တိုင်းဒေသကြီးဝန်ကြီးချုပ် ဘိုကလေးပညာရေးကောလိပ် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း PPTT (၉/၂၀၂၃) သင်တန်းသား၊သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနား တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘိုကလေးပညာရေးကောလိပ်၊ ပညာဂုဏ်ရည်ခန်းမ၌ပြုလုပ်သည့်  လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်းPPTT(၉/၂၀၂၃)သင်တန်းသား၊သင်တန်းသူများအားကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ရာ သင်တန်းသား/သင်တန်းသူများက ဘိုကလေးပညာရေး ဒီဂရီကောလိပ်သီချင်းဖြင့်သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ ဘွဲရများအားလုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်းများဖွင့်လှစ်​ပေးခြင်းဖြစ်ပါ​ကြောင်း၊ သင်တန်းသား၊သင်တန်းသူများအနေဖြင့် သင်တန်းဆင်းသည့်အခါ ဧရာဝတီတိုင်းဒေသကြီး၏ ဆရာ၊ ဆရာမလိုအပ်ချက် ကွက်လပ်များကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်စေရေးအတွက်လည်း ယခင်နှစ်ပညာသင်နှစ်မှစ၍ တွန်းအားပေးဆောင်ရွက်ခဲ့ပါကြောင်း၊ ဆရာ၊ဆရာမများအနေဖြင့် မိမိတို့တာဝန်ကျရာဒေသ ကျောင်းများသို့ ရောက်ရှိတာဝန်ထမ်းဆောင်သည့်အခါ ကျောင်းသား၊ကျောင်းသူများ၏ စစ်တမ်းများအား စနစ်တကျ ကောက်ယူ၍ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်စေရေး ဝိုင်းဝန်းအသိပညာပေးဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ ဆရာ၊ဆရာမများသည် ကျောင်းသား၊ကျောင်းသူများ၏ စံနမူနာပြဖြစ်သဖြင့် ဝတ်စားဆင်ယင်မှုကိုလည်း ဂရုပြုဝတ်စားဆင်ယင်ရန်လိုပါကြောင်း၊ တပည့်များ၏ စွမ်းရည်သတ္တိနှင့် ကိုယ်ရည်ကိုယ်သွေးများအား မြင့်သထက်မြင့်အောင်မြှင့်တင်ပေးသူများမှာ ဆရာ၊ဆရာမများပင်ဖြစ်ပါကြောင်း၊အတန်းပညာရှိမှ အတတ်ပညာရရှိမှာဖြစ်ပါကြောင်း၊အတန်းစဉ်ကူးပြောင်းရေးကို ဆရာ၊ဆရာမများအနေဖြင့် ဂရုစိုက်ဆောင်ရွက်ပေးကြစေလိုကြောင်း”ပြောကြားပြီး သင်တန်းသား၊သင်တန်းသူများအတွက် ထောက်ပံ့ငွေများကိုပေးအပ်ရာ ဘိုကလေးပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်အား သင်တန်းသား၊သင်တန်းသူများက မြို့နယ်အလိုက် သင်တန်း တက်ရောက်သူများနှင့် မိတ်ဆက်ပေးခဲ့သည်။ ဘိုကလေးပညာရေးကောလိပ်၊ပညာဂုဏ်ရည်ခန်းမ၌ပြုလုပ်သည့်  လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်းPPTT(၉/၂၀၂၃)တွင် သင်တန်းသားသင်တန်းသူ ၇၄၇ဦးတက်ရောက်လျက်ရှိကြောင်းသိရသည်။

05-Jun-2023