တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း စီးပွားဖြစ်အုန်းစိုက်ပျိုးထုတ်လုပ်ခြင်းနှင့် ကွင်းဆင်းသရုပ်ပြလေ့ကျင့်ခြင်းသင်တန်းတက်ရောက်နေသည့် သင်တန်းသားများနှင့်တွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီးအတွင်း အလားအလာရှိသော ထုတ်ကုန်(အုန်းသီး)တန်ဖိုးကွင်းဆက်တစ်လျှောက် အဆင့်မြှင့်တင်ထုတ်လုပ်ခြင်းစီမံကိန်း စီးပွားဖြစ်အုန်းစိုက်ပျိုးထုတ်လုပ်ခြင်းနှင့် ကွင်းဆင်းသရုပ်ပြလေ့ကျင့်ခြင်းသင်တန်း တက်ရောက်နေသည့် သင်တန်းသားများနှင့်တွေ့ဆုံပွဲအား ယနေ့နံနက်ပိုင်းက မော်လမြိုင်ကျွန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မော်ဧရာခန်းမ၌ ပြုလုပ်ခဲ့ရာ တွေ့ဆုံပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ဌာနဆိုင်ရာများနှင့် သင်တန်းသား၊သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အုန်းစိုက်ဧက၆သောင်းကျော် စိုက်ပျိုးထားရှိပြီး ကမ်းခြေဒေသများ၌ အများဆုံး စိုက်ပျိုးထားရှိပါကြောင်း၊အုန်းစိုက်ပျိုးရာမှ အုန်းသီး၊ အုန်းရည်၊ အုန်းဇံကြိုးနှင့် အုန်းခွံ လက်မှုပစ္စည်းများထုတ်လုပ်ခြင်းမှ အဆင့်မြှင့်တင်၍ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ဖွယ်ရာများ၊ လက်မှုပစ္စည်းများထုတ်လုပ်လျက်ရှိပါကြောင်း၊အုန်းစိုက်ပျိုးခြင်းအား တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်း၊ စီးပွားဖြစ်စိုက်ပျိုးခြင်းသာမက သဘာဝေးအန္တရာယ်များကိုလည်း ကာကွယ်နိုင်သဖြင့် ကမ်းခြေဒေသများတွင် တစ်အုပ်တစ်မစိုက်ခင်းများ ထူထောင်စိုက်ပျိုးသွားရမည်ဖြစ်ပါကြောင်း၊ အုန်းစိုက်ပျိုးရာတွင်လည်းလည်း မိရိုးဖ လာစိုက်ပျိုးနည်းများအပြင် ကြားမြောင်းများတွင် ငါး၊ ပုဇွန် မွေးမြူခြင်းနှင့် ကြားသီးနှံထည့်သွင်းစိုက်ပျိုးကြပါကြောင်း၊ ယခုသင်တန်း တက်ရောက်လာသည့် သင်တန်းသား၊သင်တန်းသူများကလည်း သင်တန်းမှသင်ကြားပို့ချမှုများကိုစနစ်တကျ လိုက်နာမှတ်သား၍ အုန်းစိုက်ပျိုးခြင်းအား မိရိုးဖလာစိုက်ပျိုးနည်းများအပြင် ခေတ်မီစိုက်ပျိုးနည်းစနစ်များအသုံးပြုစိုက်၍ ဖြစ်ထွန်းအောင်မြင်အောင်စိုက်ပျိုးကြစေရေးနှင့် အုန်းသီး တန်ဖိုးကွင်းဆက်တစ်လျှောက် အဆင့်မြှင့်တင်ထုတ်လုပ်ခြင်းများအား အောင်မြင်အောင်ဆောင်ရွက်စေရေး”အမှာစကားပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားများ ပြောကြားခဲ့ပြီး အုန်းသီးဖြင့်ပြုလုပ်ထားသည့် လူသုံးကုန် ၊ အလှကုန်ပစ္စည်းများ၊လက်မှုပစ္စည်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မော်လမြိုင်ကျွန်းမြို့နယ်၊ကညင်ချောင်းလေးကျေးရွာရှိ ဒေါ်တိုးတိုးလွင်၏ အုန်းသီးသရုပ်ပြစိုက်ခင်းအား သင်တန်းသား၊ သင်တန်းသူများ နှင့်အတူ ကွင်းဆင်းလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကညင်ချောင်းလေးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းသို့ သွားရောက်၍ ဆရာ၊ဆရာများနှင့်တွေ့ဆုံခဲ့ပြီး ဆရာ၊ဆရာမများက ကျောင်းတွင်းလိုအပ်ချက်များကို တင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
အဆိုပါ အလားအလာရှိသော ထုတ်ကုန်(အုန်းသီး)တန်ဖိုးကွင်းဆက်တစ်လျှောက် အဆင့်မြှင့်တင်ထုတ်လုပ်ခြင်းစီမံကိန်း စီးပွားဖြစ်အုန်းစိုက်ပျိုးထုတ်လုပ်ခြင်းနှင့် ကွင်းဆင်းသရုပ်ပြလေ့ကျင့်ခြင်းသင်တန်းအား ယခုလ ၈ရက်နေ့မှ ၁၀ရက်နေ့အထိပြုလုပ်သွားမှာဖြစ်ပြီး သင်သန်းသား၊သင်တန်းသူ (၃၀)ဦးတက်ရောက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီးအတွင်း အလားအလာရှိသောထုတ်ကုန်(အုန်းသီး) တန်ဖိုးကွင်းဆက်တစ်လျှောက် အဆင့်မြှင့်တင်ထုတ်လုပ်ခြင်းစီမံကိန်း စီးပွားဖြစ်အုန်းစိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်းများ အောင်မြင်စေရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။