ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၂/၂၀၂၃)ကြိမ်မြောက် အစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၂/၂၀၂၃)ကြိမ်မြောက်အစည်းအဝေးအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ယနေ့မွန်းလွဲပိုင်းက ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံ မှုကော်မတီမှ အတည်ပြုမိန့်ပေးအပ်ပြီး ဖြစ်သော လုပ်ငန်းများမှ ပြင်ဆင်ဆောင်ရွက်လိုသောကိစ္စများ၊ ထပ်မံသက်တမ်းတိုးလိုသော လုပ်ငန်းကိစ္စများအား ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအနေဖြင့် လုပ်ငန်းများတိုးတက်မှုရှိရန်လိုပါကြောင်း၊ တိုင်းဒေသကြီးရင်းနှီးမြုပ်နှံမှုကော်မတီအနေဖြင့် တိုင်းဒေသကြီးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန်အတွက် အမှန်တကယ် လုပ်ဆောင်သည့် လုပ်ငန်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ကူညီဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း”ပြောကြား သည်။
ဆက်လက်၍ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအတွင်းရေးမှူးက တိုင်းဒေသကြီး အတွင်းရှိ ရင်းနှီးမြုပ်နှံရေးလုပ်ငန်းများ၏ လုပ်ငန်းပြင်ဆင်ဆောင်ရွက်လိုသည့်ကိစ္စရပ်များ၊ လုပ်ငန်းအမျိုးအစားပြောင်းလဲခွင့်ကိစ္စရပ်များနှင့် ထပ်မံသက်တမ်းတိုးလိုသည့်ကိစ္စရပ်များအား ဆွေးနွေးတင်ပြခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များ၏ အထွေထွေ ဆွေးနွေးတင်ပြချက်များနှင့် ကုမ္ပဏီများ၏ လျှောက်ထားတင်ပြမှုများအပေါ် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကော်မတီအဖွဲ့ဝင်များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။