ကျောင်းကုန်းမြို့ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ (၃၈ပေ×၁၃၀ပေ) (၃၂) ကုတင်ဆံ့ RC တိုးချဲ့နှစ်ထပ်ဆောင်အား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံဝန်းကြီး အတွင်း၌ အလှူရှင်ဦးကြည်လွင်+ဒေါ်သီသီဆန်း မိသားစုနှင့် မိတ်ဆွေများစုပေါင်းလှူဒါန်းသော ၃၈ပေ×၁၃၀ပေ(၃၂)ကုတင်ဆံ့RCတိုးချဲ့နှစ်ထပ်ဆောင် “ဦးတွမ်ကြီး+ဒေါ်ကျင်ရှိန်”ဆောင် ဖွင့်ပွဲအခမ်းအနားအား အဆိုပါဆေးရုံဝန်းအတွင်း၌ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် အလှူရှင်မိသားစုများတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့် အလှူရှင်မိသားစုတို့က ( ၃၈ပေ ×၁၃၀ပေ) (၃၂)ကုတင်ဆံ့ RC တိုးချဲ့နှစ်ထပ်ဆောင် “ဦးတွမ်ကြီး+ဒေါ်ကျင်ရှိန်”ဆောင်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များပက်ဖျန်းပေးခဲ့ပြီး  စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကာ (၃၂)ကုတင်ဆံ့ RC တိုးချဲ့နှစ်ထပ်ဆောင်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက်  (၃၂)ကုတင်ဆံ့ (RC) တိုးချဲ့လူနာဆောင် “ ဦးတွမ်ကြီး + ဒေါ်ကျင်ရှိန်ဆောင်” လွှဲပြောင်းပေးအပ်ခြင်းနှင့် အလှူငွပေးအပ်သည့် အခမ်းအနားအားဆက်လက်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ကိုဗစ်-၁၉ ရောဂါတတိယလှိုင်း ပြင်းထန်စွာဖြစ်ပွားနေစဉ် ကာလအတွင်း ဒေသခံပြည်သူများက ပြည်သူ့ဆေးရုံကြီးအား အားကိုးအားထားပြု၍ လာရောက် ဆေးကုသမှုခံယူကြသည်ကိုတွေ့ရှိရပါကြောင်း၊ ဆေးရုံဝန်ထမ်းများ၏ စေတနာထား၍ ကျန်းမာ ရေးစောင့်ရှောက်ပေးမှုများကြောင့် ပြည်သူများကယုံကြည်အားကိုးကြခြင်းဖြစ်ပါကြောင်း၊ ဆေးရုံကြီး၌ လူနာဆောင်လိုအပ်ချက်များလည်း ရှိနေသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ အလှူရှင်မိသားစုနှင့် ဒေသခံပြည်သူများဝိုင်းဝန်းလှူဒါန်းမှုကြောင့် RC နှစ်ထပ်လူနာဆောင်သစ် ပေါ်ထွန်းလာခဲ့ပါကြောင်းနှင့် ဒေသခံပြည်သူများအတွက်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အပြည့်အဝပေးနိုင်တော့မှာဖြစ်ပါကြောင်း၊ ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်ရှိနေသည့် နေရာများကိုလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အလှူရှင်များ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်းဖြည့်ဆည်းဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း” ပြောကြားသည်။

ဆက်လက်၍ အလှူရှင်ဦးကြည်လွင်က (၃၂) ကုတင်ဆံ့ RC တိုးချဲ့နှစ်ထပ်ဆောင် “ဦးတွမ်ကြီး+ဒေါ်ကျင်ရှိန်” ဆောင်နှင့် အလှူငွေများလှူဒါန်းရခြင်း အကြောင်းတို့ကိုရှင်းလင်း ပြောကြားပြီး အဆောက်အဦနှင့်ပတ်သက်သော လှူဒါန်းမှူမှတ်တမ်း များအား ကျောင်းကုန်းမြို့နယ်ပြည်သူ့ဆေးရုံမှ မြို့နယ်ကုသရေးဦးစီးဌာနမှူးထံသို့ လွှဲပြောင်း ပေးအပ်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူးက အလှူရှင် ဦးကြည်လွင်+ဒေါ်သီသီဆန်း မိသားစုအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များအား ဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်များပေးအပ်ခဲ့သည်။

06-Jun-2023