုက်ပျိုးနည်းစနစ်ပြောင်းလဲစိုက်ပျိုးခြင်းများ လုပ်ဆောင်ရမည်ဖြစ်ပြီး သို့မှသာ ပန်းတိုင်အထွက်နှုန်းသို့ ရောက်ရှိမှာဖြစ်ပါကြောင်း၊ ​မြေဆီလွှာဖွံ့ဖြိုးတိုးတက်​ရေးအတွက် ပိုက်ဆံ​လျှော်(သစ်စိမ်း​​မြေသြဇာ)ထည့်သွင်းစိုက်ပျိုးခြင်း၊ ထုံးထည့်သွင်းစိုက်ပျိုးခြင်း၊ သဘာ​ဝမြေသြဇာနှင့်ဓါတ်​မြေသြဇာများ အချိုးကျ သုံးစွဲကြရန်လို​ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအား စိုက်ပျိုးရေးစံပြတိုင်းဖြစ်ရန်အတွက် စိုက်ပျိုးရေးပညာရှင်များ၊ တောင်သူများကလည်း ပူးပေါင်းဆောင်ရွက်ရန်လိုပါကြောင်း၊ စားသုံးဆီဖူလုံစေရေးအတွက် ဆီထွက်သီး နှံ နေကြာ၊ မြေပဲ၊ နှမ်းစသည့် ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ တောင်သူများအနေဖြင့် တစ်ဧက(၁၀)တင်းနှုန်း ပိုမိုထွက်ရှိရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်နှင့် စိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားရေးအတွက် တစ်သီးမှနှစ်သီး၊ နှစ်သီးမှသုံးသီးအထိ ပိုမိုစိုက်ပျိုးပြီး စိုက်ပျိုးရေးစံပြတိုင်းဖြစ်​​‌အောင်  ဝိုင်း၀န်းကြိုးပမ်း​ ပေးကြစေလိုကြောင်း”လမ်းညွှန်အမှာစကားပြောကြားပြီး နိုင်ငံ့စီးပွားမြှင့်တင်‌ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မျိုးစပါးနှင့် သွင်းအားစုများအား ဟင်္သာတ၊ဇလွန်၊လေးမျက်နှာမြို့နယ်များမှ  တောင်သူများထံသို့လည်းကောင်း၊ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများနှင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း၊မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေများအား ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာမြို့နယ်များမှ မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများထံသို့လည်းကောင်း လွှဲပြောင်းပေးအပ်ခဲ့သည်။

ဆက်လက်၍  မျိုးစေ့ထုတ်လုပ်မှုနှင့်ပတ်သက်၍ မိုးဝဠာကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာက တင်ပြဆွေးနွေးတင်ပြပြီးနောက် ဟင်္သာတမြို့နယ် နတ်မော်ကျေးရွာ၊ဇလွန်မြို့နယ် ရွှေကျောင်းကျေးရွာ၊လေးမျက်နှာမြို့နယ် ခမောက်စုကျေးရွာတို့မှ တောင်သူများက တစ်ဧက(၁၀)တင်းနှုန်း ပိုမိုတိုးတက်ထွက်ရှိရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် လိုအပ်ချက်များကို ဆက်လက်တင်ပြဆွေးနွေးခဲ့ကြကာ ဟင်္သာတမြို့နယ် ဓမ္ဘီကျေးရွာမှ တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားပြီး တိုင်း​ဒေသကြီးဝန်ကြီးချုပ်က​ ​ဒေသခံ​တောင်သူများ၏ ဆွေး​နွေးတင်ပြချက်များအ​ပေါ် ​သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်​ဆောင်ရွက်​ပေးခဲ့​ပြီး ခင်းကျင်းပြသထားသည့် မျိုးစပါးများ၊ပဲ၊မြေဩဇာနှင့် သွင်းအားစုများအား  ကြည့်ရှုအားပေးခဲ့သည်။

10-Jun-2023