တိုင်းဒေသကြီးဝန်ကြီးချုပ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားအား တက်ရောက်

တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပုသိမ်မြို့၊ဧရာရွှေဝါခန်းမ၌ ပြုလုပ်သည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အခမ်းအနားသို့တက်ရောက်၍“၂၀၂၃ခုနှစ်၊ယနေ့တွင်ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ်မှာ “ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့”ဖြစ်ပါကြောင်း၊ပလတ်စတစ်ညစ်ညမ်းမှုအန္တရာယ်သည် သိသာထင်ရှားသည့် သာမက ပလတ်စတစ်ကြောင့် ဖြစ်ပေါ်လာသည့် ကျန်းမာရေး၊ စီးပွားရေးနှင့်ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုတွေကို လျစ်လျူရှု၍ မရသလိုပလတ်စတစ်ညစ်ညမ်းမှုကို တိုက်ဖျက်ရာတွင်လည်း အကောင်းဆုံးသော နည်းလမ်းများဖြင့် ဝိုင်းဝန်းအဖြေရှာကြရန်နှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ကြဖို့ ရည်ရွယ်ပြီး ယခုလို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ကျင်းပရခြင်းပဲ ဖြစ်ပါကြောင်း၊ ကမ္ဘာတစ်ဝှမ်းတွင် နှစ်စဉ် ပလတ်စတစ်တန်ချိန် သန်း ၄၀၀ ကျော်ထုတ်လုပ်လျက်ရှိပြီး ရေကန်များ၊ မြစ်ချောင်းများနှင့် ပင်လယ်သမုဒ္ဒရာများအတွင်းသို့ ပလတ်စတစ်တန်ချိန်ပေါင်း ၁၉ သန်းခန့်မှ ၂၃ သန်းခန့်အထိ ရောက်ရှိလျက်ရှိကာ အချင်း ၅ မီလီမီတာအထိရှိသည့်ပလတ်စတစ် အမှုန်အမွှားများကို အစားအစာ၊ ရေနှင့် လေထဲတွင် တွေ့ရှိရပါကြောင်း၊ တစ်ခါသုံးပလတ်စတစ်များကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုသည်လည်း တစ်နေ့ထက်တစ်နေ့တိုးပွားလာသည်မှာ အကြောင်းအရင်းတစ်ခုဖြစ်ပါကြောင်း၊ ပလတ်စတစ်ညစ်ညမ်းမှုကို ဖြေရှင်းမည်ဆိုပါက မိမိကစပြီးငြင်းဆိုရန်၊ အစားထိုးရန်၊ပြုပြင်ပြီးပြန်သုံးရန် အလေ့အကျင့်ကောင်းများဖြင့် ယနေ့မချိန်မှစ၍ လိုက်နာဆောင်ရွက်သင့်ပါကြောင်း၊ ယနေ့ကျင်းပတဲ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက သတ်မှတ်ထားတဲ့စည်းကမ်းချက်များအပေါ် လိုက်နာဆောင်ရွက်ကြသည့် လုပ်ငန်းစီမံကိန်းများကို ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော လုပ်ငန်းဆု၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သောနေရာဒေသဆုနှင့် သန့်ရှင်း၍ စိမ်းလန်းစိုပြေသောကျောင်းဆုများ ပေးအပ်ချီးမြှင့်သွားမှာဖြစ်ပါကြောင်း၊ သန့်ရှင်းသော ကမ္ဘာမြေကြီးကို ဖန်တီးတည်ဆောက်နိုင်ရန်အတွက် ပလတ်စတစ်ပစ္စည်းများကို လျှော့ချသုံးစွဲခြင်းဟာ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုကို ကာကွယ်ထိန်းသိမ်းနိုင်သည့်အပြင် သက်ရှိတို့၏ ဂေဟစနစ်များနှင့် လူသားတို့၏ ကျန်းမာရေးကိုပါ ကာကွယ်စောင့်ရှောက်နိုင်‌သောကြောင့် ကမ္ဘာပေါ်ရှိ လူသားအားလုံးတို့က ပလတ်စတစ်ညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာရသည့် သက်ရောက်မှုများကို လျစ်လျူရှုမထားဘဲ မှန်ကန်ခိုင်မာပြီး ထိရောက်စေသည့် အဖြေများကို ဝိုင်းဝန်း ပူးပေါင်းရှာဖွေကြရန် လိုအပ်သည်ဖြစ်ရာ “ ပလတ်စတစ်ညစ်ညမ်းမှုကို တိုက်ဖျက်ဖို့ပူးပေါင်း ဖြေရှင်းဆောင်ရွက်ကြပါစို့” ဟု တိုက်တွန်း ပြောကြားလိုပါကြောင်း”အမှာစကားများပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဧည့်ပရိသတ်များသည် ၂၀၂၃ခုနှစ်၊ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းမ်းအမှတ် သဝဏ်လွှာဗီဒီယိုနှင့် အသိပညာပေးဗီဒီယိုပြသမှုများကိုကြည့်ရှုအားပေးသည်။ ယင်းနောက် တိုင်းဒေသကြီးနှင့် ပြည်ထောင်စုအဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော စက်ရုံ၊အလုပ်ရုံ၊လုပ်ငန်းဆုရရှိသည့် Global Earth Agro & Aqua Industry Public ကုမ္ပဏီလိမိတက်၏ ဗီဒီယိုအားလည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်ထောင်စုအဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော နေရာဒေသဆုရရှိခဲ့သည့် မရဲ့အုန်းပင်စုကျေးရွာ၏ ဗီဒီယိုအားကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တိုင်းဒေသကြီးအဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော စက်ရုံ၊အလုပ်ရုံ၊လုပ်ငန်းဆုပထမဆု နှင့် နှစ်သိမ့်ဆုနှင့် တိုင်းဒေသကြီးအဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော နေရာဒေသဆု ပထမဆုနှင့် နှစ်သိမ့်ဆုများအားလည်ကောင်း၊ အမျိုးသားအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း ပထမဆုရရှိသည့် အခြေခံပညာအထက်တန်းကျောင်း(ဒေါင့်ကွေး)၏ ဗီဒီယိုများအား ပြသပြီးနောက် တိုင်းဒေသကြီးအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆု(Regional Clean and Green School Award) နှင့် အလွတ်တန်းဆောင်းပါးဂုဏ်ပြုဆုများကို တိုင်းမှူးနှင့် ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ သယံဇာတရေးရာဝန်ကြီးတို့က  အသီးသီးဆုများချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကာ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ်ပြသထားသော ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

05-Jun-2023