ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)၏ (၁၃)ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း တက်ရောက်ချီးမြှင့်

ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)၏ (၁၃)ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားအား ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌  ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ကွန်ပျူတာတက္ကသိုလ် ဒုတိယပါမောက္ခချုပ်နှင့် ဆရာ၊ဆရာမများ၊ဘွဲ့ရ မောင်၊မယ်များနှင့်မိဘများ တက်ရောက်ခဲ့ကြသည်။

ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)၏ (၁၃)ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ နိုင်ငံတော်အတွက်၊ မိမိဒေသအတွက်၊ မိမိတို့၏မိသားစုအတွက်ပါ ဝမ်းမြောက်ဂုဏ်ယူရမည့်နေ့တစ်နေ့ ဖြစ်ပါကြောင်း၊ နိုင်ငံ့အကျိုး၊တိုင်းဒေသကြီးအကျိုး သယ်ပိုးဆောင်ရွက်ကြမည့်  မောင်တို့မယ်တို့သည် ကျောင်းတော်ကြီးမှ သင်ကြားပေးလိုက်သည့် ပညာရပ်များအားအခြေခံပြီး လက်​တွေ့လုပ်ငန်းခွင်သို့ဝင်​ရောက်ကြရ​တော့မှာဖြစ်ပါ​ကြောင်း၊ ကဏ္ဍအသီးသီးတွင် ထူးချွန်သူများဖြစ်ကြပါ​စေ​ကြောင်း​" ဂုဏ်ပြုအမှာစကားများ ပြောကြားခဲ့ပြီး ဂုဏ်ပြု​ချီးမြှင့်ငွေများကို ပေးအပ်ရာ ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)မှ ဒုတိယပါမောက္ခချုပ်က လက်ခံရယူ၍ ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့သည်။

ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)၏ (၁၃)ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနား၌ မဟာကွန်ပျူတာသိပ္ပံဘွဲ့M.C.Sc(၃)ဦး၊ကွန်ပျူတာသိပ္ပံဘွဲ့ B.C.Sc(၄၈)ဦး၊ကွန်ပျူတာနည်းပညာဘွဲ့B.C.Tech(၅)ဦး၊စုစုပေါင်း(၅၆)ဦးအား ဘွဲ့များအပ်နှင်း​ပေးခဲ့ကြောင်းသိရသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဝါးခယ်မမြို့နယ်၊ရေလိန်ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းသို့သွားရောက်၍ ဆရာ၊ဆရာမများနှင့်တွေ့ဆုံ၍ ကျောင်းအပ်လက်ခံမှုအခြေအနေများအား မေးမြန်းခဲ့ပြီး ကျောင်းတက်ရမည့်အရွယ်တိုင်း ကျောင်းအပ်နှံတက်ရောက်စေရေး ကြိုးစားဆောင်ရွက်ပေးကြရန်မှာကြားခဲ့ပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။ ယင်းနောက် ရေလိန်ကျေးရွာ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ဧက (၁၀၀) စိုက်ခင်းအားကြည့်ရှု အားပေးခဲ့ပြီး တိုးချဲ့စိုက်ပျိုးနိုင်ရေးလမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဝါးခယ်မြို့နယ်၊အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ဆရာ၊ဆရာများနှင့်တွေ့ဆုံခဲ့ကာ ကျောင်းနေအရွယ်ကလေးတိုင်းကျောင်းတက်ရောက်နိုင်စေရေး၊ အခြေခံပညာကျောင်းများကျောင်းဖွင့် အချိန်မီ သန့်ရှင်းသာယာစေရေး၊ ကျေင်းဥပဓိရုပ်ကောင်းမွန်စေရေးတို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အစောပိုင်းကာလများကပင်တွန်းအားပေးဆောင်ရွက်ခဲ့ပါကြောင်း၊ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်စေရေးအတွက် မိဘ၊ဆရာပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက် နိုင်ရေးနှင့် အတန်းစဉ်ကူးပြောင်းရေး၊ အနိမ့်ဆုံး အလယ်တန်းအဆင့် KG+9 ပြီးမြောက်စေရန်အတွက် ကြိုးပမ်း ဆောင်ရွက်ကြရမှာဖြစ်ပြီး ယခုပညာသင်နှစ်တွင် စတင်ဖွင့်လှစ်မည့် စက်မှု၊ စိုက်ပျိုး‌‌ ရေး၊ မွေးမြူရေး အထက်ကျောင်းများတွင် မိမိတို့ဝါသနာဘာသာရပ်များကို ဆက်လက်လေ့လာသင်ယူနိုင်ကြမှာဖြစ်ပါကြောင်း၊ အတန်းပညာရှိမှ အတတ်ပညာရရှိမှာဖြစ်ပါကြောင်းနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်အားပညာရေးဖြင့်တည်ဆောက်ရမည်ဖြစ်၍ ကျောင်းနေအရွယ်ကလေးများအားလုံးကျောင်းအပ်နှံတက်ရောက်စေရေးဝိုင်းဝန်းဆောင်ရွက်ကြရန် ”ပြောကြား၍ ထောက်ပံ့ငွေများနှင့် စာရေးကိရိယာပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မော်လမြိုင်ကျွန်းမြို့နယ်၊ ကျိုက်ပိအခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းဆောင်သစ်ဆောက်လုပ်နေမှုနှင့် ကျောင်းအပ်နှံတက်ရောက်နေ မှုအခြေအနေများအား ကြည့်ရှုစစ်ဆေး‌ မေးမြန်းခဲ့ပြီး ကျောင်းဆောင်သစ်အချိန်မီပြီးစီးစေရေးနှင့် ကျောင်းနေအရွယ်ကလေးတိုင်းကျောင်းတက်ရောက်နိုင်စေရေးမှာကြားခဲ့ကာထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

28-May-2023