တိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြမြို့၊သူနာပြုသင်တန်းကျောင်း၌ ပြုလုပ်သည့် ဂျုတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်းအခမ်အနားသို့တက်ရောက်

တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ မြောင်းမြမြို့၊သူနာပြုသင်တန်းကျောင်း၌ ပြုလုပ်သည့် ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်း အခမ်အနားများသို့တက်ရောက်၍“ကျန်းမာရေးဝန်ထမ်းများ အနေဖြင့် ကိုဗစ်-၁၉ရောဂါတတိယလှိုင်း ဖြစ်ပွားနေစဉ်ကာလအတွင်း မိမိအသက်ကိုပဓာနမထားဘဲ ကျန်းမာရေး လုပ်ငန်းများကို ရှေ့တန်း ကျကျဆောင်ရွက်ခဲ့သည်ကို အသိအမှတ်ပြုဂုဏ်ပြုပါကြောင်း၊ ကျန်းမာရေးကဏ္ဍတွင် လူ့စွမ်းအား အရင်းအမြစ်များအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် သင်တန်းကျောင်းများ ဖွင့်လှစ်၍ သူနာပြုနှင့်သားဖွားများ မွေးထုတ်ပေးလျက်ရှိပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများသည် ဝါသနာအရင်းခံပြီးကိုယ်ချင်းစာတရား ထားကာ လူနာများကို ပြုစုစောင့်ရှောက်ကြရမှာဖြစ်ပါကြောင်း၊သင်တန်းသား၊သင်တန်းသူများသည် အပ်နှင်းခြင်း ခံရသည့်ဂျုတီကုတ်နှင့် ဦးဆောင်းတို့အား လေးစားတန်ဖိုးထားပြီးမိမိတို့၏ လုပ်ငန်းတာဝန်များ ကျေပွန်စွာ ထမ်းဆောင်ကြရမှာဖြစ်ပါကြောင်း၊ သင်တန်းသားသင်တန်းသူများအနေဖြင့် မည်သည့်အခြေနေတွင်မဆို မိမိတို့၏ သူနာပြုသစ္စာဓိဌာန်နှင့် လုပ်ငန်းတာဝန်များအား ကျေပွန်စွာဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးတွင် ကျေးလက်ဒေသများအထိ ကျန်းမာရေးစောင့်ရှောက်မှုများလွှမ်းခြုံနိုင်စေရေး ကြိုးစားဆောင်ရွက်နေပါကြောင်း၊ သင်တန်း ကာလအတွင်း သင်ကြားရေးဆိုင်ရာများ၊ နေထိုင်စားသောက်ရေး ကိစ္စများကိုလည်း သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ဆောင်ရွက်ပြီး ထောက်ပံ့မှုများဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သင်တန်းပြီးဆုံးပြီး မိမိတာဝန်ကျရာဒေသများရှိ ပြည်သူများ၏ ကျန်းမာရေး ကိစ္စရပ်များကို ကူညီစောင့်ရှောက် ပေးကြရန်”ပြောကြားသည်။
ဆက်လက်၍ တာဝန်ရှိသူများနှင့် သူနာပြုသင်တန်းကျောင်းမှ တာဝန်ရှိသူများနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာမှ တာဝန်ရှိသူများကသင်တန်းသား၊သင်တန်းသူများအား ဦးဆောင်းများအပ်နှင်းခဲ့ပြီးနောက် သင်တန်းသား၊သင်တန်းသူများက သူနာပြုသစ္စာအဓိဋ္ဌာန်များရွတ်ဆိုခဲ့ကြသည်။ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ဆုများချီးမြှင့်ခဲ့ပြီး သူနာပြုသင်တန်းကျောင်းအတွက် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ရာ မြောင်းမြမြို့၊သူနာပြုသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့သည်။