စိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်းဆောင်(စက္ကော့)လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်းဆောင်(စက္ကော့)လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းရှေ့၌ပြုလုပ်ခဲ့ရာ လျှပ်စစ်မီးဖွင့်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ ဆရာ၊ဆရာမများတက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်းဆောင် လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားအား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လျှပ်စစ်မီးအား မီးခလုပ်နှိပ်ဖွင့်လှစ်ပေးကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် စာသင်ဆောင်များအား ကြည့်ရှုစစ်ဆေးကာ စိုက်ပျိုးရေးနှင့်မွေးမြူရေး အထက်တန်းကျောင်း တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအတွက် နိုင်ငံတော်မှ အခမဲ့ထောက်ပံ့သည့် ကျောင်းသုံးပုံနှိပ်စာအုပ်များအား ကျောင်းသား၊ကျောင်းသူများထံသို့ ပေးအပ်ခဲ့ပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။