ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး ဘောလုံးအသင်း အား အောင်နိုင်ရေးအလံပေးအပ်ပွဲကို ဆက်လက်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူ များ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အသင်းအုပ်ချုပ်သူ၊ နည်းပြများ နှင့် အားကစားသမားများက တစ်ဦးချင်းမိတ်ဆက်ပြီး အသင်းအုပ်ချုပ်သူမှ ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ တိုင်းဒေသကြီးအနေဖြင့် ဘောလုံးအားကစားနည်းတွင် ယခုနှစ်ပိုင်းများ၌ အောင်မြင်မှုများ ရရှိလာပြီဖြစ်ကြောင်း၊ ခရိုင်အလိုက်ပြိုင်ပွဲများကျင်းပ၍ ရွေးချယ်ထားသူများ ဖြစ်ပြီး တိုင်းဒေသကြီးကိုယ်စားပြုအနေဖြင့် အောင်မြင်မှုများရရှိမည်ဟု ယုံကြည်ပါကြောင်း၊ အသင်းအုပ်ချုပ်သူ၊ နည်းပြများ၏ သွန်သင်ဆုံးမမှုများကို လေးစားလိုက်နာပြီး ကြိုးစား ဆောင်ရွက်ရန်လိုပါကြောင်း၊ ဘောလုံးအားကစားသည် အမျိုးသားရေးစိတ်ဓာတ် တက်ကြွ စေသည့် အားကစားနည်းဖြစ်ပါကြောင်း၊ အားကစားသမားပီသစွာ အနိုင်မခံအရှုံးမပေး စိတ်ဓာတ်ဖြင့် ကြိုးစားယှဉ်ပြိုင်ကစားကြရန်လိုပါကြောင်း၊ ကျန်းမာရေးအား ဂရုစိုက်နေထိုင် ကြရန်လည်းလိုပါကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ဘောလုံးအသင်း အား မိမိအနေဖြင့်လွန်စွာ အားထားပါကြောင်းနှင့် အောင်မြင်မှုသရဖူများ ရရှိပါစေကြောင်း”ပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံး အသင်းမှ တာဝန်ရှိသူများထံသို့ အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။